*Zawgyi*
(⚠️A/N- ဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်ပါကြောင်းနှင့် ဝတ္ထုရှည်တစ်ပုဒ်စာလောက်ကြီးကို One-shotလေးအဖြစ် အသက်သွင်းရသောကြောင့် တချို့နေရာများတွင် လိုအပ်သောSceneများ ရှိနေလောက်မည်ဖြစ်ပါကြောင်း🙏😁သီချင်းလေးနားထောင်ပြီးဖတ်ကြပါနော်🎶😘)
ပင်လယ်ပြာကြီး...။တချို့က ပင်လယ်ကို အဏ္ဏ္ဏဝါလို့ခေါ်ကြတယ်။ ထိုအဏ္ဏဝါပင်လယ်ပြင်ကြီးရဲ့ကမ်းစပ်တစ်နေရာရာမှာ ဂဏန်းကောင်ကလေးများအပြည့်ပါဝင်သော အပြာရောင်ပလက်စတစ်ပုံးလေးကို ကိုင်ဆောင်ထားသည့်ကောင်လေးတစ်ယောက်။ပုံးထဲက ဂဏန်းလေးတွေကတော့ လွတ်မြောက်ပျော်ရွှင်ရတော့မည်။သူလွှတ်လိုက်ရင် လွတ်လွတ်လပ်လပ်ကူးခတ်သွားလာနိုင်တော့မည်။သူရော??သူကရော ဘယ်တော့မှ ဒီဂဏန်းလေးတွေလို ပျော်ပျော်ရွှင်ရွှင်ကူးခတ်နိုင်မှာလဲ?? 'အဏ္ဏဝါ'လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့ဘဝမှာ ပျော်ရွှင်မှုဆိုတာ အလျဉ်းမရှိ။သို့သော် မှတ်မှတ်ရရ ဘဝမှာ လူတစ်ယောက်ကြောင့် ပျော်ရွှင်ခဲ့ဖူးပါတယ်။ဒါပေမဲ့ ထိုအချိန်လေးက ခဏတာသာ။ရက်အားဖြင့် တွက်ကြည့်မယ်ဆိုရင် ဆယ်ရက်လောက်ပဲရှိလိမ့်မယ်။အဲ့လူကလည်း အဏ္ဏဝါရဲ့ဘဝထဲက ထွက်ခွာသွားခဲ့တာကြာပေါ့။တစ်နှစ်တောင်ရှိခဲ့ပြီ။ တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ သူများတွေအတွက်ခဏလေးဆိုပေမယ့် စောင့်ဆိုင်းနေရတဲ့အဏ္ဏဝါအတွက်တော့အကြာကြီးပဲ။သူဘယ်ကိုရောက်နေပြီလဲ။ကမ္ဘာကြီးရဲ့ဘယ်နေရာမှာ ဘယ်သူတွေနဲ့ပျော်ရွှင်နေပြီလဲ။သူ့လို အသက်၁၈နှစ်ပဲရှိသေးတဲ့ သာမန်ရွက်ကြမ်းရေကျိုရုပ်ရည်လေးနဲ့ ကောင်လေးကို ဘယ်သူက ကြာကြာကြီးချစ်နိုင်မှာလဲ။သူ့လို အလုပ်မရှိအကိုင်မရှိ ကမ်းခြေရွာထဲကအိမ်တန်းလေးတွေမှာ နေထိုင်တဲ့သူကို ဘယ်သူက မြို့ကြီးပြကြီးကိုခေါ်ဆောင်သွားမှာလဲ။သူ့လို တံငါသည်မျိုးဆက်ကို ဘယ်သူက အမြတ်တနိုးနဲ့ဂရုစိုက်ချင်မှာလဲ။
အတွေးပေါင်းများစွာနှင့်အတူ အဏ္ဏဝါ ပုံးထဲက ဂဏန်းလေးများကို လက်ဖဝါးပေါ်တင်ကာ တစ်ကောင်ချင်း ပင်လယ်ထဲသို့လွှတ်ပေးလိုက်သည်။ လွတ်မြောက်သွားသောဂဏန်းလေးများဟာ ပင်လယ်ဆားငန်ရေတွေထဲမှာ စိတ်ကြိုက်ပျော်ရွှင်စွာကူးခတ်သွားကြသည်။ထိုအချိန် အဏ္ဏဝါ့စိတ်မှာ စိုးရိမ်စိတ်များဝင်လာမိသည်။သူဂဏန်းလွှတ်နေတဲ့နေရာနဲ့ တစ်ဖာလုံလောက်အကွာမှာ တံငါသည်အချို့ ကမ်းဆွဲပိုက်တွေနဲ့ ငါးဖမ်းနေကြသည်။
STAI LEGGENDO
Rhythm's One-Shot Collections
Storie breviOne-shot Collections are below👇 📔Cover By Hawk Shine Lin📔