💕 Extra 💕🔞🔞

5.4K 334 44
                                    

[💕 Unicode 💕]

မင်္ဂလာပွဲ ပြီးသောအခါ Taehyung နှင့် Hoseok တို့က သူတို့ရဲ့ဟန်းနီးမွန်းခရီးကို Taehyung သွားချင်သော အီတလီသို့ သူတို့အတွဲက သွားကြပြီး Jung Kook နဲ့ Jimin တို့ကတော့ သူတို့အထက်တန်းတုန်းက ကျောင်းလေ့လာရေးခရီးသွားခဲ့ဖူးသော Jimin ရဲ့အဖေပိုင်သော ပင်လယ်သို့သာ သွားရန် ဆုံးဖြတ်ကြသည်၊၊

Jimin သည် သူတို့နှစ်ယောက်ရဲ့ပထမဆုံးမင်္ဂလာဦးညကို သူတို့နှစ်ယောက်ပထမဆုံးညလေးဖြစ်ခဲ့တဲ့ နေရာမှာပဲ မင်္ဂလာဦးညလေးကို ကုန်ဆုံးချင်တယ်ဟု ဆိုသောကြောင့် Jung Kook တို့ရဲ့ ဟန်းနီးမွန်းခရီးစဥ်သည် နေရာပြောင်းသွားခဲ့တာ ဖြစ်သည်၊၊

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jung Kook တို့ ပင်လယ်သို့ ရောက်သောအခါ အချိန်ကား 3 နာရီဝန်းကျင်ပဲ ရှိသေးသည်၊၊ Jimin ကတော့ ဟော်တယ်ခန်းကို စရောက်တည်းက ပင်ပန်းသည်ဟုဆိုကာ အိပ့်သွားပြီဖြစ်သည်၊၊ Jung Kook လည်း အားကျမခံ ပုစိ ခန္ဓာကိုယ်ငယ်လေးကို ဖက်ပြီးအိပ့်လိုက်သည်၊၊

ဟုတ်သည်လေ...သူအားမွေးထားရမယ်၊၊ ညကျရင် အချစ်ညလေးကို ကြာရှည်စွာ ဆင်နွဲရဦးမည်လေ...အဲ့တာမို့ အခုထဲက အားကိုကြိုတင် ဖြည့်ထားရမည်၊၊

နူးညံ့အိစက်နေသော အနီရောင် နှစ်ယောက်အိပ့်မွှေ့ယာကြီးအပေါ်တွင် ပင်ပန်း၍နှစ်ချိုက်စွာ အိပ့်ပျော်နေသော ကောင်ငယ်လေးတစ်ယောက်နှင့် အကြံဇိုးကြီးဖြင့် အပီကြုံးဖို့ အားမွေးရန် ပြင်နေသော ကောင်လေးတစ်ယောက်ရယ် အတူပူးကပ်၍ အိပ့်နေကြသည်၊၊

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညနေ 5 နာရီထိုးသောအခါ Jung Kook သည် နိုးထလာခဲ့သည်၊၊ အအိပ့်ပုပ်တဲ့ ပုစိကတော့ အခုထိတိုင် နှစ်နှစ်ချိုင့်ချိုင့် အိပ့်နေဆဲ ဖြစ်သည်၊၊

Jung Kook Jimin ဘေးမှ ဖြေးညှင်းစွာ ထလိုက်ပြီး ရေမိုးချိုးလိုက်သည်၊၊ ရေချိုးပြီးသောအခါ နှစ်ချိုင့်စွာအိပ့်နေသော ဘေပီပုစိဘေးသို့ သွားကာ ဖောင်းဖောင်းလေးဖြစ်နေသော ပါးနုနုလေးတွေကို လက်ဖြင့် အသာဆွဲကာ

Jk:ပုစိလေးရေ ထတော့လေ...ကိုယ်တို့အတူ ညစာစားပြီး ပင်လယ်ကို တူတူ သွားကြည့်ရဦးမယ်လေ....အခုပဲ 5 နာရီထိုးနေပြီ အိပ့်ပုပ်လေးရဲ့

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now