💕Eternally Love 💕[Part 19]💕

3K 306 7
                                    

[Zawgyi❣️❣️]

မနေ့ကတစ်နေ့လုံး Jung Kook နဲ့နေရာစုံလျှောက်လည်ရင်း မုန့်တွေအများကြီး ဝယ်စားခဲ့ကြတယ်၊၊ အရမ်းကိုပျော်ဖို့ ကောင်းခဲ့တယ်...ကျွန်တော်လည်းတော်တော်ကို ပျော်ခဲ့ရပါတယ်....Jung Kook ကျွန်တော့်ကို အချိန်ပေးပြီး ဂရုစိုက်ပေးတဲ့အတွက်လည်း ပျော်မိတယ်......အရင်လိုတစ်ယောက်ထဲ အထီးမကျန်ရတော့လို့ ရင်ထဲမှာနည်းနည်းတော့ စိတ်ကြည်နူးမိသလိုပဲ....ဒါပေမဲ့လည်း Jung Kook အပေါ်နောက်တစ်ခါ စွဲလမ်းမိသွားမှာကိုလည်း ကြောက်နေမိတယ်......ကျွန်တော်အထီးကျန်စွာနာကျင်ခဲ့ရတဲ့ အတိတ်ကိုမေ့ဖျောက်ချင်နေမိတယ်....ဒါပေမဲ့လည်း အဲ့တာက ကျွန်တော့်ဘဝကပေးတဲ့ ဘဝသင်ခန်းစာတစ်ခုပဲလေ...တစ်ခါတစ်လေတော့လည်း "နာကျင်မှုတွေပြီးရင် ပျော်ရွှင်ရလိမ့်မယ်ဆိုတဲ့" စကားပုံကိုနည်းနည်းတော့ ယုံလိုက်ချင်မိတယ်......ကျွန်တော်လည်း သူများတွေလို ဘာခံစားမှုမှမရှိဘဲ လွတ်လွတ်လပ်လပ်‌နဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်တယ်လေ၊၊

စဉ်းစားနေတာတွေ ခဏရပ်ပြီး အတန်းတက်ဖို့သာ ပြင်ဆင်လိုက်တယ်......ဟိုနေ့က နောက်ကျပြီး ဗရုတ်သုတ်ခဖြစ်ခဲ့တာကြောင့် ကျွန်တော်ဒီနေ့တော့ စောစောထပြီး ကျောင်းကိုစောစောသွားဖို့ ဆုံးဖြတ်ထားတယ်၊၊

Jimin ပြင်ဆင်ပြီး လွယ်အိတ်လေးလွယ်ကာ အောက်ကိုဆင်းလာသည်၊၊ အောက်ရောက်တော့ ဟိုနေ့ကလို Jung Kook မရှိနေတော့ဘူး...စောသေးလို့ထင်တယ်၊၊အခုမှ 7 နာရီပဲရှိသေးတာလေ၊၊

Jimin Bus ဂိတ်ကိုရောက်တော့ ကားမရောက်သေးလို့ခဏထိုင်စောင့်ရင်း သူလမ်းမှာအစာပြေစားဖို့ဝယ်ထားတဲ့ ပေါင်မုန့်နဲ့ Banana Milk ကိုလွယ်အိတ်ထဲကထုတ်လိုက်ပြီး ပေါင်မုန့်ကိုတစ်ကိုက်ကိုက်ရင်း Banana Milk ဘူးကိုဖွင့်ကာ သောက်နေလိုက်သည်၊၊

ကားရောက်တော့ သူကျန်နေတဲ့ပေါင်မုန့်ကို ပါးစပ်ထဲ အကုန်သွပ်လိုက်ပြီး ကားပေါ်ပြေးတက်ရန်ပြင်လိုက်သည်....သူကားပေါ်ကို ခြေလှမ်းတစ်လှမ်းပဲ လှမ်းရသေးတယ်.....သူ့ကိုလူတစ်ယောက်က အောက်ကိုပြန်ဆွဲချလိုက်တော့ သူလည်းကားပေါ်ကနေ ပြုတ်ကျပြီး အနောက်ကိုယိုင်ကျသွားတယ်၊၊

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now