EXTRA _ 4

21.3K 1.4K 107
                                    

Unicode
********

ယုန်နားရွက်လေးပါတဲ့လွယ်အိတ်အဝါလေး
ကိုကျောမှာပိုးထားပြီး ကျောင်းသွားဖို့တာဆူ
နေတဲ့ Baby ကို မာန် လက်ပိုက်ပြီးရပ်ကြည့်
နေလိုက်သည် ။ ရွေးစရာအိတ်တွေအများကြီး
ထဲကမှ ဒီယုန်နားရွက်နဲ့အိတ်ကိုမှ လိုချင်ပါ
တယ်တဲ့ ။ အရင်ကဆို Baby ကအဆင်ပြေသ
လိုပြောဆိုချော့မော့လို့ရပေမယ့် အခုနောက်
ပိုင်းဂျစ်တစ်တစ်ဖြစ်လာသည် ။

အိပ်ရာထဲလဲနေတာ ၄ ရက်မြှောက်တော့ မာန့်
ကိုမရမကကျောင်းလိုက်ပို့ခိုင်းနေချေပြီ ။ မာန်
ကဘာမှမပြောတော့ သူ့ဟာသူအဝတ်စားတွေ
လဲပြီးလွယ်အိတ်ကောက်လွယ်ထားသည် ။
မာန် လိုက်မပို့ရင်တောင် သူ့ဟာသူသွားမယ်
ဆိုတဲ့ သဘော....။

" ကိုကို လိုက်ပို့မှာလား..မပို့ဘူးလား..."

" Baby နေကောင်းသေးတာလဲ မဟုတ်ဘူး
ကွာ..မဆိုးစမ်းနဲ့ "

ကြည့်..ကြည့် နှုတ်ခမ်းကဆူထွက်လာပြီ ။
မာန့် ကိုမျက်စောင်းထိုးပြီး အခန်းထဲကနေ
ချက်ချင်း ထွက်သွားဖို့ပြင်သည် ။

" ဘယ်သွားမှာလဲ...​ အခန်းထဲမှာဘဲနေ..."

တံခါးနားရောက်နေတဲ့ Baby ကိုလှမ်းဆွဲ
ထားတော့ မာန့် ကိုစူပုပ်ပုပ်နဲ့လှည့်ကြည့်ပြီး
မျက်ရည်တွေကဝိုင်းလာသည် ။

" ကျောင်း..အင့်..ကျောင်းမတက်ရင်ပညာ
တတ်ကြီးမဖြစ်တော့ဘူး..."

Baby ကိုမွေးစားခဲ့တဲ့လူက သူ့ကိုပညာတတ်
ကြီးဖြစ်စေချင်ခဲ့တာမို့ Baby ကထိုစကားကို
စိတ်နှလုံးထဲထိရိုက်သွင်းထားပုံရသည် ။ ဒါ
ကြောင့်လဲ မာန် ခွင့်မပြုသည့်ကြားကသူပေး
ထားခဲ့ဖူးတဲ့ကတိ ကိုမဖြစ်ဖြစ်တဲ့နည်းနဲ့တည်
အောင်ကြိုးစားနေရှာသည် ။

" Baby နေမကောင်းသေးလို့ပါကွာနေကောင်း
တာနဲ့ ကျောင်းပို့ပေးမယ်လေ "

" မရ....ဘူးလေ...ကျောင်းကခဏခဏ ပျက်
နေတာရီးကို...ဟင့်..."

ပြောရင်းနဲ့ငိုချတော့မတတ်ဖြစ်လာတဲ့ Baby
ကို မာန့် ရင်ခွင်ထဲဆွဲသွင်းထားလိုက်သည်။ ဒါ
လား Uni ကျောင်းသား....အားငယ်တတ်တာ
လဲလွန်ရော...။

💞 Eternal Love 💞 { Completed }Where stories live. Discover now