Unicode
********နူးညံ့တဲ့အနက်ရောင်မွေ့ယာထဲအသက်ရှူ
သံမှန်မှန်နှင့်အိပ်ပျော်နေတဲ့ကောင်လေးက
အပူပင်ကင်းမဲ့စြာ ။ ထိုကောင်လေးရဲ့အပြာ
ရောင်ဆံနွယ်တို့က နဖူးပေါ်ခပ်အုပ်အုပ်ကျ
နေပြီး ရှည်လျားတဲ့မျက်တောင်ထူထူတို့က
ခပ်စိပ်စိပ်ဖြင့်သိပ်လှသည် ။" အွန်း......."
အအိပ်လွန်၍ထိုးထိုးထောင်ထောင်ဖြစ်နေ
သည့်ဆံပင်စုပ်ဖွားလေးနဲ့ အပျင်းကြောလေး
ဆန့်ပြီး ထထိုင်လိုက်သည့်ကောင်လေးကို
စေ့စေ့စပ်စပ်လိုက်ကြည့်နေမိတဲ့ ဂုဏ့် မှာ
အကြောင်းပြချက်ရေရေရာရာတော့မရှိ...။" နိုးလာပြီလား..."
နားဝင်ချိုလွန်းတဲ့အသံဆိုပေမယ့်မရင်းနှီး
တဲ့အသံဖြစ်တာမို့ ပိုးလေး ဝေဝါးနေတဲ့မျက်
လုံးတွေကိုပွတ်သပ်ပြီး အသံပိုင်ရှင်ကိုသေ
ချာကြည့်လိုက်သည်။" ဟီး...လူကြီးဘဲ...ကျွန်တော့် ကိုခေါ်လာပေး
တာလား "အိပ်ချင်မူးတူးရုပ်လေးနဲ့ ဟီးခနဲရယ်ပြနေ
တဲ့ကောင်လေးရဲ့ဘေးမှာဝင်ထိုင်တော့ ဂုဏ့်
ကိုမျက်လုံးဝိုင်းကြီးတွေနဲ့လိုက်ကြည့်သည် ။" မင်းက Silver (company) ပိုင်ရှင် ဦးပိုင်
ရဲ့သားငယ္လား "ဂုဏ့် မေးခွန်းကထိုကောင်လေးကိုအလန့်
တကြားဖြစ်သွားစေသည့်အလား ကုတင်
ပေါ်ကချက်ချင်းဆင်းပြေးတော့သည် ။" ဖေကြီးဆီ ပြန်ပို့မလို့လား...ကျွန်တော်မ
ပြန်ဘူးနော်....အဲ့နေရာကြီးပြန်မသွားချင်
ဘူး....အဲ့မှာလူယုတ်မာရှိတယ်..ဟင့်...ပြန်
မပို့ပါနဲ့...အင့် "အခန်းဒေါင့်လေးထဲအတင်းတိုးဝင်ရင်းအ
ကြောက်အကန်ငြင်းဆန်နေတဲ့ကောင်လေး
ကို ဂုဏ် အံ့ဩစွာငေးကြည့်နေမိသည် ။
Silver Company ပိုင်ရှင်ကြီးကသူ့သား
ငယ်လေးကိုတုန်နေအောင်ချစ်တာ စီးပွား
ရေးလောကမှာမသိတဲ့သူမရှိ...။သို့ပေမယ့် ဒီကောင်လေးကအိမ်ပြန်ပို့မှာ
သေလုအောင်ကြောက်နေသည်တဲ့...။ ဘာ
တွေလဲ....။ ဂုဏ့် အရင်းနှီးဆုံးသူငယ်ချင်း
ရဲ့ညီလေးက ဘာလို့ဒီလိုအခြေအနေဖြစ်
နေရတာလဲ ။
YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist