79 13 7
*Zawgyi*
"မင်းရဲ့အချစ်ဦးအကြောင်းကို ပြောပြမို့လို့ ငါ့ကို ဒီဆိုင်ကိုခေါ်တာဆို။အခု နားထောင်ဖို့ ရောက်လာပါပြီဗျာ။စိတ်ကြိုက်သာ ပြောတော်မူပေတော့"
မိမိအပေါ်အရာရာနားလည်ပေးတတ်သော သူငယ်ချင်းဖြစ်သူ ရောက်လာချိန်တွင် အနည်းငယ်တော့အားတက်သွားမိသည်။ ကော်ဖီဆိုင်လေး၏အပြင်ဘက်မှာ သင်္ကြန်မိုးတို့ တဖွဲဖွဲရွာသွန်းနေ၏။ကော်ဖီဆိုင်စားပွဲပေါ်တွင် အလှတင်ထားသော ပန်းအိုးထိုးထားသည့် ပိတောက်ပန်းခက်အလှလေးများကိုငေးကြည့်ရင်း အတွေးတို့ဟာ အတိတ်ဖြစ်ရပ်အချို့ဆီရောက်ရှိကုန်သည်။
အချစ်ဆိုတာ ဘာလဲဟု မသိသေးသည့်အရွယ်။သံယောဇဉ်ဆိုတာ ဘာလဲဟု မေးယူရမည့်အရွယ်။ရစ်တွယ်နှောင်ခြင်းဆိုတာ ဘာကိုပြောတာလဲ နားမလည်သေးသည့်အရွယ်တွင် တီးတိုးရင်ခုန်သံအချို့ဟာ သင်္ကြန်ဇာတ်လမ်းတစ်ပုဒ်နှင့်အတူ စည်းချက်ညီကခုန်လာခဲ့၏။
ဒါဟာ အချစ်ဦး။
ဦးဆုံးချစ်မိတဲ့အချစ်ဦးတဲ့။
.........................................................................................................
၂၀၁၀ခုနှစ်။
နွေလေတသုန်သုန်ဟာ ညှင်းသွဲ့သွဲ့တိုက်ခတ်နေလေ၏။လူကုံထံရပ်ကွက်၏ လမ်းကြားလေးထဲ ရွက်ကြွေတို့က လေထဲလွင့်မျောနေသည်။ရွက်ကြွေတို့နှင့် အတူ TVမှ တိုးလျလျသင်္ကြန်သီချင်းသံဟာ ကြည်နူးဆွတ်ပျံ့စွာ တစ်ချက်တစ်ချက်ထွက်ပေါ်လာသေးသည်။လေတစ်ချက်ဝှေ့လိုက်လို့ ပင့်သက်တစ်ချက်ရှိုက်လိုက်ပါက တစ်ဖက်လမ်းကြားက ပိတောက်နံ့သင်းသင်းကို ခံစားနိုင်သည်။
"သား ဝတ်စုံပြည့်နဲ့ပါလား။အဆင်သင့်ဖြစ်ပြီပေါ့လေ"
အိမ်ရှေ့ဧည့်ခန်းကြိမ်ထိုင်ခုံလေးတွင်ထိုင်နေသော ဒေါ်ယင်းမာဟာ မဂ္ဂဇင်းတစ်အုပ်ကို ထိုင်ဖတ်နေရင်းနဲ့မှ အိပ်ခန်းထဲကထွက်လာသည့် သားဖြစ်သူအား အမေးစကားဆိုလိုက်၏။သူမ၏သားလေးကတော့ သူမကို သွားလေးဖြဲကာရယ်ပြလေသည်။
"ဟုတ်။ကဲဖို့အဆင်သင့်ပဲ။သူတို့စောင့်နေကြတော့မယ်"
သားလေး၏စကားအဆုံး ဒေါ်ယင်းမာ မတ်တပ်ထရပ်လိုက်ပြီး သားအနားသို့ သွားလိုက်သည်။သားခေါင်းပေါ်က ကပိုကရိုဆံစများကို တယုတယလေးသပ်တင်ပေးလိုက်ရင်း သားရဲ့ဂျာကင်ပေါ်တင်ကျန်နေသည့် ဖုန်မှုန့်အချို့ကို တဖတ်ဖတ်နှင့်သုတ်သင်သည့်သဘော ခါပေးလိုက်ရသည်။
Rhythm's One-Shot CollectionsWhere stories live. Discover now