190 27 9
*Zawgyi*
လေပြည်လေညှင်းများတသုန်သုန်တိုက်ခတ်နေ၍ မြေပြန့်ပေါ်က စိမ်းနုရောင်သစ်ရွက်လေးများ လေထုထဲ၌ ပျံဝဲကစားနေသည့် လမ်းကြားလေးထဲ၌ ကောင်လေးတစ်ယောက် ကြိမ်ခြင်းတောင်းလေးတစ်လုံးဆွဲလျက် အိမ်သို့လမ်းလျှောက်ပြန်လာလေသည်။ထိုကောင်လေး၏ခေါင်းထဲတွင် အတွေးများစွာနှင့်ပြည့်ကျပ်နေလျက်။
အရာရာအဆင်မပြေမှုများနှင့်ခေတ်ကြီးကယိုယွင်းပျက်စီးလာကာ စားဝတ်နေရေးတွေကျပ်တည်းလာကြသည်နှင့်အမျှ မိသားစုရေး၊ တစ်လတာအတွက်အိမ်ကုန်ကျစရိတ်စသည်တို့ကပါ ဦးနှောက်ထဲ အတွေးများအသွင်နှင့်နေရာယူလာလေတော့သည်။
ပိုင်အံ့တို့မိသားစုလေးက သိပ်ကျပ်တည်းလှတယ်ရယ်လို့လည်းမဟုတ်။ သို့သော် ချောင်ချောင်ချိချိလည်းရှိမနေပေ။အနည်းငယ်တော့ အိမ်သုံးစရိတ်ကိုခြိုးခြံချွေတာနေရသည်။
ကလေးတစ်ယောက်မွေးတယ်ဆိုတာကလည်း ကလေးအသက်ကြီးလာသည်နှင့်အမျှ ကုန်ကျစရိတ်ကလည်းများပါ့။ ထိုကလေး၏စားရေးသောက်ရေး၊ကျောင်းထားရေး၊လိုအပ်တာဝယ်ပေးရေးကအစ ချီးသေးကိစ္စထိအဆုံး ပိုက်ဆံဆိုတာ အနည်းနဲ့အများတော့လိုက်ရသည်။
ဟော..ခုပဲကြည့်လေ။ပိုင်အံ့တို့ရဲ့တစ်ဦးတည်းသောသားလေး ခေတ်အံ့နိုင်းက ကျောင်းထားသည့်အရွယ်ရောက်တော့ ကျောင်းထားခဲ့ရ၏။ ကျောင်းပြီးတော့ အတန်းနည်းနည်းကြီးလာသည်နှင့်အမျှ ကျူရှင်ဆိုတာလေးကလည်း တက်လိုက်ရအုံးမှ။ကျူရှင်ဆိုတာလည်း ဒီဘက်ခေတ်မှာမှခေတ်စားလာသည့်အရာ။မူလတန်းကျောင်းသားအရွယ်ဖြစ်နေသော်လည်း ကျူရှင်မတက်ရင်ဘဲ ခေတ်မမီတော့သလို၊စာတွေပဲ မလိုက်နိုင်တော့သလို။
မူကြိုကျောင်းကဆရာအကူလေး ပိုင်အံ့တစ်ယောက် ကျောင်းမှအိမ်အပြန်လမ်းတွင် သားလေးခေတ်၏အနာဂတ်အကြောင်းတွေးရင်း တအီအီနှင့်လမ်းလျှောက်လာရာ သူတို့နေထိုင်ရာနှစ်ထပ်ပျဉ်ထောင်အိမ်လေးသို့ရောက်ရှိခဲ့ပြီ။ဒီပျဉ်ထောင်အိမ်လေးဟာ သူတို့မိသားစုရဲ့သုခဘုံ အချစ်အိမ်လေး။
သံချေးတွေရော၊ရေညှိတွေပါမြောက်များစွာကပ်ငြိနေသည့် ခြံအဝင်ဝ သံတံခါးလေးကိုဖြည်းဖြည်းချင်းတွန်းဖွင့်ရင်း ခြံထဲဝင်လာခဲ့လေသည်။ တစ်ခြံလုံးကတိတ်ဆိတ်ငြိမ်သက်လျက်။
Rhythm's One-Shot CollectionsWhere stories live. Discover now