*Zawgyi*
*ဤဇာတ်လမ်းပါအကြောင်းအရာများသည် နိုင်ငံရေးအကြောင်း သရော်ထားခြင်းမပါဝင်သလို နိုင်ငံရေးကာလအပိုင်းအခြားတစ်ခုမှာ ဖြစ်ပျက်ခဲ့သောအရာကိုသာ ထည့်ယူသုံးစွဲထားကြောင်းအတိအလင်း ရှင်းပြထားချင်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်း အလျင်းမရှိပါ။စာရေးသူ၏စိတ်ကူးစိတ်သန်းသပ်သပ်မျှသာ...။🙏**သီချင်းလေးပါ👇👇
...
"🎶🎶အရေးကြီးပြီ ညီနောင်အပေါင်းတို့...သွေးစည်းကာ ညီစေညီကြစို့.🎶🎶.ငါတို့ရဲ့သမိုင်းတစ်ခေတ်ကို ငါတို့သွေးနဲ့ရေးခဲ့ပြီ...သွေး..သစ္စာလည်းပြုခဲ့ပြီ🎶🎶"
လူမှုကွန်ရက်စာမျက်နှာပေါ်မှဆန္ဒပြပြည်သူများ၏ဗီဒီယိုဖိုင်အတိုလေးကို ကြည့်နေသည့် အသက်၂၅နှစ်အရွယ်ခန့်ရှိ မိုးစက်(ခေါ်)Jackဆိုသည့် ကောင်လေးတစ်ယောက်။ယခုအချိန်မှာ တိုင်းရေးပြည်ရေးအခြေအနေ မကောင်း၊အရေးအခင်းပုံစံဖြစ်နေသောကာလဖြစ်နေသဖြင့် နေ့ရော၊ ညပါမကျန် ဆူပူသောင်းကျန်းမှုများဖြစ်ပွားလျက်ရှိပေသည်။Jackကတော့ နိုင်ငံရေးဘာရေး စိတ်မဝင်စားသောကြောင့် ဘာဆိုဘာမှဝင်မပါဖြစ်ပေ။မဆိုင်သလိုသာနေဖြစ်သည်။
ခဏကြာတော့Jackအနားသို့ Jackမေမေ ရောက်ရှိလာသည်။ ညစာထမင်းစားပြီး မီးဖိုချောင်ထဲကထွက်လာကာ Jackဘေးနားက ကြိမ်ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်သည်။
ဝုန်း...။ရုတ်တရက်အသံကြား၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ကို လှမ်းမျှော်ကြည့်လိုက်တော့ ကောင်းကင်မှမိုးစက်မိုးပေါက်များ မြေပြင်သို့ သက်ကြွေကျဆင်းလာသည်ကို Jackမြင်လိုက်ရသည်။မိုးရွာပြီဖြစ်၍ ထုံးစံအတိုင်း ပြဲပြဲဟထားသောပြတင်းပေါက်များကို ပိတ်ရပေမည်။ မေမေမှာလည်း ထိုင်ခုံမှာဖင်ပူအောင်တောင်မထိုင်နိုင်သေး... ခြံထဲမှာလှန်းထားသော အဝတ်များကို အပြေးရုတ်ရတော့သည်။ မိုးရွာလျှင် ဒါဟာ အလွန်အလုပ်ရှုပ်ပေသည်။
YOU ARE READING
Rhythm's One-Shot Collections
Short StoryOne-shot Collections are below👇 📔Cover By Hawk Shine Lin📔