Part 9

25 5 2
                                    

ကားပေါ်ရောက်သော် တယောက်နဲ့ တယောက် ဘာစကားမှ မပြောဖြစ်ကြဘူး

Perth  မင်းငါ့ကို စိတ်ဆိုးနေတာလား ငါတောင်းပန်ပါတယ် ငါတို့စကားများကြတာကလဲ ၂ ယောက် လုံးမှားခဲ့ကြတာပဲ အခု ငါ့ကို စိတ်မဆိုးနဲ့တော့ နော်

မင်း သူနဲ့ ဘယ်တုန်းက ချစ်သူ ဖြစ်တာလဲ

ဟမ်

ငါမေးတာဖြေ saint

၂ ရက်ပဲ ရှိသေးတယ်

မင်းသူ့ကို တကယ်ချစ်တာလား

ငါမသိဘူး ဒါမဲ့ သူ ငါ့အပေါ်ကို ကောင်းတယ် ငါ့ကိုလဲ ချစ်တယ် ငါ ချစ်မချစ် မသေချာပေမဲ့  ငါစိတ်ချမ်းသာတာကတော့ သေချာတယ်

မင်း က တကယ်ပဲ ယောင်္ကျားချင်းပဲ သဘောကျတာလား ငါ့မှာ မိန်းကလေးသူငယ်ချင်းတွေ အများကြီးရှိတယ်ကွာ  မင်းတွဲချင်ရင် ပြော ငါ မိတ်ဆက်ပေးမယ်

Perth ငါ က လူရှုပ်လူပွေမဟုတ်သလို ဂေးလဲ မဟုတ်ဘူး  ငါ ယောင်္ကျားလေးချင်းတွဲတယ်ဆိုတာကလဲ သူက ငါ့ကို ငါ့ရဲ့ဖြစ်တည်မှုကို အလေးထားပီး ချစ်လို့ မိန်းကလေးနဲ့ မှ တွဲရမယ်လို့လဲ ဘယ်သူမှမပြောခဲ့ဘူးPerth အာ့ဒါကြောင့်မို့လဲ ငါသူနဲ့ တွဲခဲ့တာ မင်းက သာ ငါ့ရဲ့ဖြစ်တည်မှုကို ရွံမုန်းနေတာ

ငါ မင်းကို မရွံဘူး ဒါမဲ့ အာ့လို ငါ မင်းကို မတွဲစေချင်ဘူး မင်းတို့ ဘယ်တော့မှလဲ မြဲမှာ မဟုတ်ဘူး

မင်း က ဘာကိုကြည့်ပီး မမြဲဘူးလို့ပြောရတာလဲ ယောင်္ကျားချင်းချစ်လို့ ဖြစ်ပေါ်လာတဲ့ အချစ်က မမြဲဘူးလို့ ဆိုလိုတာလား အာ့အချစ်ကပဲ  မြဲလွန်းလို့ အဆင်ပြေသွားတဲ့ အတွဲတွေ အများကြီးပဲ မင်း အသိတွေထဲမှာလဲ ရှိတာပဲ ဘာလို့ ငါ့ကျမှ မင်းအပြစ်ပြောနေရတာလဲ Tee ဆိုတာကလဲ မင်းသူငယ်ချင်းပဲလေ

တော်ပီ ငါတို့ ရန်ဆက်မဖြစ်တော့ဘူး အခုပဲ ငါတောင်းပန်ပီးပီ အခုပဲ စကားများရတယ်  မင်း တနေ့တော့ နားလည်လာမှာပါPerth

POV:ငါသိစေချင်တာ မင်းကို ငါချစ်တယ်ဆိုတာပါ Perth  မင်းကလွဲပီး ငါ ဘယ်သူ့ကိုမှ ချစ်လို့မရဘူးဆိုတာ မင်းသိအောင် ငါအခုလိုတွဲနေတာပါ Perth

အိမ်ထဲ ဝင်ဦးPerth

တော်ပီ ငါသွားစရာရှိသေးတယ်

အင်းဖြေးဖြေးမောင်းနော်
Perth လဲ ဘားကို မောင်းလာခဲ့တယ်
ဟာ Perthပါလား မလာတာကြာပေါ့ မင်းရဲ့သူငယ်ချင်းရော  မပါဘူးလား 
ငါ့ကို အရက်တခွက်ပေး
မင်းဘာဖြစ်လာတာလဲ
ဘာမှမဖြစ်ပါဘူး နည်းနည်း ညစ်လာလို့
အေးပါ ရော့ လျှော့သောက်ဦး
Perth လဲ သောက်ပီး အိမ်ပြန်လာခဲ့တယ်
ဟဲလို
Saint ပြန်ရောက်ပီလား ကို့ကို နားလည်ပေးလို့ကျေးဇူးတင်ပါတယ် ကို တကယ်မအားလို့ပါ
ရပါတယ်  အပြန် Perth လိုက်ပို့ပေးတယ်လေ
ဒီကောင်ကြီး saint ကိုခေါ်သွားပီလား
အင်း ခေါ်တယ်
အင်း စောစောအိပ်နော် နက်ဖြန် ကိုလာခေါ်မယ်နော် စောင့်နေနော်
အင်း အာ့ဆို ဒါပဲနော်
Saint လဲ ဖုန်းချပီး အိပ်လိုက်တယ်
တီ တီ
သားရေ Tee ရောက်နေပီ
လာပီမားရေ
သားလေး အိမ်ထဲ ဝင်ပါဦးလား မင်းသူငယ်ချင်းက အိပ်ယာထ နောက်ကျလို့လေ
ရပါတယ် အန်တီ
ရပီ Tee မားကလဲလေ ကြုံတုန်း အပြစ်လေး ဖောက်သည်ချတယ်ပေါ့
မားက စတာပါကွယ် ကဲ သွားတော့ကျောင်းနောက်ကျနေဦးမယ် အော် ဒါနဲ့သား Perth ကို ဝင်ခေါ်လိုက်ပါဦးကွယ် သူ့ကားက ပျက်နေတယ်တဲ့ မနက်က  သူ့မား ဖုန်းဆက်တယ် သားဝင်ခေါ်လိုက်နော်
ဟုတ်မား
တီ တီ
Perth လာ တက်လေ
တော်ပီ ငါမတက်တော့ဘူး
လာပါကွာ မင်းကလဲ ငါsaint ကိုကျောင်းလိုက်ပို့တာ မင်းနဲ့လဲ တတန်းထဲ ကို တူတူပဲ ဘာတက်ပါကွာ
Perth လဲ ကားပေါ် တက်လိုက်တယ်
Perth ဟိုတလော က ကောင်မလေးနဲ့ အတည်တွဲနေပီဆို  ငါ သူနဲ့ တခါ အပြင်မှာတွေ့သေးတယ် မင်းတို့anni က ကြာပီဆိုတော့ အတည်ဖြစ်ပီလား
ငါမသိသေးဘူး
ဟေ အေးပါကွာမင်း လဲ အတည်တကျတွဲသင့်နေပီ
Saint ဘာစားမလဲ ကျောင်းရောက်ရင်
ရတယ် ဘာပဲ ဖြစ်ဖြစ်
ဟုတ်ပါပီ ကို က saint အကြိုက်တွေကိုမှတ်ထားပီးသား
Saint လဲ ကားနောက်မှန်ကနေ Perth ကိုလှမ်းကြည့်လိုက်တော့ Perth ရဲ့အကြည့်နဲ့သွားဆုံတယ်

Friend ZoneWhere stories live. Discover now