Part - 49

47.3K 2.8K 223
                                    

T&T group အစည်းအဝေးခန်းထဲတွင် တုနှိုင်းမောင် ၊ ထွန်းအောင် ၊ မင်းထိုက်တို့သုံးယောက်သားစိတ်ရှုပ်စွာ ထိုင်နေကြသည် ။ အစည်းအဝေးပြီးသွားတာ လွန်ခဲ့တဲ့ ၁နာရီလောက်ကထဲကဖြစ်ပေမယ့် သူတို့သုံးယောက်ကတော့ ထိုင်နေဆဲ ။

"အဒီဖုန်းပေး"

ဒေါသနဲ့မာဆက်ဆက်ဆိုလာတဲ့ ထွန်းအောင် အသံကြောင့် ၊ တုနှိုင်းမောင်က ထိုင်ခုံနောက်သို့မှီထိုင်နေရာမှ ကြည့်လာတယ် ။

"ငါ့ကိုအဒီဖုန်းပေး"

မင်းထိုက်ကလည်း ထွန်းအောင်နည်းတူ ၊ တုနှိုင်းမောင်ကို တောင်းဆိုနေသောမျက်ဝန်းတို့နဲ့ကြည့်နေတယ် ။

"တုနှိုင်းမောင် မင်းခေါင်းမမာစမ်းနဲ့ ၊ သက်နိုင်အမှုမှာ မင်းနဲ့မဆိုင်ကြောင်းသက်သေပြနိုင်ဖို့လိုတယ်"

"ဟုတ်တယ်နှိုင်း အဒီဖုန်းပေး"

"သက်သေမဟုတ်ဘူးလို့ ငါပြောပြီးပြီလေ"

တုနှိုင်းမောင်က တည်ငြိမ်စွာပင်ပြန်ဖြေလာသည် ၊ အဒါတကယ်လည်းသက်သေမဟုတ်နိုင်ဘူး ။

"မဟုတ်လည်းပေး ၊ အဒီထဲမှာဘာပဲပါပါ ငါ့ကိုပေးတော့"

"နှိုင်း အဒီJapan ဘက်ကလုပ်ငန်းကို ငါစိတ်ထဲတစ်မျိုးဖြစ်နေတယ် ၊ နောက်ကနေ ကြိုးကိုင်ထားတဲ့သူရှိနေတာအသိသာကြီး ဒါပေမယ့် အခုဖြစ်နေတဲ့ ပြသနာတွေကထိန်းမရတော့တာမင်းသိသားပဲ ၊ အဒီအမှုမှာမင်းနဲ့မဆိုင်ကြောင်း ဖော်ပြနိုင်မှဖြစ်မှာ"

"တုနှိုင်းမောင် မင်းဒီအတိုင်းနေလို့မရဘူး မဟုတ်မှ ၊ ဆုံးရှုံးသွားတဲ့ပမာဏတွေကို မင်းအကုန်အလျော်ပေးဖို့တွေးနေတာလား"

"အဒီဖုန်းက လုပ်ငန်းနဲ့လည်းမဆိုင်သလို သက်နိုင်အမှုအတွက်လည်းသက်သေမဖြစ်နိုင်ဘူး"

"သက်သေမဖြစ်နိုင်ပေမယ့် အဓိကအကြောင်းအရင်းလေ"

"ထွန်းအောင်"

"မဟာစိတ်ထိခိုက်မှာစိုးတာနဲ့ မင်းလုပ်ငန်းအားလုံးကိုအဆုံးရှုံးခံမလို့လား ၊ အခုပြသနာအားလုံးက မဟာနဲ့မဆိုင်ဘူးလို့တော့မပြောနဲ့"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now