အပိုင်း(၉)

1.5K 149 5
                                    

ကျောပြင်မှနူးညံ့တဲ့ခံစားချက်နှင့်အတူ
Jen နိုးလာသည်
ဘယ်လောက်ကြာအောင်အိပ်ပျော်သွား
သည်မသိမျက်စိကြိမ်းနေတာကြောင့်
မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်ကြည့်
လိုက်တော့သူမမရင်းနှီးသည့်အခန်းတစ်ခု
ခရမ်းဖျော့ရောင်မျက်နှာကျက်နှင့်လိုက်ကာစ
ဖြူဖြူတွေက​လေအ​ဝှေ့ မှာလူးလွင့်နေ​သော
နေရောင်ခြည်ကအခန်းထဲသို့်ဖြာကျနေသည်
Jen လှဲနေရာကထလိုက်ပြီးအခန်းထဲဝေ့ဝဲကြည့်
လိုက်တော့
ခြေရင်းဘက်မှာTV ကြီးကြီးတစ်ခုကိုအရင်
တွေ့လိုက်ရသည်
အခန်းကတော်တော်ပင်ကျယ်သည်
အပြင်အဆင်ကအစအကောင်းစားပရိဘောဂ
အသုံးအဆောင်တွေကိုမြင်ရတာကြောင့်
Jen သူရောက်နေသည့်နေရာက​တော်ရုံလူရဲ့
နေရာမဟုတ်မှန်းသိလိုက်သည်
သူမကုတင်ပေါ်ကနေမထသေးပဲအခန်းထဲကို
ကြည့်နေတုန်းမီးလင်းဖို​ရှေ့နားကဆိုဖာ​ပေါ်
ကနေလှုပ်ရှားသည့်အရိပ်အယောင်တွေ့လိုက်
တာကြောင့်ကြည့်လိုက်တော့
လူတစ်ယောက်ထလာသည်ကိုတွေ့လိုက်ရသည်
ထိုလူကတော့Kim Jisoo ပင်

"Jisoo "

"အင်း....."

သူကမျက်လုံးတွေဖွင့်ဟန်မတူသေးပဲအပျင်း
ကြောဆန့်နေသည်
Jen အိပ်ယာပေါ်ကနေဆင်းလိုက်ကာသူ့ဆီကို
သွားလိုက်သည်

"ငါဘယ်ကိုရောက်နေတာလဲမနေ့ညက.."

"သြော်..နိုးတာကြာပြီလား"

Jisoo ကဆိုဖာကျောမှီပေါ်မေးတင်ကာမျက်လုံး
မဖွင့်သေးပဲမေးလာသည်
အခုထိအိပ်ရေးမဝသေးသည့်ပုံပင်
Jen သူ့ကိုခါးထောက်ကြည့်ကာ

"ငါမေးနေတာဖြေဦး...ဒီကိုဘယ်လိုဖြစ်ပြီး
ရောက်လာတာလဲ"

"ငါနင့်ကိုလူဆိုးလက်ထဲမရောက်ခင်ကယ်လာ
တာ"

"ဘယ်လို...နင်က...ငါ့ကို...ကယ်လာတာ"

"အင်း.."

"ဒါဆိုညကဟိုလူတွေလက်ထဲကနေကယ်လာ
တာနင်ပေါ့..."

Jisoo ကဘာမှပြန်မဖြေပဲထလာပြီးရေကရား
ထဲကရေကိုဖန်ခွက်ထဲထည့်ကာသောက်နေသည်

"မဖြစ်နိုင်တာ..."

Jen ရေသောက်နေတဲ့Jisoo ပုံကိုကြည့်ကာ
ရေရွတ်လိုက်သည်
ညကကားပြင်ပေးတဲ့လူကအရပ်ရှည်ရှည်
ကိုယ်လုံးခပ်တုတ်တုတ်
သူမကိုအနောက်ကနေမေ့ဆေးနဲ့အုပ်သွားတဲ့
တစ်ယောက်နှင့်ဆိုနှစ်ယောက်
ဒါတောင်နောက်ထပ်ပါချင်ပါနိုင်သေးသည်
အဲ့လူတွေကလက်တဖက်ကျိုးနေတဲ့Jisoo က
ဘယ်လိုတိုက်ခိုက်ပြီးသူမကိုကယ်လာလဲဆို
တာသူမအရမ်းသိချင်နေသည်

ကမၻာတည္သ၍(ကမ်ဘာတည်သ၍)Onde histórias criam vida. Descubra agora