Part 5

18 6 4
                                    

Saint လဲ အိမ်ပြန်ရောက်တော့ ရေချိုးလိုက်တယ် ရေချိုးခန်းထဲက ထွက်လာတော့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ Perth ကို မြင်ပီး လန့်သွားတယ်

Perth မင်း ဘယ်တုန်းက ရောက်နေတာလဲ ဖုန်းလဲ မဆက်ဘူး မင်း မျက်နှာက ဘာဖြစ်နေတာလဲ ကောင်မလေးနဲ့ အဆင်မပြေဘူးလား

Perth လဲ saint နားကိုလျှောက်လာပီး မေးလိုက်တယ်   မင်း တော်တော် ပျော်နေလား

ဟမ် ဘာကိုလဲ မေးတာကလဲ  တုံးတိကြီး

မင်း အခုမှ မသိချင်ယောင် ဆောင်မနေပါနဲ့ မင်း ဒီနေ့ Tee နဲ့ အပြင်သွားတယ်မလား

အင်း သွားတယ်လေ ဘာလို့လဲ

အာ့တော့ မင်း အရမ်းပျော်နေလားမေးတာ

မင်း ဘာစကား ပြောတာလဲ Perth  ငါပျော်လားဆိုတော့ ပျော်တယ် ဒီနေ့ လျှောက်လည်ရတာ သူက ငါ့ကို လဲ အလိုလိုက်တယ် ပြောရမလားဘဲ  တခုခု လုပ်ရင် ငါ့ကို ဦးစားပေးတယ်   ဒါနဲ့ မင်းက ဘာလို့မေးတာလဲ

မင်း သူ့ကို ကြိုက်နေတာလား

မင်း က ဘာလို့ အာ့လိုထင်တာလဲ

ဟုတ်တယ်လေ မင်းက ငါနဲ့ဆို အပြင်သွားရင် မချိတင်ကဲ ပြုံးနေတာလေ  သူနဲ့ကျတော့ ပြုံးပျော်နေတာ

မင်းက ငါတို့ကို တွေ့လိုက်တာလား တွေ့တယ်ဆို လဲ ငါပျော်နေတာ မြင်ရင် မင်းသိနေတာပဲ ဘာလို့ အဆန်း လုပ်ပီး လာမေးနေလဲ

Saint မင်း ငါ့ကို ရွဲ့နေတာ တော်တော့ ငါပြောနေတာ မင်းအတွက်ပြောနေတာ  သူ မင်းအပေါ် မရိုးသားဘူး ဝေးဝေးနေ 

Tee က မင်းသူငယ်ချင်းနော် ပီးတော့ သူ ငါ့အပေါ် မရိုးသားတာ  ငါသိတယ် ဒါပေမဲ့ ငါလက်ခံတယ် ဘာလို့လဲ သိလား ငါ့အပေါ် ဂရုတစိုက် ရှိတာ ဆိုလို့ သူပဲ ရှိတာလေ  အာ့တော့ ငါ ကျေနပ်တယ်  သူ ငါ့ကို ချစ်နေတယ်ဆိုလဲ ငါ့ဘက်က ငြင်းစရာ မရှိဘူး

ဘာလဲ saint မင်း က ယောင်္ကျားချင်း သာယာနေတာလား ငါ က အာ့လိုမျိုးတွေ ရွံ လို့ မင်း ကို အာ့လို မဖြစ်စေချင်လို့ ငါလာတား တာ

မင်း ရွံတယ် ဆိုတာ ဘာကိုလဲ ယောင်္ကျားချင်း ကြိုက်တာကိုလား သူတို့လဲ လူပဲ  ဘာများ မှားနေလို့လဲ  ငါ့ဘက်က အာ့လိုကြိုက် လို့ မင်းမပေါင်းချင်ရင် ငါ့ကို လာမပေါင်းနဲ့Perth

Saint မင်း ဘယ်တုန်းက ငါ့ကို အာ့လိုတွေ ပြန်ပြောဖူးလို့လဲ မင်းသူနဲ့တွေ့မှ ပြောင်းလဲ နေတာ

ငါပြောင်းလဲနေတာ မဟုတ်ဘူးPerth မင်းပြောင်းနေတာ တော်ပီ ငါ့ရှေ့ကဖယ်တော့ ငါ အင်္ကျီ  လဲမလို့ 

Saint လက်ကို Perth က ဆွဲလိုက်ပီး  မံရံကို ကပ်လိုက် တယ်

Saint မင်း ငါနဲ့ပဲ အပေါင်း အသင်း လုပ် ဘယ်သူနဲ့မှ မပေါင်းနဲ့ကြားလား

မင်း ငါ့ကို အာ့လို အမိန့် လာမပေးနဲ့ Perth 
ငါ ဘယ်တုန်းကြ အမိန့်ပေးတာမျိုးဆို နားထောင်ဖူးလဲ ငါ့စိတ်ကြိုက်နေချင်သလိုနေမယ်  မင်းတောင်နေချင်သလို နေနေတာပဲ

ဟာကွာ တော်တော့saint မင်းနဲ့ ဆက်ပြောနေရင် ငါ မင်းနဲ့ စကားများတော့မယ်  သွားတော့မယ် ဒါပေမဲ့ မင်းနောက်တခါ ငါ့ရှေ့ သူနဲ့တွဲတွေ့လို့ရှိရင် ငါ့အဆိုး မဆိုနဲ့  Perth လဲ ပြောပီး ထွက်လာခဲ့တယ်

Friend ZoneWhere stories live. Discover now