Unicode
********ခပ်တိုးတိုးရှိုက်သံလေးဖြင့်မခေါ်သွားပါနဲ့ ရယ်
လို့တိုးလျှိုတောင်းပန်သံလေးတွေကအလုံပိတ်
သေတ္တာလေးထဲကပင်..။ သူတို့လိုကလေး
လေးတွေအများကြီးကို မှောင်မဲအေးစက်နေ
တဲ့သေတ္တာကြီးထဲထည့်ပြီး ဘယ်ကိုခေါ်သွား
ကြမှာလဲသူတို့မသိပေ..။အစာရေဆာသေချာမစားရသလို သူ့ရဲ့အဝါ
ရောင်အင်္ကျီအသစ်ကလေးကလည်း ညစ်ပတ်
ေနခဲ့ပြီ....။ သူဖွားဖွားကိုလွမ်းသည်... ဖွားဖွား
ရှိတဲ့အိမ်ကိုပြန်ချင်ပြီ....။ သူအိမ်ပြန်ချင်လွန်း
တာမို့ ပေါင်မုန့်ကြမ်းကြီးတွေလာကျွေးတဲ့လူ
ကြီးတွေသတိမထားမိကြခင် ခပ်ဟဟပွင့်နေတဲ့သေတ္တာကြီးထဲကခြေထောက်တိုတိုလေးတွေဖြင့်ထွက်ပြေးခဲ့သည် ။သူထွက်ပြေးနေစဥ်မြင်လိုက်ရသည့် အနက်
ရောင်အင်္ကျီနဲ့ ဘောင်းဘီရှည်ဝတ်ထားတဲ့
အကိုကြီးတစ်ယောက်က သူ့မျက်လုံးထဲမှာ
ထူးထူးခြားခြားဖြစ်တည်မှုလေးဖြစ်ခဲ့သည် ။
လက်နှစ်ဖက်လုံးကိုဘောင်းဘီအိတ်ကပ်ထဲ
ထည့်ထားတဲ့ အကိုကြီးက သူ့ကိုကယ်နိုင်
ကောင်းပါရဲ့ လို့တွေးမိကာအနောက်ကနေ
ပြေးဖက်ပစ်ခဲ့သည် ။သို့သော်ငြား သူ့အရပ်လေးကတော်တော်ကြီး
ကို တိုပုံရသည် ။ အကိုကြီး ရဲ့ခြေထောက်
တွေကိုဘဲဖက်လိုက်နိုင်ခဲ့တယ် ။ သူ့ကိုနောက်
လှည့်ကာငုံ့ကြည့်လာသည့် မျက်ဝန်းနက်နက်
တွေ...။ မျက်တောင်ရှည်တွေအောက်က
မျက်ဝန်းနက်တွေရဲ့ပိုင်ရှင်က အေးစက်လွန်း
တယ်လို့ထင်ရပေမယ့် သူ့ကိုတော့ နူးညံ့မှုတွေ
နွေးထွေးမှုတွေဖော်ပြဖို့ဝန်မလေးခဲ့ဘူး ။အဲ့ဒီလူက ကိုကို တဲ့.....။ သူအရမ်းလွမ်းတာ
ဘဲ...။ ကိုကို့ ရဲ့ယုယမှုတွေလည်းလွမ်းတယ်
အလိုလိုက်ချစ်မြတ်နိုးမှုတွေလည်းလွမ်းတယ်
နွေးထွေးတဲ့ပွေ့ဖက်မှုတွေလည်းလွမ်းတယ် ။သူအရမ်းချစ်ရတဲ့.....ကိုကို ကလေ သူ့ကို
အတူတူနေရတော့မှာပါလို့လိမ်ညာခဲ့တဲ့သူ ။
သူ့ကိုလူဆိုးကြီးတွေလက်ထဲက လာမကယ်
ခဲ့တဲ့သူ ။ သူ့မျက်လုံးလေးတွေကအရမ်းလှ
တယ်လို့ပြုံးပြုံးလေးလည့်စားနိုင်ခဲ့တဲ့သူ ။
YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist