Part 7

21 6 2
                                    

ကျွန်တော် သူနဲ့ မတွေ့ဖြစ်အောင် ရှောင်နေတာက ကျွန်တော့် သူငယ်ချင်းကို ယောင်္ကျားလေး ချင်း ကြိုက်တာ မျိုး မဖြစ်စေချင်ဘူး  ငယ်ငယ် တုန်းက ကျွန်တော် စိတ်ဆိုးရင် သူ အမြဲ ကျွန်တော့်စိတ်ကြိုက် နေပေးခဲ့တယ် အာ့ကြောင့် ကျွန်တော် သူ့ကို စ မခေါ်ခဲ့ဘူး 
ဒါပေမဲ့  သူ ကျွန်တော့်ကို လာမခေါ်ခဲ့ဘူး  
အခု ကျွန်တော့ရှေ့မှာတင် ကျွန်တော် သူငယ်ချင်းနဲ့အတူတူ ထွက်သွားတယ်  ကျွန်တော် စိတ်တိုရမလား

ကို

ဟမ်

ဘာတွေ တွေးနေတာလဲ July တို့ပြန်ကြမယ် လေ

အော် အင်း ပြန်မယ်လေ

July ကို လိုက်ပို့ပြီး saint စီ ကျွန်တော် သွားခဲ့တယ်

မား saint ရှိလား

ရှိတယ် သားရေ သားလဲ မလာတာ ကြာပီနော် ရန်ဖြစ်ထားကြတာလား

မဟုတ်ပါဘူး မား ကျွန်တော်မအားလို့ စာမေးပွဲလဲ နီးပီဆိုတော့

အော် အေးပါကွယ် သွားသွား အပေါ်မှာရှိတယ်

ကျွန်တော်လဲ အပေါ်ကို တက်လာခဲ့တယ်

သူအခန်းရှေ့ရောက်တော့ အခန်းတံခါး က ဟနေလို့ ကျွန်တော် တချက် ကြည့်လိုက်တယ်

Saint laptop နဲ့စာ လုပ်နေတာ မြင်တယ်

ကျွန်တော် အထဲ ဝင်သွားတော့ ကျွန်တော့်ကို မော့ကြည့်တယ်

အော် Perth  ငါ့ဆီလာတာလား ဘာလာလုပ်တာလဲ

ငါပြောစရာရှိလို့

ဘာလဲ Tee အကြောင်းဆိုရင်တော့ မပြောနဲ့တော့

ဘာလို့မပြောရမှာလဲ saint ငါသိလျင်တယ် ဒီနေ့လဲ သူ မင်းလက်ကို ကိုင်သွားတယ်လေ

အာ့တော့

အာ့တော့ မင်းတို့အခြေအနေ ကဘယ်ထိရောက်နေပီလဲ

မင်းတကယ် သိချင်တာလား

အင်း

Ok လေ သိချင်တော့လဲ ပြောပြမယ် သူငါ့ကို ဖွင့်ပြောတယ်  အာ့ဒါ ပဲ

အာ့တော့ မင်း ဘာပြောလိုက်လဲ

ငါ စဉ်းစားမယ် ပြောလိုက်တယ်လေ 

ဘာ မင်းတကယ် ပြောနေတာလား

အင်းတကယ်ပြောနေတာ

ယောင်္ကျားလေးချင်းလေကွာ မင်း ငါ့စကားနားမထောင်တော့ဘူးလား

မင်းစကားကို ငါနားထောင်ခဲ့ပါတယ် ဒါမဲ့ သူက ငါ့အပေါ် မင်း ထက် ပိုကောင်းတယ် ငါ့ကိစ္စတွေမှာ မင်း ဝင်မပါ ပါနဲ့perth

ဘာ ငါက မင်းသူငယ်ချင်းပါ Saint
မင်း ဒီလိုပြောစရာ မလိုဘူး အေး မင်း ဘာမင်း ချစ် ချစ်မချစ်ချစ် ငါစိတ်မဝင်စား ဘူး ပတ်ဝန်းကျင်က ပြောခံရမှာ စိုးလို့ငါတားနေတာ အာ့အချိန်ကျရင် မင်းခံနိုင်ရည် ရှိနိုင်အောင်ကြိုးစားထား

ငါရွေးချယ်ခဲ့တဲ့ လမ်းဟာကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ငါလက်ခံတယ် ပတ်ဝန်းကျင်က ပြောလဲ ခဏပဲ ဂရုစိုက်စရာ မလို  ငါ တွဲလိုက်လို့ မင်းငါနဲ့ မပေါင်းချင်လဲ ဖြစ်တယ်

မင်း ဘာပြောစရာရှိသေးလဲ မရှိတော့ရင်လဲ သွားတေ့ ငါ စာလုပ်စရာရှိသေးတယ်

တောက်

Perth လဲ ပြန်ထွက်လာခဲ့တယ်

Perth ပြန်ထွက်သွားပီးတော့ saint လဲ စားပွဲပေါ် ခေါင်းမှောက်ပီး ငိုနေမိတယ်

Perth ရယ် ငါမင်း ကို ချစ်တာမင်းမမြင်ဘဲ ငါ့ကိုပဲ စော်ကားနေတယ် ငါ့ ခံစားချက်တွေကို မင်း မမြင်ဘူး

Friend ZoneWhere stories live. Discover now