Part 4

18 6 2
                                    

Ring Ring
ဟဲလို

Saint လား ကိုယ် Tee ပါ

အော် Tee ပြောလေ ကျွန်တော် ဖုန်းနံပါတ် ဘယ်ကရတာလဲ
Perth ပေးတာ
အော်  အင်းပါ ဘာကိစ္စ ရှိလို့လဲ ဗျ

ကိုယ်  ဒီကိုမလာဖြစ်တာ ကြာပီလေ အာ့ဒါ အပြင်သွားချင်လို့ saint လိုက်ခဲ့ပေးလို့ရမလား

Perth ကိုမခေါ်ဘူးလား

Perth လား သိတဲ့ အတိုင်းပဲလေ သူ့ကောင်မလေးတွေနဲ့ မအားဘူးတဲ့ အာ့ဒါsaint လိုက်ပေးလို့ရမလား

ရပါတယ် ကျွန်တော် ဘယ်လာခဲ့ရမလဲ
ကိုယ်လာခေါ်မယ်  Perth အိမ် နားမှာပဲမလား
အင်း ဟုတ်တယ်

အာ့ဆို  ကိုယ်ခဏနေ  ထွက်လာခဲ့မယ်နော်

Saintလဲ ဖုန်းချပီး ရေချိုးပီး အဝတ်အစားလဲ ပီးစောင့်နေ တယ်

ခဏကြာတော့ Tee ရောက်လာတယ်
Tee အိမ်ထဲ ဝင်ပါဦးလား ခင်ဗျ Mae နဲ့မိတ်ဆက်ပေးမယ်လေ

သားလေး ဧည့်သည်လာတာလား
ဟုတ်Mae ဒါက Perth သူငယ်ချင်းလေ သူ့နာမည်က Tee တဲ့
Tee ဒါကျွန်တော့်Mae
ဟုတ်တွေ့ရတာ ဝမ်းသာပါတယ် အန်တီ 

အေးကွယ် အန်တီလဲ ဝမ်းသာပါတယ် နောက်ဆိုလဲ အိမ်လာလည်ပေါ့ သားငယ်မရှိလဲ လာလို့ရတယ်နော် ..

အာ့ဆို Mae သားတို့ အပြင်သွားလိုက်ဦးမယ်

အေးအေး ကားဖြေးဖြေးမောင်းဦးနော်

ဟုတ်အန်တီ

ကားပေါ်တွင် Saint  ဘယ်အရင်သွားမလဲ
ကျွန်တော် မောင်းမယ်လေ ကျွန်တော် လမ်းသိတာဆိုတော့
အင်း
ကျွန်တော် တို့ တခုခု ဝင်စားရအောင်မနက်က မစားလာရဘူး အနီးစပ်ဆုံး Mall ကို သွားမယ်နော်
Mall က စားသောက်ဆိုင်တခု တွင်စားနေစဉ်
Perth တို့အတွဲရောက်လာတယ်

ကို ဟိုဟာက ကို့သူငယ်ချင်းမလား

Perth လှည့်ကြည့်လိုက်တယ်  သူ saint ကိုမျက်မှောင်ကျုံ့ကြည့်လိုက်တယ် saint က သူ့ကိုမမြင်ပဲ ရယ်မောပီး စားသောက်နေတယ်

ကို သူတို့က တွဲနေတာလား

မဟုတ်ပါဘူး  စားလေ ချစ် ပီးရင် ရုပ်ရှင်သွားကြည့်ရဦးမှာလေ

Friend ZoneWhere stories live. Discover now