💕Eternally Love 💕[Part 18]💕

3.1K 303 15
                                    

[Unicode☘️☘️]

Jm:အား...သေပါပြီ....သေပါပြီ....သွားပါပြီ....အရမ်းနောက်ကျကုန်ပြီ....ငါတော့တကယ်သေပြီ....

Jimin ဒီနေ့အိပ့်ယာထတာ တော်တော်နောက်ကျတယ်၊၊ဘာလို့လဲဆိုတော့ ညတုန်းကစိတ်ကူးယဥ်နေတာ ညနက်သွားလို့.....စိတ်ကူးယာဥ်တယ်ဆိုတာထက် စဥ်းစားနေတာဆိုပိုမှန်မယ်....Jung Kook ကသူ့ကိုဘာကြောင့် နမ်းခဲ့တာလဲဆိုတာကို သူတစ်ညလုံးသေချာ စဥ်းစားလည်းအဖြေမရခဲ့ဘူး....ဘယ်သူငယ်ချင်း‌တွေက အရမ်းလွမ်းလို့ နမ်းတယ်ဆိုတာရှိလို့လဲ.....ဒါမှမဟုတ် Jung Kook ကကျွန်တော့်ကိုချစ်နေတာများလား....ဟင့်အင်း...မဖြစ်နိုင်ပါဘူး...Jung Kook ကဘယ်တော့ကမှ ကျွန်တော့်ကိုမချစ်ခဲ့ဘူး....ကျွန်တော့်ကိုသူက သူငယ်ချင်းလိုပဲခင်ခဲ့တာ....ဒါဆိုဘာကြောင့်နမ်းခဲ့တာလဲ....ကျွန်တော့်စိတ်ထဲမှာအဖြေရှာမရခဲ့ဘူး....ကျွန်တော့်စိတ်တွေဒွိဟဖြစ်နေတယ်....Jung Kook ကျေးဇူးပြုပြီး ငါ့ကိုနောက်ထပ်မျှော်လင့်ချက်တွေ မပေးပါနဲ့တော့....ငါမင်းအပေါ်နောက်တစ်ခါ ထပ်ယိမ်းယိုင်မိသွားမှာကြောက်လို့ပါ...ငါနောက်တစ်ခါမနာကျင်ချင်တော့ဘူး~~~~

Jimin နောက်ကျနေတာမို့ လျှင်မြန်စွာပြင်ဆင်ကာ ကျောင်းသို့သုတ်ခြေတင်ကာ ပြေးရန်အစီအစဥ်ဆွဲနေသည်၊၊

Jm.pov:ငါကိုက ဒီနေ့ကံတော်တော်မကောင်းတာပါ....ခါတိုင်းဆိုရင် ကျွန်တော်နောက်ကျတိုင်း နိုးပေးမဲ့ SooWoo Hyung ကရှိသေးတယ်၊၊ ဒါပေမဲ့ ဒီနေ့က SooWoo Hyung ကတက္ကသိုလ်စတက်တဲ့နေ့ဆိုတော့ Hyung ကသူ့ကျောင်းကိုစောစောထွက်သွားပြီလေ၊၊ အဲ့တော့ကျွန်တော့်ကို နိုးပေးမဲ့သူကမရှိတော့....ပြီးတော့ညတုန်းကစိတ်ရှုပ်နေတာနဲ့ပဲ Phone ကို Alarm မပေးထားလိုက်ရဘူး....ကောင်းလိုက်တဲ့ကံတရားကြီး....

Jimin တစ်ယောက်လှေကားထစ်တွေကို သူ့ရဲ့ခြေထောက်ပုစိလေးတွေနဲ့ လျှင်မြန်စွာပြေးလွှားနေရင်း သူ့ရဲ့ဗရုတ်ကျမှုတွေကို သူပြန်စဥ်းစားနေမိတယ်၊၊

တိုက်ရှေ့ကိုရောက်တော့
(Jimin က SooWoo နဲ့တူတူတိုက်ခန်းဌားနေတာပါ...သူတို့အခန်းက တတိယထပ်မှာပါ)

Jm.pov:ဟင်....Jung Kook??

Jung Kook ကအခုကျွန်တော့်တို့ တိုက်အရှေ့မှာ ကားရပ်ထားပြီး သူကတော့ကားကိုမှီထားတယ်၊၊ ပြီး‌တော့ ကျွန်တော်ကိုပြုံးပြီး ကြည့်နေသေးတယ်....အယ် မျက်စိတောင် တစ်ဖက်မှိတ်ပြလိုက်သေးတယ်....ဘာလားဟ....ငါJung Kook ကိုစဥ်းစားမိတာတွေများပြီး သူ့ကိုနောက်ထပ် မြင်ယောင်နေမိတာထင်တယ်....ငါအခုထိအဲ့ရောဂါမပျောက်သေးဘူးလားကွာ..???

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now