Part - 56

58.3K 3K 139
                                    

မဟာ ကားတံခါးကိုဆွဲဖွင့်နေပေမယ့် မျက်ရည်တွေကြောင့် ဝေးဝါးနေတဲ့အမြင်အာရုံရယ် ၊ တုန်လှုပ်ခြောက်ခြားနေတဲ့စိတ်ရယ်ကြောင့် ဖွင့်မရဖြစ်နေတုန်း သူ့အနားကိုရောက်လာတဲ့ ဆရာဝန်ငယ်လေးနဲ့သူနာပြုဆရာမတစ်ယောက် ။

"ဆရာ ဆရာ..ဆရာအမျိုးသားနဲ့ ကလေး"

"ဘာ! ဘာပြောလိုက်တယ်"

"သူတို့ accident ဖြစ်လာလို့ အရေးပေါ်မှာ"

"ဘာ! ! !"

တစ်ဖက်မှ ထိုသူရဲ့စကားမဆုံးခင် မဟာ ဆေးရုံထဲသို့ ပြန်ပြေးသွားရင်း ၊ နှုတ်မှတစ်ချိန်လုံးရေရွတ်နေမိတဲ့ နာမ်စားလေးက
"မောင်"တဲ့ ။

အရေးပေါ်ဌာနထဲသို့ မဟာပြေးဝင်ရင်း လူနာကုတင်တွေကိုတစ်ခုပြီးတစ်ခုကြည့်ကာ ရင်ခွင်တစ်ခုလုံးပူလောင်လာရသည် ။

"ဒေါက်တာဒီဘက်မှာ"

လက်ထောက်ဆရာဝန်လေးလှမ်းခေါ်တဲ့ဘက်မဟာပြေးသွားလိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းက သွေးပျက်စေလိုက်တာ ၊ လူနာကုတင်ထက် ဖြူဖျော့နေတဲ့ သမီးငယ်လေး ။

ငိုထားလို့ မို့မို့လေးဖြစ်နေတဲ့ မျက်ခွံလေးတွေနဲ့ ၊ ဖြူဖျော့နေတဲ့နှုတ်ခမ်းပါးလေးတွေ ၊ လက်ကောက်ဝတ်နေရာတွေနဲ့ ခြေချင်းဝတ်နေရာလေးတွေမှာ နီရဲနေသောကြိုးအမှတ်အသားတွေ ။

"သမီး သမီးလေး"

"ဒေါက်တာ"

သမီးလေးအားကြည့်ရင်း တစ်ကိုယ်လုံးတုန်ယင်လာသော မဟာ့အား ဘေးမှဒေါက်တာလေးကထိန်းပေးထားသည် ။

"ဖယ် သမီးလေး"

သွေးအလိပ်လိပ်နဲ့ ခြေချင်းဝတ်နားက ဒဏ်ရာအားမြင်တော့ ၊ မဟာဘာမှမမြင်နိုင်တော့ ။ ထိန်းထားပေးသောဆရာဝန်လေးအားတွန်းဖယ်ကာ ယွန်းငယ်လေးနားသွားလျက်

"သမီးငယ်..သမီးလေး"

ကလေးငယ်ရဲ့ခြေထောက်လေးအား ပဲ့ကြွေသွားမှာစိုးသည့်မလားဖွဖွလေးကိုင်ကာ ငိုနေသည် ။

"ဒေါက်တာ စိတ်ထိန်းပါ"

"သမီး ယွန်းလေး daddyခေါ်နေတာထူးဦးလေ သမီးငယ်"

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteHikayelerin yaşadığı yer. Şimdi keşfedin