Unicode
********အပန်းဖြေစံအိမ်ထဲကထွက်လာသည့် BMW
ကားလေးတစ်စီးကမြို့တွင်းတစ်နေရာကို
ဦးတည်နေသည် ။ ကားမောင်းနေသည့်
ဆန်းထူး ရဲ့မျက်နှာကဖုံးဖိမရအောင်ပျော်
ရွှင်နေပုံပေါက်နေပေမယ့် ကားနောက်ခန်း
မှာထိုင်နေသည့် ဂိုဏ် ကတော့မှုန်ကုပ်လျှက် ။" ဆန်းထူး, ဒီကလုပ်ငန်းတွေအခြေကျပြီ
ဆိုတော့သင့်တော်တဲ့ မန်နေဂျာရွေးထား
လိုက်...သိပ်မကြာခင် ငါတို့ပြန်ကြမယ် "ရုတ်တရက်ကြားလိုက်ရတဲ့ အကို့ စကား
ကြောင့် ဆန်းထူး ထခုန်မတက်ပျော်သွားခဲ့
သည် ။ အကို က ရှိုင်းစေဆိုတဲ့ကလေးကို
လက်လွတ်လိုက်တော့မယ်ဆိုတဲ့သဘော
ဘဲမဟုတ်လား.....။X မြို့ကိုအလုပ်ကိစ္စနဲ့လာခဲ့ကြတာဖြစ်ပေ
မယ့် ရှိုင်းစေ ဆိုတဲ့ကလေးနဲ့တွေ့ဆုံပြီး
နောက် အကိုကပြန်မယ့်အကြောင်းမပြော
တော့...။ အဲ့ဒီကလေးကိုလက်လွတ်နိုင်ခဲ့ပြီ
လို့ထင်ခဲ့ပေမယ့် နောက်ကြည့်မှန်ကတစ်
ဆင့်မြင်နေရတဲ့ အကို့ မျက်နှာကပျော်ရွှင်
နေတဲ့ပုံတော့မဟုတ်ခဲ့ပေ ။" အကို....ဆုံးဖြတ်ချက်မှန်ပါတယ်, မပိုင်ဆိုင်
ရမယ့်အတူတူဘာလို့ဆက်ချစ်နေမှာလဲ "ဆန်းထူး ရဲ့စကားကြောင့် ဂုဏ် ယဲ့ယဲ့လေး
ပြုံးလိုက်မိသေးသည် ။" မပိုင်ဆိုင်ရလို့မချစ်တော့ဘူးဆိုရင် ချစ်
ခြင်းမေတ္တာလို့ဘယ်ခေါ်တော့မလဲ, ငါက
ကလေးငယ် အတွက်လက်လွတ်ပေးလိုက်
တာ.....ဆက်မချစ်တော့တာမဟုတ်ဘူး...."နောက်ကြည့်မှန်ကတစ်ဆင့် ဆန်းထူး ကို
ပြန်ကြည့်မိတော့ ဂုဏ့် ကိုနာနာကျင်ကျင်
ပြုံးပြတယ် ။ ဒီလိုအပြုံးနဲ့ပြုံးမပြပါနဲ့လို့
ငါ မင်းကိုပြောချင်လိုက်တာ, မင်းရဲ့အပြုံး
က ငါ့ကိုယ်ငါပြန်မြင်ယောင်စေလို့.... ။မီးနီအချက်ပြမှုကြောင့်တုန့်ခနဲရပ်သွားတဲ့
ကားပေါ်မှာ ဂုဏ့် အတွေးတွေကတောင်
ရောက် မြောက်ရောက်....။ လမ်းတစ်ဖက်
ကကုန်တိုက်ရှေ့မှာအလျင်လိုနေဟန်ဖြင့်
အရှိန်နဲ့ထိုးရပ်လာတဲ့ကားတွေထဲ ရင်းနှီး
နေတဲ့ ကားအနက်ရောင်ကြီးကိုမြင်တော့
ဂုဏ့် ကျောလေးဆတ်ခနဲမက်သွားရသည် ။
YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist