💕Eteranlly Love 💕[Part 20]💕🔞🔞

4.2K 311 16
                                    

[Zawgyi☘️☘️]

Jimin အိမ်ပြန်ရောက်တော့ Taehyung တို့နဲ့သွားသောက်ဖို့ အမြန်ပြင်ဆင်နေရသည်၊၊ဟိုကောင် Taehyung ကအချိန်အရမ်းတိကျတာ 1 မိနစ်တောင်နောက်ကျလို့ မရဘူး...အဲ့လောက်ထိ တိကျတဲ့ ကိုတိကျ....အဲ့တာမို့သူမလာခင် အမြန်ပြင်ဆင်ရမှာ....သူလာတဲ့အထိ မပြီးရင် ဘေးနားကနေပွစိပွစိ နဲ့ပွားနေဦးမှာ၊၊

Jimin များများစားစားပြင်မနေတော့ပါ....အချိန်က နာရီဝက်ပဲရတာလေ....ပြီးတော့ ကျွန်တော်ကမွေးထဲကချောပြီးသားပဲလေ သိပ့်ပြင်စရာမလိုဘူး၊၊

Jimin အကျီအမဲရောင်လက်ပြတ်အကျီလေးကို အပေါ်ကနေ လည်သာဂျာကင်အမဲရောင်လေး ထပ်ဝတ်လိုက်တယ်....ဘောင်းဘီကတော့ ကိုယ်ကျပ်ဘောင်းဘီအမဲရောင်လေးကို ဝတ်လိုက်တယ်....Perfect

ဆံပင်ကေလေးကို နည်းနည်းရှိုင်းလိုက်ပြီးတော့ ရေမွှေးလေးစွတ်ကာ Taehyung ကိုဖုန်းဆက်လိုက်တယ်၊၊

Jm:ဟဲလို...Taehyung ငါပြင်ဆင်လို့ပြီးပြီ...မင်းရောက်နေပြီလား

Tae:ရောက်နေပြီ....မင်းဆင်းလာတော့

Jm:Ok

Jimin မှန်တင်ခုံမှာတင်ထားတဲ့ မျက်မှန်ကိုယူဝတ်လိုက်ပြီး အောက်ထပ်ကိုဆင်းလာခဲ့တယ်၊၊

သူအောက်ရောက်တော့ Taehyung ကားကိုတွေ့တော့သူကားပေါ်ကို တက်လိုက်တယ်၊၊

Tae:ဒီနေ့ငါထီထိုးရမယ်ထင်တယ်...ဒီ‌နေ့ Park Jimin ကိုစောင့်စရာမလိုပါလား...

Jm:ငါဒီနေ့သိပ့်ပြင်ချင်စိတ်မရှိလို့ပါ...ပြီးတော့သွားသောက်မှာဆိုတော့ ပြင်ပြီးရင်ပြန်ပျက်မှာပဲလေ...အဲ့တာကြောင့် ဘာမှသိပ့်မပြင်တော့တာ

Tae:ဘာမှသိပ့်မပြင်လို့သာနော်...အနံ့တွေမွန်ထွန်နေတာပဲ...ငါတောင်ကားပေါ်က ထွက်ပြေးချင်နေပြီ

Jm:မင်းကလည်း အဲ့တာကအရက်သောက်ရင် အနံ့စွဲမှာဆိုးလို့ ငါရေမွှေးနည်းနည်း ပိုစွတ်လာတာ

Tae:နည်းနည်းလား...ငါကတစ်ဗူးလုံးမှောက်လာတယ်ထင်လို့

Jm:မင်းကလည်းနော်...ငါ့ကိုဆို ဖဲ့ဖို့ပဲ...ကိုယ့်သူငယ်ချင်းလေး တစ်ယောက်ထဲရှိတာကို

𝑬𝒕𝒆𝒓𝒏𝒂𝒍𝒍𝒚 𝑳𝒐𝒗𝒆 (Completed)Where stories live. Discover now