အပိုင်း(၂၄)

1.7K 167 8
                                    

"ငါနင့်ကိုသဘောကျတယ် လို့ကိုယ့်ဘက်က
ပဲအရင်ဆုံးဖွင့်ပြောခဲ့ပါတယ်"

Jen ထိုနေရာလေးကိုဖတ်ပြီးနောက်ပြုံးလိုက်သည်
ဒီဒိုင်ယာရီစာအုပ်ပိုင်ရှင်ဟာ Chu ကိုဘယ်လောက်
တောင်ချစ်ခဲ့လဲဆိုတာ...
စာမျက်နှာတစ်ရွက်ပြီးတစ်ရွက်ဖတ်ပြီးနောက်
Chu အချစ်ကိုရဖို့သူမတော်တော်လေးကြိုးစား
ခဲ့ရတာပဲဟုမှတ်ချက်ပြုမိသည်
ဒါကြောင့်များအခုဘဝမှာ Chu ကသူမကို
အသဲအသန်ဖြစ်ပြီးမရရအောင်ယူခဲ့တာဟာ
အရင်ဘဝကဝဋ်လည်တာပဲဖြစ်ရမည်

လက်ရှိဘဝကChu ကတော့အိပ်မက်ကမ္ဘာထဲ
ရောက်နေပြီထင်
ပါးစပ်လေးအဟောင်းသားနှင့်နှစ်နှစ်ခြိုက်ခြိုက်
အိပ်နေပုံကိုကြည့်ကာပြုံးလိုက်ပြီး
နဖူးကိုတစ်ချက်အနမ်းပေးလိုက်သည်

Chu ကအနည်းငယ်လူးလွန့်ကာမျက်လုံးမပွင့်
တပွင့်ဖြင့်Jen လက်ကိုဆွဲလိုက်ပြီးအိပ်ယာပေါ်
လှဲစေသည်

"မအိပ်သေးဘူးလား"

"အိပ်တော့မှာ"

"အင်း..."

Jen သူမဘေးဝင်လှဲကာစောင်ကိုအတူခြုံလိုက်
တော့ Chu ကသူ့လက်ကိုကားပေးကာရင်ခွင်ထဲ
ဝင်ခိုင်းသည်
Jen သူမရင်ခွင်ထဲတိုးကာ

"Good night"

Chu ကJen ခေါင်းလေးကိုပြန်နမ်းလိုက်ပြီး
Good night ဟုပြန်ပြောသည်

------------

"ဘယ်ချိန်ရှိပြီလဲ Kim Jisoo shi"

အိမ်ထဲကိုခိုးချောင်ခိုးဝှက်နှင့်ဝင်လာသည့်
Chu ပုံကရယ်ချင်စရာဆိုပေမယ့်အပြစ်လုပ်ထား
သူမို့မျက်နှာကိုတည်တင်းထားကာဧည့်ခန်းမီး
တွေကိုဖွင့်ပြီးသူမနောက်ကနေလက်ပိုက်ရပ်၍
မေးလိုက်တော့Chu ကလန့်သွားပြီး
Jen ဘက်ကိုသွားအဖြီးသားနှင့်လှည့်လာကာ

"ဟီးဟီး....Jen ကလဲ ဒီနေ့ Lisa က..."

"သိတယ်...သိတယ်...ရှင်တို့နှစ်ယောက်
Club မှာသွားရွထားတာကိုသိပြီးသား"

"ဟမ်...ဘယ်သူပြောတာလဲ"

"ဘယ်သူရမလဲ...ရှင့်သူငယ်ချင်းကို
Chaeyoung ဖုန်းဆက်တော့အသံတွေ
ကြား​နေရတာလေ"

ကမၻာတည္သ၍(ကမ်ဘာတည်သ၍)Onde histórias criam vida. Descubra agora