*Zawgyi*
A/N-သီချင်းလေးနားထောင်ပီးဖတ်..ခံစားချက်ထိမိစေရန် ရည်ရွယ်ပါတယ်😁💙👇
ညတစ်ည...။အလွန်တိတ်ဆိတ်နေ၏။နားထဲတွင် ပိုးဖလံများ မီးကိုတိုးနေသည့်အသံများကို ကာယမောင် အတိုင်းသားကြားနေရသည်။ ညစာထမင်းစားသော်လည်း စားမဝင်သဖြင့် အပေါ်ထပ်အိပ်ခန်းသို့သာ တက်လာလိုက်တော့သည်။အိပ်မယ်ကြိုးစားတော့လည်း မျက်လုံးနှစ်လုံးက မမှိတ်နိုင်။ဒီလိုနှင့် စာကြည့်စားပွဲပေါ်တွင် တင်ထားသော ဇီးယိုထုပ်ဘေးက ဒိုင်ယာရီစာအုပ်လေးကို လှမ်းယူပြီးဖွင့်ဖတ်လိုက်တော့သည်။ဒိုင်ယာရီ စာအုပ်လေးထဲကအကြောင်းအရာများဟာ လွန်ခဲ့သောတစ်နှစ်ခန့်လောက်ကအကြောင်းအရာများပင်...။
......................................................................................................
ချစ်ဦးသူ...။နာမည်လေးကဆန်းသလိုခေါ်ရာတွင် အခက်တွေ့စေမည့်နာမည်တစ်ခုပင်။ ချစ်ဦးသူတို့မိသားစုလေး ကာယမောင်၏ခြံဘေးသို့ပြောင်းလာခဲ့သည်။ အဆင့်မြင့်အိမ်ရာဝင်းတစ်ခုဖြစ်နေ၍ အိမ်ကြီးများမှာပြောစရာမလိုအောင်ပင် မြင့်မားခမ်းနားလှလေသည်။ဖြစ်ချင်တော့ ကာယမောင်တို့မိသားစုမှာ အိမ်နှစ်လုံးပိုင်လေသည်။တစ်လုံးကို ကာယမောင်တို့ကိုယ်တိုင် နေထိုင်ပြီး ခြံဘေးကနောက်တစ်လုံးကို လူငှားတင်ထားခဲ့သည်။ထိုလူငှားများမှာ ချစ်ဦးသူတို့မိသားစုပင်။
ချစ်ဦးသူတို့မိသားစုမှာ အခုမှရန်ကုန်ကိုပြောင်းလာကြခြင်းဖြစ်သည်။ ချစ်ဦးသူမှာလည်း ကာယမောင်တက်သော နီးစပ်ရာ အ.ထ.က ကျောင်းလေး၌သာတက်ဖြစ်လေသည်။အတန်းတူ၊တန်းခွဲတူဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး နေ့စဉ်လိုလိုတွေ့မြင်နေရသည်။ချစ်ဦးသူက အပေါင်းအသင်းကောင်းသောကြောင့် ကာယမောင်နှင့်ခင်ရန် နေ့တစ်ပိုင်းလောက်သာအချိန်ယူလိုက်ရသည်။ကာယမောင်ကတော့ အရှက်အကြောက်ကြီးသူပင်..။လူတွေကိုခင်ရမှာကြောက်သည့် Psychoပဲရနေသလိုလို၊အပေါင်းအသင်းမရှိ တစ်ယောက်တည်း သီးသီးသန့်သန့်သာနေသည်။ဒီလိုကောင်လေးမျိုးကို လာပေါင်းသင်းသူက ချစ်ဦးသူ။
YOU ARE READING
Rhythm's One-Shot Collections
Short StoryOne-shot Collections are below👇 📔Cover By Hawk Shine Lin📔