အပိုင်း(၂၃)

2K 148 21
                                    

Chu ကအလုပ်ပင်ပန်း၍ထင်စောစောအိပ်
သွားတာကြောင့်Jen သူအိပ်မှအံဆွဲထဲက
သရေအဖုံးဖြင့်စာအုပ်လေးကိုထုတ်ကာ
ဖွင့်လိုက်သည်..

အရင်တပတ်ကသူမတစ်ယောက်ထဲအရင်က
Chu နှင့်အတူသွားခဲ့သည့်ကော်ဖီဆိုင်လေး
သို့ပြန်သွားခဲ့သေးသည်
အကြောင်းအရင်းကတော့ထိုဆိုင်ရှင်အဖွား
ပေးလိုက်သည့်ဓာတ်ပုံတွေကိုထုတ်ကြည့်မိ
ပြီးနောက်ထူးဆန်းသည့်ပုံတစ်ပုံပါလာတာ
ကြောင့်ပင်
ထိုနေ့ကထပ်သွားပြီးအဖွားကိုအကျိုးကြောင်း
ပြောပြတော့သူမကိုဒီစာအုပ်လေးနှင့်ကင်မရာ
တစ်လုံးပြန်ပေးလိုက်တာပင်ဖြစ်သည်

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့chu ကိုတစ်
ချက်ငဲ့ကြည့်ပြီးနောက်
လက်ထဲကစာအုပ်ရဲ့
ရှေ့ဆုံးစာမျက်နှာကိုလှန်လိုက်တော့
စာအုပ်ပိုင်ရှင်၏နာမည်နှင့်အတူ
ခပ်သေးသေးလက်ရေးလေးတွေနှင့်ရေးဖွဲ့
ထားသောကိုရီးယားစာလုံးများ
Jennie ဟာအမေကိုရီယားအဖေဂျပန်က
မွေးဖွားလာသောကပြားတစ်ဦးပင်ဖြစ်သည်

-----------------

"နှလုံးသားရဲ့ခေါ်ဆောင်ရာ"

ဆိုင်းဘုတ်ကစာတန်းလေးကိုမော့ကြည့်ကာ
ဖတ်လိုက်ပြီးနောက်ဆိုင်တံခါးဖွင့်ကာအထဲကို
ဝင်လာတော့ကောင်တာမှာထိုင်နေသူကစာဖတ်
နေရာမှမော့ကြည့်လာသည်

"ကိုရီးယားရိုးရာဟင်းချက်နည်းစာအုပ်တွေ
ဘယ်နားမှာရှိလဲရှင့်ကျမကိုကူညီပေးလို့်ရ
မလား"

သူမရဲ့ကိုရီးယားသံသိပ်မပေါက်သောအမေး
စကားကြားပြီးနောက်ကောင်တာမှာထိုင်နေ
သူကမျက်မှန်အောက်ကနေသူမကိုခပ်စူးစူး
ဆိုက်ကြည့်ကာထလာသည်

"အနောက်ကလိုက်ခဲ့ပါ"

သူ့နောက်ကလိုက်သွားပြီးစာအုပ်စင်နှစ်ခု
လောက်ကျော်သွားအပြီးမှာတော့သူကရပ်
လိုက်ကာ

"ဒီမှာမင်းလိုချင်တဲ့စာအုပ်ကိုရွေးလို့ရတယ်"

"ကျမကိုရွေးပေးလို့ရမလား
ဘယ်သူရေးတဲ့စာအုပ်ကအရောင်းရဆုံးလဲ"

လှည့်ပြန်တော့မည့်သူကသူမကို
အရင်တခါကလိုပင်ကြည့်လာပြန်သည်

ကမၻာတည္သ၍(ကမ်ဘာတည်သ၍)Où les histoires vivent. Découvrez maintenant