💕Eternally Love 💕[Part 9]💕

2.7K 312 0
                                    

[Zawgyi 💫💫💫]

Jm.pov:ကျွန်တော်တို့ ကျောင်းတက်တာ 1လတောင်ကျော်နေပြီ ဒီကြားထဲ Jung Kook နဲ့ကျွန်တော်က တော်တော်ကိုရင်းနှီးနေကြပြီလေ

Jung Kook ကလည်းကျွန်တော့်ကိုဖုံးကွယ်တာ မရှိသလို ကျွန်တော်ကလည်း ဖုံးကွယ်တာမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုရှိကြတယ်

ပြီးတော့ Jung Kook က Hoseok,Taehyung,NamJoon Hyung,Yoongi Hyung တို့နဲ့လည်းရင်းနှီးနေပြီ သူငယ်ချင်းအရင်းကြီးတွေလိုတောင်ဖြစ်နေကြပြီလေ

Ri Yu Eun ကတော့ Jung Kook ကိုကြိုက်တယ်လို့ဝန်ခံခဲ့တယ် Jung Kook ကငြင်းထားပေမဲ့ သူ့ဘက်ကတော့ဇွဲမလျှော့ပဲ လိုက်နေတုန်းပဲ Jung Kook ကသူ့ကိုစိတ်မဝင်စားတာကိုသိပေမဲ့ ကျွန်တော့်ဘက် ကတော့ စိတ်ပူနေရသေးတာပေါ့ Jung Kook ကကျွန်တော့်အပိုင်မှမဟုတ်သေးတာ

Jk:Jimin ဘာတွေစဉ်းစားနေတာလဲ

Jm: ဘာမှမဟုတ်ပါဘူး Jung Kook ကိုမေးစရှိလို့

Jk:မေးလေ

Jm:Jung Kook ကကျောင်းပြီးရင် ဘာလုပ်မှာလဲ

Jk:ကိုယ်က ကုမ္ပဏီ တစ်ခုမှာ အလုပ်ဝင်လျှောက်ပြီး အလုပ်လုပ်မှာ

Jm:Jung Kook ကတက္ကသိုလ် မတက်တော့ဘူးလား

Jk:ကိုယ်ကတက္ကသိုလ်တ်ပြီးပိုက်ဆံအကုန်မခံချင်တော့လို့ ကိုယ့် Appa ကိုပဲလုပ်ကျွေးတော့မယ်

Jm:ဟင်း Jung Kook ကလည်း အလုပ်လုပ်ချင်ရင်လည်းလုပ်လေ ဒါပေမဲ့အဝေးသင်လေးတော့တက်လေနော် Jung Kook မရှိရင် ပျင်းစရာကြီး

Jk:Jimin ကလည်း Taehyung တို့ Hoseok တို့လည်းရှိတာပဲကို တစ်ယောက်တည်းမှမဟုတ်တာ ကိုယ်လည်းမင်းတို့ကိုလာတွေ့မှာပါ

Jm:ဟင့်အင်း Jung Kook မတက်ရင် ကျွန်တော်လည်းမတက်တော့ဘူး

Jk:မဖြစ်ဘူးလေ Jimin မတက်ရင် Jimin ရဲ့ Appa တို့ Omma တို့စိတ်မကောင်းဖြစ်မှာပေါ့ တက်လိုက်ပါ

Jm:အဲ့ဆိုရင် Jung Kook လည်းတက်

Jk.pov:ကျွန်တော်မတက်ရင်မတက်ဘူးဆိုတဲ့ Jimin စကားကြောင့် Jung Kook တက္ကသိုလ်မတက်ချင်ပေမဲ့တက်ရတော့မှာပဲ ကျွန်တော်က မတက်ချင်တာတော့မဟုတ်ပါဘူး ကျွန်တော်ကဆင်းရဲတယ်လေ အဲ့တော့ သူများတွေလို တက္ကသိုလ်တက်ပြီး အချိန်ကုန် ပိုက်ဆံကုန် ခံလို့မှမရတာ ကျွန်တော်ကိုယ်တိုင်အလုပ်လုပ်မှရမှာဆိုတော့ အလုပ်ပဲလုပ်ဖို့တွေးထားတာ ကျွန်တော့် Appa ကိုလည်းပြန်ပြီးလုပ်ကျွေးရဦးမယ်လေ ဒါပေမဲ့ Jimin ကကျွန်တော်နဲ့မတူဘူးလေ သူကသူ့အနာဂါတ်ရှိတယ် ပြီးတော့ သူ့မိသားစုကလည်းချမ်းသာတော့ လုပ်ချင်တာလုပ်လို့ရတယ်လေ ကျွန်တော့်ကြောင့် သူ့အနာဂါတ်လေး ကိုအပျက်အဆီးမဖြစ်စေချင်ဘူး အဲ့တာမို့ သူ့ဆန္ဒကိုကျွန်တော်လိုက်ရောလိုက်ပြီး ကျွန်တော်ပဲ ပိုပြီးပင်ပန်းခံလိုက်ပါတော့မယ်

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now