အပိုင်း(၁၈)

2K 165 6
                                    

Jisoo ကသူ့အင်္ကျီကိုလှန်ကာဗိုက်ကိုငုံ့ကြည့်သည်
အမှတ်နေရာကိုလက်ဖြင့်ကိုင်ကာ

"တော်သေးလို့အိပ်မက်ဖြစ်နေလို့ပေါ့"

"ဘာဖြစ်လို့လဲJisoo"

"အိပ်မက်ဆိုးမက်တာJen
တကယ်အိပ်မက်ဖြစ်နေလို့တော်သေးတယ်"


Jen ကိုခပ်တင်းတင်းပွေ့ဖက်ရင်းသူကဆိုသည်
ထို့နောက်Jen နဖူးနှင့်ဆံပင်တွေကိုနမ်းရှိုက်ကာ
လက်မောင်းလေးကိုပွက်ပေးနေသည်
နေပါဦးအခုသူကကိုယ့်ကိုပြန်စိတ်ပူနေတာလား
ဆေးရုံကုတင်ပေါ်ရောက်နေတာကသူလေ
Jen မှမဟုတ်ပဲ
နှာခေါင်းကပိုက်ကိုဖြုတ်ကာလက်ကအပ်တွေကို
လဲဆွဲဖြုတ်ပြီး

"ပြန်ရအောင်...ဟိုခွေးမသားနဲ့စာရင်းရှင်းစရာ
ရှိသေးတယ်"

သူ့လုပ်ရပ်ကိုခေတ္တမျှကြောင်ကြည့်နေပြီးမှ
သတိဝင်လာသည့်Jen
Jisoo လက်ကိုပြန်ဆွဲကာ

"အခုကအဲ့လိုလုပ်နေရမယ့်အချိန်လားပြန်ထိုင်
သူ့ကိစ္စကိုun...သက်တော်စောင့်ကင်ရှင်းလိမ့်
မယ်နင်ကမြန်မြန်နေကောင်းလာအောင်လုပ်"

"တောက်....အဲ့ကောင်..."

"စိတ်ကိုလျှော့ပါ...နော်
လိမ္မာတယ်jiji လေးက"

သူ့ကိုချော့မော့ပြီးပြောနေတဲ့Jen ကိုတအံ့တသြ
နှင့်ကြည့်နေသည့်Jisoo

"Jen နင်ခေါင်းကိုတခုခုများထိထားသေးလား"

"Wae..."

မျက်စိရှေ့ကJen မျက်နှာအမူအရာ
နှင့်အတူကြားလိုက်ရ
တဲ့အသံကြောင့်Jisoo ကျောက်ရုပ်အလား
ငြိမ်သက်သွားသည်

"Jen..."

သိပ်ချစ်ဖို့ကောင်းတဲ့အမူအရာလေးတွေလုပ်ပြ
နေတဲ့Jen ကြောင့်Jisoo သူမပါးလေးတွေကို
လက်နှစ်ဖက်ဖြင့်အုပ်ကိုင်လိုက်သည်
သာမန်အချိန်မျိုးမှာမြင်ရခဲတဲ့ထိုပုံရိပ်
ကိုယ့်ရှေ့မှာဆိုအမြဲလူကြီးဆန်ဆန်ပုံသာနေတတ်
သည့်ထိုမိန်းကလေး
အရင်အချိန်
ကိုယ်မမြင်နိုင်ခဲ့တဲ့တခြားတစ်ဘက်ကသူမရဲ့ပုံရိပ်
အစစ်အမှန်ကချစ်ဖို့ကောင်းမည်ဆိုတာသိပေမယ့်
ယူပြီးသည့်အချိန်မှစ၍သူ့ရဲ့ကလေးဆန်တဲ့အမူအရာ
လေးတွေကိုသတိထားမိလာသည်
ဒါပေမယ့်ဒီနေ့လိုအမူအရာမျိုးတော့မမြင်ဖူးခဲ့ပေ

ကမၻာတည္သ၍(ကမ်ဘာတည်သ၍)Nơi câu chuyện tồn tại. Hãy khám phá bây giờ