Part-8

231 23 5
                                    

Jinတစ်ယောက်လုပ်စရာရှိတာလုပ်နေတုန်း
ဆိုင်တံခါးဖွင့်သံကြား၍ ကြည့်လိုက်တော့ Taehyung
ဖြစ်လို့နေသည်။Taehyungသည် သူကြိတ်သဘောကျ
ရသောကောင်လေး..အသံခပ်အုပ်အုပ်လေးတွေ..
သူငယ်ချင်းကိုဂရုစိုက်တတ်တာလေးတွေ..
လေးထောင့်ဆန်တဲ့အပြုံးလှလှလေးတွေ..
ဒါပါပဲ..jinဟာ ဆိုင်ထဲမှာပဲအနေများပြီး အပြင်သိပ်
မထွက်တတ်သူမလို့ အပြင်လောကက အကြောင်းအရာတွေ သူသိပ်မသိ..ဂရုလည်းမစိုက်တတ်ပါ..။
Taehyungဟာ ဘယ်ကမှန်းလည်းမသိ..
တက္ကသိုလ်ကျောင်းသားမှန်းတော့ ဝတ်ပုံစားပုံတွေအရ
သိပါသည်..တစ်ခြား Taehyungနဲ့ပတ်သက်လို့ ဘာတစ်ခုမှထပ်မသိတော့..။သူသိသည်က ဆိုင်ထဲကိုဝင်လာတိုင်း
အပြုံးချိုချိုလေးတွေ နဲ့ စကားပြောမယ်..
သူငယ်ချင်းကိုသိပ် ဂရုစိုက်တတ်သည့်ကောင်လေးကို
သူသဘောကျသည်..ချစ်သည်မဟုတ်..သဘောကျရုံသာ။

  "Taehyung"

ခေါ်လိုက်တော့ သူ့မူလေးအတိုင်း လေးထောင့်ဆန်သည့်
အပြုံးလေးများ ထွက်ပေါ်လာသည်။ထိုစဥ်
ခေါ်သံတစ်ခုကြားလိုက်ရသည်။

"ဩ ထယ်ထယ် ငါဒီမှာ"

အခန်းကိစ္စပြောမလို့ လုပ်တုန်း
jiminလက်ပြကာ နှုတ်ဆက်လိုက်ဘက်ကို လှည့်ကြည့်လိုက်တော့...
ဟိုတစ်နေ့က hyungနဲ့တူတူတွဲတွေ့ခဲ့တာ 
taehyungဆိုသူပဲ.........

Taehyungသည် jinထံ လာဟန်ပြင်စဥ်
jiminအသံကြားလိုက်ရသည်ကြောင့် ခနနော်ဟု
ပါးစပ်လှုပ်ရုံပြောကာ ထွက်သွားလေပြီ။

"အော jimin မင်းဒီကိုဘယ်လိုရောက်လာတာလဲ"

"jungkookနဲ့အတူလာတာလေ။သူစိတ်မကြည်နေလို့"

အမှန်တော့ ဒေါသသည် ခုနကမှတစ်ဝက်လောက်ပြေ
သွားပြီဖြစ်သော်လည်း လူကိုအရှေ့ထားပြီး
အတင်းပြောနေသော ၂ယောက်သည် မျက်နှာပြောင်
တိုက်လွန်းသည်။

စိတ်ညစ်စရာပဲ!!!

"ငါ jin hyungကိုလည်းခေါ်လိုက်မယ်လေ။စကားမပြောတာကြာလှပြီ။"

"အင်းခေါ်လိုက်လေ ။ ဒါနဲ့ ထယ်ထယ် မေမေ့ကိုပြောလိုက်
ဦးနော် ငါနောက်ညတွေကျ အိမ်ကိုခနခနလာလို့မရတော့
ဘူးလို့"

Forever Together Where stories live. Discover now