အချိန်အားဖြင့် ည ၁၀ နာရီကျော်
လူနာကုတင်ထက်မှ တုနှိုင်းမောင် ကတော့ အခုထိသတိမရသေး ။မဟာက တုနှိုင်းမောင်အခန်းမှာ မင်းထိုက်နဲ့ထွန်းအောင် စောင့်ပေးနေတာကြောင့် သမီးလေးအတူရှိနေသည် ။ သမီးလေးကလည်း မဟာ့ကိုသူ့အနားကအခွာမခံ ၊ ၇ နာရီလောက်က ပြန်နိုးလာလာချင်း တုနှိုင်းမောင်ကိုတွေ့ချင်လို့ဂျီကျတာကြောင့် ထွန်းအောင်ကပေးတွေ့ပေမယ့် ၊ တုနှိုင်းမောင်ပုံစံကိုမြင်ပြီးကထဲက ပိုငိုနေတာကြောင့် မဟာက တစ်ဖက်ကအခန်းမှာပဲနေစေပြီး ချော့နေခဲ့တာ ။
ခြေထောက်ကဒဏ်ရာက လမ်းမလျောက်နိုင်တာကြောင့်ရယ် ၊ အနားမှာရှိနေသူက မဟာဖြစ်နေလို့ရယ်ကြောင့် ယွန်းလေးကငြိမ်နေသည် ။ မဟုတ်ရင် ဘယ်လိုတားတား သူ့ဖေဖေဆီသွားမည့်ပုံ ။
အခန်းထဲတွင် မဟာက ထိုင်ခုံပေါ်မှာထိုင်နေပြီး ၊ ယွန်းလေးကို သူ့ပေါ်ချီထားတာ ရင်ခွင်လေးထဲထည့်ဖက်ထားသည် ။
"သမီးလေး daddyချော့သိပ်မယ်လေ အိပ်ရအောင်နော်"
"ဖေဖေက ဘာလို့ အခုထိမနိုးသေးတာလဲဟင်"
"ဖေဖေက ပင်ပန်းပြီးတအားအိပ်နေတာ စိတ်မပူနဲ့နော်"
မဟာက ယွန်းလေးရဲ့ စိုးရိမ်စိတ်ပူနေတဲ့ မျက်ဝန်းလေးတွေကြောင့် ယွန်းလေးစိတ်ပြေအောင် ပြောနေပေမယ့် ၊ တကယ်တမ်းမပြေနိုင်သူက သူကိုယ်တိုင်ပင် ၊ တုနှိုင်းမောင်အခြေအနေကအခုထိတိုင် စိတ်မချရသေး ။
"မကောင်းတဲ့ဦးဦးကြီးတွေကြောင့် ၊ ဖေဖေမှာ ခိုက်မိထားတာတွေ များကြီးပဲ"
"အင်း.."
ရင်ခွင်တစ်ခုလုံး ပူလောင်လွန်းနေတဲ့စိတ်တို့ကြောင့် ၊ သူ သက်ပြင်းတိုးတိုးချရင်း ယွန်းလေးရဲ့ခေါင်းလေးထက် ပါးလေးအပ်ကာနေနေမိသည် ။
"daddy ငိုနတောလား"
"ဟင် မ မဟုတ်ပါဘူးသမီးရဲ့"
"အဒါဆို ငိုချင်နေတာလား"
မဟာ မုသားစကားဆိုကာ ဖြေမိပေမယ့် ၊ မေးတတ်လွန်းပါသော ကလေးငယ်လေးအား မဟာထပ်ပြီးပြန်မဖြေနိုင်တော့ ။
BẠN ĐANG ĐỌC
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Lãng mạnယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...