Part 6

20 6 2
                                    

အခုဆို Perth နဲ့ မတွေ့ဖြစ်တာ ၂ လကျော်ခဲ့ပီ ကျွန်တော် သူ့အိမ်သွားလဲ သူရှောင်နေခဲ့တယ်
ကျွန်တော့ အိမ်ကိုလာတော့လဲ ကျွန်တော့်ကို လာမတွေ့ခဲ့ဘူး ကျွန်တော် သူ့ကို အရမ်းသတိရခဲ့တယ် ဒါမဲ့ သူ့ဘက် က အာ့လိုရှောင်လာခဲ့တော့ ကျွန်တော်လဲ  အတတ်နိုင်ဆုံး ရှောင်နေခဲ့ပါတယ်

Ring Ring

Hello Tee

Saint ကိုယ် တို့ အပြင်မှာ ခဏလောက် တွေ့လို့ရမလား ကိုယ် ပြောစရာ လေး ရှိလို့

ဟုတ် ရပါတယ် ကျွန်တော်လာခဲ့မယ်လေ အရင်နေရာ ကိုပဲ

Ok အာ့ဆို ကိုယ်စောင့်နေမယ်နော်

ကျွန်တော်လဲ ဖုန်းချပီး သွားဖို့ ပြင်ဆင်ခဲ့တယ်

လာ saint ဒီမှာ ကိုယ် saint ကြိုက်တာ လေး မှာထားတယ်

ဟုတ် Tee

Tee ကျွန်တော့် ကို ဘာပြောမလို့လဲ 

ကိုယ် ပြောတဲ့ဟာကို saint သေချာလေးစဉ်းစားစေချင်တယ် စိတ်လဲ မဆိုးပါနဲ့ နော်

ဟုတ် ပြောပါ Tee

ဒီလိုပါ ကိုယ် မင်းနဲ့ တွေ့တာ မကြာသေးဘူးဆိုပေမဲ့ ကိုယ် မင်းကို မြင်မြင်ချင်း ချစ်ခဲ့မိတယ်  အာ့ကြောင့် ကို့ကို စဉ်းစားပေးပါလား saint

ဟိုလေ ကျွန်တော်...

ကိုယ့်ကို တခါ ထဲ မငြင်းပါနဲ့ saint ရယ် saint Perth ကို ချစ်နေတာ ကိုယ်ရိပ်မိပါတယ် ဒါမဲ့ ကိုယ့်ကို စဉ်းတော့ စဉ်းစားပေးပါနော်..

Saint ဘာပြောရမှန်း မသိခင် ဆိုင်ထဲ ဝင်လာတဲ့သူကို တွေ့သွားတယ်

Perthနဲ့ေ ကာင်မလေးတယောက် ဝင်လာတယ် လက်ချင်းတွဲပီးတော့

Saint ကြည့်နေတဲ့ ဘက်ကို Tee ကြည့်လိုက်မိတယ် Perth ကို မြင်တော့ saint မျက်နှာ သိသိသာသာညှိုးသွားတယ် Perth ကတော့ ကျွန်တော့တို့ကို မမြင်ဘူးပေါ့

Saint စကားစပြောလာတယ် ကျွန်တော့ကို စဉ်းစားပေးမယ်တဲ့

ကျွန်တော်လေ ဘယ်လိုပျော်မှန်း မသိ အရမ်းပျော်သွားတယ်

ကျွန်တော် စဉ်းစား ပေးမယ် ပြောတော့ သူ တော်တော် လေး ပျော်သွားတယ် ကျွန်တော် အရမ်းအံ့သြမိတယ် ကျွန်တော့် ကို  ဂရုစိုက်ပီး ချစ်ပေးတဲ့သူကို ကျွန်တော့မေ့နေခဲ့ပီး နာကျင်မှုတွေကို ပေးတဲ့သူကို တမ်းတမ်းစွဲ ဖြစ်ခဲ့မိတယ်

ကို ဟို မှာ ကို့ သူငယ်ချင်း saint မလား လာလေ july တို့သွားပီး အတူထိုင်ရအောင် ( July ဆိုတာက အခုတလော Perth ကြာကြာတွဲမိနေတဲ့ တယောက်ပေါ့ saint ကိုလဲ သိတယ်)

July က ရှေ့ကနေ ထွက်သွားတော့ Perth လဲ လိုက်လာခဲ့တယ်

Saint ...

Saint မော့ကြည့်လိုက်တယ် တို့နာမည်က July ပါ Perth ချစ်သူ saint က ကို့ သူငယ်ချင်းမှန်းသိတယ် ကိုပြောပြဖူးတယ် အာ့ဒါ July တို့ ဒီမှာထိုင်လို့ရလား

အော် ရပါတယ် ထိုင်ပါ

လာ လေ ကို .. ကို့သူငယ်ချင်းက အရမ်းချောတာပဲနော် July တောင် အရှုံးပေးရတယ် ကို မိတ်ဆက်ပေးဦးလေနော်

Perth က ဒီဘက်က Tee တဲ့ သူကတော့ saint

ဒါက ငါ့ချစ်သူ July တဲ့

S/T/J. ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်နော်

July တို့က အခုက Anni လေ အာ့ကြောင့် မုန့်ကျွေးချင်တယ် စားနော် July တို့ရှင်းမယ်

ဟို... saint မျက်နှာညှိုးနေတာ မြင်တော့ ကျွန်တော် ဝင်ပီးပြောလိုက်မိတယ်  ဟုတ်ရပါတယ်   ဝမ်းသာပါတယ်နော် Anni အတွက် ကျွန်တော်တို့ကို သွားခွင့်ပြုပါဦး ဝင်ဖို့ တနေရာဘေးရှိနေလို့

ဟုတ် ရပါတယ်

Tee လဲ ပြောပီး saint လက်ကို ဆွဲပီး ထွက်လာခဲ့တယ်

Perth ကတော့Tee လက်ဆွဲသွားတာ မြင်တော့ မျက်မှောင်ကျုံ့ပီးကြည့်နေမိတယ်

Friend ZoneWhere stories live. Discover now