Unicode
********" ဦး ငယ် ခဏနေ ချစ်မွှေးဆီသွားမယ်နော် "
ရေချိုးခန်းထဲကနေ ရေစက်လက်နဲ့ပြေးထွက်
လာတဲ့ ငယ် က ဂုဏ့် Bathrobe ကြီးကိုဝတ်
ချလာပြန်သည် ။ Bathrobe ကြီးထဲမြုပ်နေ
သည့် ငယ် ကရေခြောက်အောင်သုတ်ဖို့ သိပ်
ပျင်းတဲ့ကောင်လေး..။" ငယ်... ကိုယ် အမြဲတမ်းပြောတယ်ကွာ ရေ
ခြောက်အောင်သုတ်ပြီးမှ အပြင်ထွက်ခဲ့ပါလို့..
မတော်လို့ချော်လဲရင်ဘယ်လိုလုပ်မလဲ..."မှန်တင်ခုံရှေ့မှာထိုင်နေတဲ့ ငယ့် ခေါင်းလေးကို
ဂုဏ် ကိုယ်တိုင်ရေသုတ်ပေးတော့ ခွေးပေါက်
ကလေးလိုမျက်လုံးလေးမှိတ်ပြီးဇိမ်ခံနေသည် ။
ပုတ်သင်ညိုလေးလိုအရောင်ပြောင်းနေတတ်
တဲ့ ငယ် ကအခုလဲဆံပင်တွေကို ခဲရောင်တွေ
ဆိုးထားပြန်သည် ။" ဦး အခုဆိုလေ ရှိုင်းပေါက် ကမွေးလို့တောင်
ရနေပြီသိလား.... ဗိုက်ကလေးဆိုလုံးနေတာဘဲ
အကိုမာန် ကအိမ်ပြင်ပေးမထွက်တော့ အသား
လေးဆိုဝင်းနေတာဘဲ ဟီး အဲ့တာသမီးလေး
မွေးမှာမလို့နေမှာ အသီးအနှံကလဲအရမ်းစား
တာဘဲ "ငယ့် စကားတွေက ရှိုင်းစေလေးကို အားကျ
နေမှန်းသိသာလှသည် ။ ဒါပေမယ့် ဂုဏ် စိတ်
ဆိုးမှာစိုးလို့တမင်တော့ထုတ်မပြောရှာဘူး ။
အိမ်ထောင်တစ်ခုမှာ သားသမီးဆိုတာက
တကယ်ဘဲအရမ်းအရေးပါနေသလား..။" ငယ် ကလေးအရမ်းလိုချင်နေတာလား.. "
" .............. "
ခေါင်းအတင်းငုံ့ထားတဲ့ ငယ် က ဂုဏ် မေးတဲ့
စကားကိုပြန်ဖြေရမှာစိုးရိမ်နေတဲ့ပုံပင် ။ ငယ်
ထိုင်နေတဲ့ခုံလေးကို ဂုဏ့် ဘက်ဆွဲလှည့်လိုက်
ပြီး ငယ့် ရှေ့မှာဒူးတစ်ဖက်ထောက်ကာထိုင်ချ
လိုက်သည်။" ငယ် ကိုယ့် ကိုကြည့်ပါဦး... ငယ် တကယ်ဘဲ
ကလေးလေး လိုချင်နေတာလား... ငယ် လိုချင်
တယ်ဆိုရင် အငှားကိုယ်ဝန်ဆောင်ပေးဖို့
ကိုယ် စီစဥ်လိုက်မယ် ဒါပေမယ့် ကိုယ့်ကလေး
တော့ယူမှာမဟုတ်ဘူး.. ငယ့် ကလေးဘဲဖြစ်ရ
မယ် "ဂုဏ့် စကားကို ငယ် ကလန့်သွားဟန်ဖြင့် ဂုဏ့်
လည်ပင်းကိုသိုင်းဖက်ကာ ခုံပေါ်ကနေပါဆင်း
လာသည်။
YOU ARE READING
💞 Eternal Love 💞 { Completed }
Romance# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal Artist