Unicode
********" ကိုယ့်ကိုမလွမ်းဘူးလား...အချစ်ကလေး "
အိပ်မောကျနေခဲ့တာဖြစ်ပေမယ့် သူ့ဘဝမှာ
နောက်ထပ်ဘယ်တော့မှမကြားချင်လောက်
အောင်ကြောက်ရွံ့ရတဲ့အသံက နားစည်အ
တွင်းပြင်းထန်စွာရိုက်ခတ်လာတဲ့အခါ ပိုးလေး
အလန့်တကြားထ,ထိုင်လိုက်မိသည် ။" ဦး....ဦး...ဦးရဲထက်ဟိန်း...."
သူနောက်ထပ်မဆုံချင်တော့တဲ့လူ ။ သူဘဝ
ကိုငရဲခန်းထဲမှာအကျဥ်းချပြီး စိတ်ကြိုက်
ဆော့ကစားခဲ့တဲ့လူ ။ ဒီလူကသူအသည်း
ထဲထိကြောက်ရွံ့, ရွံရှာရတဲ့လူ ။ ဒီလူက
ဘာလို့သူ့အခန်းထဲရောက်လာရတာလဲ ။" ခင်ဗျား...ဘယ်လိုလုပ်.... "
" ကျစ်....ကျစ်....ကျစ်....အချစ်လေး, ကိုယ့်
ကိုဘယ်လိုခေါ်ရမယ်လို့သင်ပေးထားလဲ ,
ဟမ်.....မမှတ်မိတော့ဘူးလား...."အသံကအစကြောက်ရွံ့ရတဲ့သူမို့ ထိုလူရဲ့
စကားထဲမှာဒေါသသံပါလာတဲ့အခါ ပိုးလေး
လက်ထဲကအမွှေးပွစောင်ကြီးကိုအသက်
ကယ်လက်မှတ်တစ်စောင်အလား ဆုပ်ကိုင်
ထားလိုက်မိသည် ။" လွန်ခဲ့တဲ့ ၂ နှစ်, မင်း ကိုယ့် ဆေးရုံကိုစ
ရောက်လာတဲ့အချိန်တုန်းကဘယ်လောက်
ပျော်စရာကောင်းလိုက်သလဲ, သိပ်တော်တဲ့
မင်းက ခပ်ညံ့ညံ့ဆေးတွေတိုက်ထားပါရက်
နဲ့အခြေနေကတိုးတက်လာတယ်တဲ့, ငါက
အဲ့လိုရလဒ်ကိုလိုချင်ခဲ့တာမဟုတ်ဘူး!! "ဒေါသတကြီးရှေ့တိုးလာတဲ့လူကြောင့်
ပိုးလေး ကုတင်ဒေါင့်လေးနားအမြန်ဆုတ်
လိုက်မိသည် ။" ဖြူဖွေးနေတဲ့မင်းရဲ့ကျောပေါ်ဆေးရောင်
လှလှခြယ်ရတာကိုငါကသိပ်ကြိုက်တာ,
မင်းလည်တိုင်လှလှလေးမှာ ငါ့ကြောင်ဒဏ်
ရာတွေဖြစ်လာရင်သိပ်ကျေနပ်တာ, ဒါပေ
မယ့်မင်းကတော့ပုံမှန်အခြေအနေကိုရောက်
တာနဲ့နည်းလမ်းရှာပြီး ငါ့အဖိုးကြီးကို ငါတို့
နှစ်ယောက်ကြားကကိစ္စတွေသိသွားအောင်
လုပ်ပစ်လိုက်တယ်ဟား...ဟား ခက်တာကငါ့အဖိုးကြီးကလဲအဲ့
ဒီကိစ္စတွေလူသိမှာစိုးလို့ ငါ့ကိုနိုင်ငံခြားကန်
ထုတ်ပစ်လိုက်တယ်လေ, ငါ့ဆီကနေထွက်
ပြေးဖို့အများကြီးကြိုးစားခဲ့ပေမယ့် ကံဆိုး
တာဘဲ...ငါ့အဖိုးကြီးက မင်းအဖေကိုအဲ့ဒီကိ
စ္စတွေမပြောခဲ့ဘူးထင်တယ်, မင်းအဖေငါ့ကို
ဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ကြားကြား
ချင်း ငါတကူးတကနိုင်ငံခြားကနေခိုးပြန်လာ
ခဲ့တာ, မင်းကိုတွေ့ချင်လွန်းလို့ "
YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist