အိမ်
အိမ်ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုသတ်မှတ်ထားလဲမသိတဲ့မောင်ကတော့ လာချင်လာ သွားချင်သွားပါပဲ ။ ဘယ်အချိန်ပြန်လာမလဲဆိုတာကျွန်တော်မသိသလို ၊ ဘယ်အချိန်ပြန်သွားမလဲဆိုတာလဲကျွန်တော်မသိ ။ သို့ပေမယ့်လို့ မောင့်အတွက်ကျွန်တော်ကျေပွန်ရမယ့် အိမ်ထောင်သည်ကျင့်ဝတ်တွေလုပ်ပေးဖို့တော့ ကျွန်တော်အမြဲအသင့်ရှိနေခဲ့ပြီးသား ။တစ်ခါတစ်လေ ည၁နာရီကျော်မှ ထမင်းစားဖို့ပြင်ပေးရတာမျိုး
ဝတ်စရာအင်္ကျီတွေက ဆိုင်ထက်တောင်ပိုများနေတာကို ကျွန်တော်မလျှော်ရသေးတဲ့အင်္ကျီကိုမှ ဝတ်မယ်ပြောလို့ ချက်ချင်းလျှော်ပြီးမီးပူတိုက်ပေးရတာမျိုး
သူ့ဆီမှာ အိမ်ကသော့တွေအကုန်အပိုရှိပါလျှက်နဲ့ ညသန်းခေါင်ကျော်မှပြန်လာပြီး ခြံတံခါးထဖွင့်ခိုင်းတာမျိုး
နေမကောင်းလို့ အိပ်နေမှန်းသိတာတောင် သူရေချိုးဖို့ပြင်ခိုင်းတာမျိုး
ထွန်းအောင်နဲ့ဖုန်းပြောမှန်းသိရင် ကော်ဖီဖျော်ခိုင်းလိုက် ၊ အသီးခွဲခိုင်းလိုက်လုပ်တာမျိုးတကယ်ပါ မောင်ကလေ နှိပ်စက်တာတောင် သိပ်ကလေးဆန်တာ ၊
ဟိုးအရင်က ထွန်းအောင်နဲ့ပတ်သက်တိုင်း မောင်သိပ်သဝန်တိုပြတာလေးတွေတွေးမိတော့ ကျွန်တော်ပျော်နေမိပြန်သည် ။ထွန်းအောင်က ကျွန်တော်အတွက် နှစ်ယောက်မရှိနိုင်တဲ့ ညီအကိုပါ မေမေတို့ရဲ့မွေးစားသားတစ်ယောက် ဒါပေမယ့် သားအရင်လိုပါပဲအားကိုးယုံကြည်ရတယ် ။ ကျွန်တော်အပေါ်ကိုလည်း အမြဲသည်းခံပြီးနားလည်ပေးတက်တဲ့သူ ။
သူကပြောတယ် မောင့်ကြောင့် ကျွန်တော်ဝမ်းနည်းရလို့ မောင့်ကိုမုန်းတယ်တဲ့ ဘယ်လိုလုပ်မလဲ ကျွန်တော်ကမောင့်ကိုချစ်တာလေ
Ring...
ခြံထဲက ခုံတန်းလေးပေါ်မှာထိုင်ပြီး သီချင်းလေးနားထောင်ရင်း ကော်ဖီသောက်ကာ အတွေးလေးများနေတုန်း ဝင်လာသော ဖုန်းကြောင့် ရယ်ပြီး ကိုင်လိုက်ရင်း"အသက်ရှည်ဦးမယ်"
"ဘာလဲ ငါ့အကြောင်းတွေးနေတာလား"
"အင်း"
"အရူး"
"မင်းညီပဲ မင်းနဲ့တူတာပေါ့"
YOU ARE READING
Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-Complete
Romanceယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်းအချစ် ဟု ဆိုခဲ့သော် ပြောင်းပြန်အချိုးကျခဲ့တဲ့ချစ်ခြင်းတစ်ခုရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ? . . . . . ယုံကြည်မှုကလည်းအချစ် နားလည်မှုကလည်းအချစ် ပေးဆပ်မှုကလည်းအချစ် ခွင့်လွတ်မှုကလည်...