Part - 34

48.5K 2.9K 171
                                    

ပြက္ခဒိန်က ရက်တွေ လတွေ သာတစ်ခုပြီးတစ်ခုပြောင်းသွားတယ် ၊ လစ်ဟာနေတဲ့ မိသားစုကွက်လပ်လေးက အခုထိ အရင်အတိုင်း ။

ပိုင်ရှင်မရှိတာကြောင့် တိတ်ဆိတ်နေတဲ့ ပန်းချီကားတွေသာရှိတဲ့အခန်းထဲ တုနှိုင်းမောင်နေ့တိုင်းလိုလိုရောက်သည် ၊ မဟာက ပန်းချီဆွဲသိပ်တော်သည် ။

"ဖေဖေ"

ကားချပ်လေးတွေကို ကြည့်နေရင်း သမီးလေးရဲ့အသံကြောင့် တုနှိုင်းမောင်အခန်းအပြင်ထွက်ခဲ့လိုက်သည် ။

၂နှစ်တောင်ရှိသွားပြီပဲ မဟာ ။

အရုပ်လေးပိုက်လျက် အိပ်ခန်းထဲဝင်သွားသော ယွန်းလေးသည် တုနှိုင်းမောင်ကိုမတွေ့လို့ရှာနေတာထင်ပါရဲ့ ။

"ယွန်းလေး ဖေဖေဒီမှာ"

သူအော်လိုက်တော့ ဝမ်းသာအားရ အခန်းပြင်ဘက် ပြန်ပြေးထွက်လာသည် ။

"ဖြေးဖြေး လဲပါဦးမယ်"

တုနှိုင်းမောင်က ကောက်ချီလိုက်ရင်းပြောတော့ ယွန်းလေးက မျက်ဝန်းလေးတွေမှိတ်သွားတဲ့အထိရယ်ပြလာသည် ။

"မိုင်မိုင် ဆားချင်တာ"

"အာ သမီးဗိုက်ဆာနေပြီပေါ့လေ"

"ဟုတ်"

"လာ သွားကြမယ်"

"ဖေဖေခွံ"

"မွှေးမွှေးပေး"

တုနှိုင်းမောင်ပါးလေးထိုးပေးလျက်ဆိုလာတော့ တခ်ခ်ရယ်လျက် ။

"အာဘွား"

"ဖေဖေရဲ့ချစ်မဝလေး"

ကျွန်တော်ဘာပြောပြော နားထောင်တတ်တဲ့ သမီးလေးကို အမြဲအချစ်ပိုရသည် ။ ဖြစ်နိုင်ရင် သမီးလေးအတွက် ဒီထက်ပိုပြည့်စုံတဲ့ မိသားစုလေးဖန်တီးပေးချင်တယ် ၊ ကျွန်တော်အမှားတွေအတွက် သမီးလေးကပါ အပြစ်ခံနေရသည် ။

*** အုံ့မိုင်းမိုင်းရာသီဥတုလေးက ရင်ထဲကအလွမ်းတွေကို တူးဖော်နေသည် ။
ဒီအချိန်ဆို မင်းဘာတွေလုပ်နေလဲမဟာ ။

ခြံထဲ မင်းထိုက်နဲ့အတူစာရင်းလုပ်နေတဲ့ တုနှိုင်းမောင်အနားမှာပင် ယွန်းလေးသည် battery ကားလေးပေါ်ထိုင်ဆော့နေသည် ။

Inversely Proportional(ပြောင်းပြန်အချိုးကျခဲ့သော)-CompleteTempat cerita menjadi hidup. Temukan sekarang