💕Eternally Love 💕[Final]💕

3.6K 267 24
                                    

[💕 Unicode 💕]

အရင်ကငြိမ်သက်နေခဲ့သော ဆေးရုံအခန်းလေးတစ်ခန်းဟာ အခုချိန်ဆိုရင် ဆရာဝန်နဲ့ Nurse များဖြင့် ဆူညံနေကြသည်၊၊ ဤသည်က ကောင်လေးတစ်ယောက်၏ ဒုတိယအကြိိမ် ခွဲစိတ်ခြင်းကြောင့်ဖြစ်သည်၊၊ ဒီတစ်ဟာကတော့ အရင်တစ်ခါနဲ့မတူဘဲ ဖြေးဖြေးခွဲစိတ်လုပ်နိုင်ကြသည်၊၊ အဘယ့်ကြောင့်ဆိုသော် ပထမအခါခွဲစိတ်ခဲ့တုန်းက အသက်အန္တယ်အရေးပေါ်မို့ အလျှင်စလို ခွဲစိတ်ခဲ့ရပေမဲ့ ဤတစ်ခါကတော့ နှလုံးအစားပေးရန်သာဖြစ်သောကြောင့် အရင်ကလောက် အလျှင်စလိုလုပ်စရာမလိုတော့ပေ၊၊

ထိုခွဲစိတ်ခန်းရဲ့ အရှေ့မှာတော့ အရင်ကလောက် လူမစုံကြတော့ပေ၊၊ အရင်ကလို သားတစ်ယောက်အတွက် စိုးရိမ်စိတ်များကာ သူ့အပြစ်ဟု ခံစားပြီးစိုးရမ်ကြောင့်ကြနေရသော အသက် 40 ကျော် ဦးလေးတစ်ယောက် မရှိတော့ပေ၊၊ ထိုလူကြီးပျောက်နေသည်ကို တံခါးကိုမှ၍ငိုင်နေသော ကောင်ငယ်လေးတစ်ယောက်က လွဲ၍ကျန်သောလူတွေက သတိမထားမိကြချေ၊၊

ထိုကောင်လေးသည် သူချစ်ရသော ကောင်လေးအတွက် နှလုံးအလျှူရှင်ပေါ်လာတာတောင် မပျော်နိုင်ပဲ ရင်ထဲတွင်အပူမီးများစွာဖြင့် ငိုကြွေးနေရသည်၊၊

ဤသည်မှာ အဘယ့်ကြောင့်လဲဆိုလျှင် သူမှားယွင်းစွာ စွပ်စွဲခဲ့သော သူတစ်ယောက်သည် သူချစ်ရသော လူအတွက်အနစ်နာခံရန် ပြုလုပ်နေသည်ကို သူမသိခဲ့ဘဲ ထိုသူကိုကျေးဇူးမတင်ပဲ ပြောဆိုခဲ့မိသည်၊၊ ထိုသူက သူ့ကိုစိတ်လည်းမဆိုးသလို သူ့အတွက်တောင် နားလည်ပေးခဲ့သေးတာ၊၊ ထိုအတွက်ကြောင့် သူ့အတွက်အပြစ်ရှိသလို ခံစားနေရသည်၊၊

စိတ်ထားကောင်းလွန်းပြီး သားအရင်းမဟုတ်ခဲ့တဲ့ သူကိုတောင် သားအရင်းတစ်ယောက်ထပ်ပိုသော အချစ်များဖြင့် ချစ်ပေးပြီး အမြဲအနစ်နာခံခဲ့တဲ့ သူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတာဟာ ကမ္ဘာမြေအတွက် လူကောင်းတစ်ယောက် ဆုံးရှုံးရသလိုပင်၊၊

~~~~~~~~~~~~~~~~~~~~~~~~~~
အချိန် 3 နာရီကျော်နီးပါး ခွဲစိတ်ပြီးသောအခါ ထိုခွဲစိတ်ခန်းအတွင်းမှ ဆရာဝန်နဲ့ Nurse အချို့သည် ပင်ပန်းနေသာမျက်နှာထက်တွင် အပြုံးလေးများကိုယ်စီဖြင့် ထွက်လာခဲ့သည်၊၊

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now