အပိုင်း(၅)

1.5K 148 3
                                    

"ဟား...ဟား..ဟား...
အဲ့ဒီ့တော့Kim Jisoo ​ခွေး​ပြေးဝက်​ပြေး​ပြေး
လာခဲ့ရတယ်ပေါ့"

သောက်လက်စအအေးခွက်ကိုစားပွဲပေါ်ပြန်
တင်ကာမိမိကိုလှောင်နေသည့်Lisa ကို
Jisoo တစ်ချက်ဆွေကြည့်လိုက်သည်
ထို့နောက်ကော်ဖီခွက်ကိုယူလိုက်ပြီးတစ်ငုံ
မသောက်ခင်

"အေးပါ..ရယ်ထားပါ..နင့်အလှည့်ကျဘယ်လို
ဖြစ်လာဦးမလဲစောင့်ကြည့်ရသေးတာပေါ့"

Lisa ကတော့အသံထွက်မလာ​တော့
ပေမယ့်အရယ်မရပ်သေးအသံတိတ်နှင့်
မိမိစိတ်ကိုစွနေသေးသည်
ခဏနေမှ

"ဒါနဲ့မွေးနေ့မှာအခုလိုပဲနေနေတော့
မှာလားclub လေးဘာလေးသွားရအောင်ဟာ
ဒီမှာထိုင်ပြီးကော်ဖီသောက်နေတယ်ဆိုတာက
မဟုတ်သေးပါဘူးပျင်းစရာကြီး"

"သွားချင်စိတ်မရှိဘူး..စိတ်မပါဘူးဖြစ်နေတယ်"

Rooftop Cafe ကနေClub ကိုသွားဖို့လှုံ့ဆော်
နေတဲ့Lisa စကားကိုငြင်းလိုက်သည်

"တခါတလေတော့မွေးနေ့ကိုကြယ်တွေကြည့်
ရင်းကုန်ဆုံးကြည့်လိုက်တာပေါ့"

"နင်ငါ့အိမ်မှာဘယ်နှစ်ရက်နေဦးမှာလဲ
ဖြစ်နိုင်ရင်တော့မြန်မြန်ပြန်ဟာ
ငါလွတ်လွတ်လပ်လပ်မနေရဘူး"

"Yahh...သူငယ်ချင်းအချင်းချင်းကိုငါ့မှာလာနေ
စရာနင့်အိမ်ပဲရှိတာ"

"နင့်အဖိုးဝယ်ပေးထားတဲ့အိမ်ရှိသားပဲအဲ့မှာ
သွားနေပါ့လားငါ့အိမ်ထက်တောင်ပြည့်စုံသေး"

"သူ့ကိုစိတ်ကောက်ပြီးအိမ်ပေါ်ကဆင်းလာပါ
တယ်ဆိုမှဟာသူဝယ်ပေးတဲ့အိမ်မှာသွားနေစရာ
လား"

"နင်လာနေတာကအကြောင်းမဟုတ်ဘူး
နေရင်းထိုင်ရင်းငါပါစောင့်ကြည့်ခံနေရတာ
အဆင်မပြေဘူးဟ"

"တောင်းပန်ပါတယ်ဟာခဏလောက်လေးပဲထပ်
သည်းခံပေးပါ"

Lisa ကနောက်ကိုမှီထိုင်ရင်းပြောလာတော့Jisoo
တောင်းပန်စကားဆိုလိုက်သည်
သူပြောတာလဲမှန်ပါသည်
အဖိုးလွှတ်ထားတဲ့လူတွေကJisoo နောက်မှာ
အချိန်တိုင်းရှိနေသည်
လွန်ခဲ့တဲ့တပတ်ကတော့သူတို့ကိုမျက်ခြေဖျက်
ခဲ့မိတာကြောင့်သေမင်းခံတွင်းထဲရောက်တော့
မလို့ပင်
ကံကောင်း၍အခုချိန်ထိအသက်ရှူနေနိုင်တာ

ကမၻာတည္သ၍(ကမ်ဘာတည်သ၍)Donde viven las historias. Descúbrelo ahora