Part 13

17 5 2
                                    

မား ရေ သား ပြန်လာပီ

ဟော မားက သားကိုတောင် လာမကြိုဘူး

မား ဘာဖြစ်နေတာလဲ

ဖြန်းးးး

ဟာမား ဘာလို့ရိုက်တာလဲ

အော် မေးရဲသေးတယ်ပေါ့ ဟမ်

ကိုယ် ဘာလုပ်လဲ မသိဘူးလား

နင် ငါ့အရှက်ကိုလဲ ခွဲတယ် သား Tee  တို့ ဘက်ကိုလဲ အရှက်ခွဲတယ် အဲ့ဒါတောင် ဘာလုပ်လဲ မေးသေးတယ်ပေါ့ ဟမ်

မား ဘာတွေပြောနေတာလဲ သားနားမလည်ဘူး သားက ဘာကို အရှက်ခွဲတာ ပီးတော့ tee တို့ဘက်ကိုရော သား ဘာလုပ်လို့လဲ

နင် ဘာလုပ်ထားလဲ နင်မသိဘူးလား

မသိဘူး မား သား ဘာလုပ်မိလို့လဲ

နင် သားPerth နဲ့ ခိုးပြေးတယ်လေ

ဟမ်

မားကို ဘယ်သူပြောတာလဲ

သားPerth ကိုယ်တိုင် သူ့မားဆီ ဖုန်းဆက်ပြောတာ tul ကိုယ်တိုင် ငါ့ကိုလာပြောတာ

မဟုတ်သေူပါဘူး မားရာ လွဲနေပီ

နင်ကသာ မဟုတ်ဘူးပြောနေ ငါ ဘယ်လောက် မျက်နှာ ငယ်ရလဲ နင်သိလား ငါ သားteeတို့ မိဘတွေကို ဒူးထောက်မတတ် တောင်းပန်ခဲ့ရတယ် ဟမ် နင်ဘာနားလည်လဲ

မား Perth ကိုယ်တိုင် ဖုန်းဆက်ပြောတာ သေချာလား

ဟုတ်တယ်

အာ့ဆို သား အာ့ကိစ္စ မားနဲ့နောက်မှ ရှင်းပြမယ် အခု သားPerth ဆီ သွားလိုက်ဦးမယ်

Perth Perth

အော် ရောက်လာပီလား လာလေ အခန်းထဲကို

မင်း ဘာလုပ်လိုက်တာလဲ ဟမ်

ငါ ဘာလုပ်မိလို့လဲ

မင်း ဘာလို့ ငါနဲ့ ခိုးပြေးပီလို့ ဖုန်းဆက်လဲ

အော် မင်းက အဲ့ဒါ စိတိတိုနေတာလား

ငါမင်းကို ပြောခဲ့သားပဲ ငါမကြိုက်တာ မလုပ်ဖို့ မင်းကဇွတ်အတင်း လုပ်ချင်တာကိုး

ငါ့စိတ်နဲ့ငါခန္ဓာ ငါကြိုက်တာ လုပ်ခွင့်ရှိတယ် မင်းချုပ်ချယ်ပိုင်ခွင့်မရှိဘူး

Friend ZoneWhere stories live. Discover now