Part - 26

60.1K 3.3K 65
                                    

မျက်စိတစ်ဆုံး အပြာရောင်ပင်လယ်ကြီးနဲ့လိုက်ဖက်စွာပင် ဖြူလွလွ တိမ်တွေသည် ဆွဲမမှီနိုင်သော ပန်းချီကားတစ်ချပ်အလား ။

ကမ်းနားတွင် ထိုင်လျက်ပင်လယ်ပြင်ကို ဗဟိုပြုကာ ပန်းချီထိုင်ဆွဲနေသော ကောင်လေးတစ်ယောက် ၊ သူ့အနားတွင်တော့ ခြေထောက်လေးတွေပေါ်သဲတွေပြိုင်ပုံရင်း သဲအိမ်ဆောက်နေကြတဲ့ ကလေးမလေးနဲ့ ကောင်လေးတစ်ယောက် ။

ဒူးထိဖုံးသော အဝါရောင်ပန်းပွင့်ဂါဝန်လေးနဲ့ ကလေးမလေးသည် ဂုတ်ထိဝဲကျနေသောဆံပင်လေးကို နှစ်ဖက်ခွဲစည်းထားသည် ။

"ယွန်းလေး ဒီမှာကြည့် ဖေဖေလုပ်လို့ရပြီ"

သဲထဲနှစ်ထားသောခြေထောက်လေးကို ဖယ်ပြလိုက်တော့ ကလေးမလေးသည် လက်ခုပ်ထတီးရင်း ရယ်နေသည် ။ ပါးပြင်ထက်တွင် ချစ်စရာ ပါးချိုင့်လေးနှစ်ဖက်က ထင်းနေလျက် ၊ သူ့ဒယ်ဒီလိုပဲ အပြုံးနဲ့လူကိုကြွေအောင်ခြွေနေတာ ။

"ကဲ အသဲလေးရေ ဖေဖေနိုင်ပြီ"

လောင်းထားတာကို သတိရသွားတော့ မျက်နှာသေးသေးလေးက စူပုတ်ပုတ်လေးဖြစ်သွားလေရဲ့ ။ လုပ်တတ်နေလိုက်တာ ။

"အာ ဖေဖေက လူကြီးပဲကို နိုင်မှာပေါ့ ၊ မတရားဘူး"

"နိုးပါနော် ယွန်းလေးရေ နိုင်တာကနိုင်တာပဲ"

"ဖေဖေ"

လက်သေးသေးလေးတွေက သူ့လက်မောင်းကိုဆုပ်ကိုင်လျက် ၊ ရွန်းစိုနေတဲ့ မျက်လုံးလေးတွေအား ရှည်လျားကော့တတ်နေတဲ့ မျက်တောင်လေးတွေ ပေကလပ်ပေကလပ်လုပ်ကာ အချွဲစကားများစပါတော့မည် ။ ကဲ မင်းသမီးလေး အလိုတော်ကျဖြစ်ပါစေတော့ ။

"ဗျ"

"ယွန်းကို ချစ်ဖူးလားဟင်"

လုပ် ၊ လုပ်နေ အဒါနဲ့ပဲ ရှိသမျှအချစ်တွေ ၊ ရှာထားသမျှပစ္စည်းတွေ ၊ အကုန်မျှားစားနေတာ ။
သူ့ဒယ်ဒီ ဆွဲထားသမျှ လက်ရာကောင်းပန်းချီကားတွေကို သူ့မျက်နှာလေးနဲ့ပေါင်းပြီး ဦးလေးဖြစ်သူကို လေလံတင်ခိုင်းတယ် ၊ ရသမျှဟာကို သူ့အတွက်ရည်ရွယ်ပြီး လုပ်ထားတဲ့ ဘဏ်စာရင်းထဲအကုန်ထည့်ခိုင်းတယ် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteWhere stories live. Discover now