Love On My Brother's Old Flame_6

378 96 27
                                    

#XingHo

"ငါမနေ့က ဘယ်လိုပြန်ရောက်လာခဲ့တာလဲ။ "

မနက်စာဝိုင်းမှာ ဝင်ထိုင်ရင်း မလုံမလဲမေးသည့် ဟွမ်ရှင်းကော။ ဆယ်ဟွန်းက သူ့ကိုစိတ်လျော့ဖို့ အမူအရာလေးလုပ်ပြသည်။

"ဂျွန်ကော လာပို့သွားတာပါ။ "

"အာ..."

သူ့ရဲ့ခပ်ပြတ်ပြတ်ဖြေသံနောက် အားတုံ့အားနာပုံစံဖြစ်သွားသည့် ဟွမ်ရှင်းကော။

"နောက်တစ်ခါ အဲ့လောက်ကြီးမသောက်ပါနဲ့  ။ တစ်ဖက်လူကို အားနာစရာကောင်းတယ်မလား။ အဝေးကြီးကို ညဥ့်လည်းနက်နေပြီ။ "

"အင်း..."

ဇဝေဇဝါဖြစ်ရင်း တစ်စုံတစ်ခုကိုပြောရခက်နေဟန် ဟွမ်ရှင်းကောက ခေါင်းကြီးငုံ့နေလျက်။ ဆက်ဆံရေးတစ်ခုကြား ဝင်မစွက်ဖက်သင့်သော်လည်း ညီတစ်ယောက်အနေနဲ့ သတိပေးစကားလောက်တော့ပြောသင့်သည်ဟုထင်၍ ပြောလိုက်ခြင်း။

"ငါ စိတ်လွတ်သွားတယ်ထင်ပါရဲ့။ "

တိုးလျလျဖြေသံထဲ နောင်တရခြင်းတွေလည်းပါလိမ့်သည်။မှိုင်တွေတွေဖြစ်နေသည့်ပုံစံက အရက်နာကျနေခြင်းထက် အခြားကိစ္စကြောင့်ဖြစ်လိမ့်မည်။ မစဉ်းစားချင်ပေမဲ့ အလိုလိုပေါ်လာသည့်အတွေးက ဟွမ်ရှင်းကောနဲ့ ဂျွန်ကောအကြောင်းသာ။ ဘာတွေဖြစ်ခဲ့သလဲ ဘာတွေဖြစ်နေသလဲဆိုတာ သိချင်လှသည်။

"ကော   ကိုယ့်စိတ်ကိုကိုယ် သေချာပြန်ဆန်းစစ်သင့်ပြီလို့ထင်ပါတယ်။ "

"ဟင့်အင်း... ငါနောက်ပြန်လှည့်မှာမဟုတ်ဘူး။ "

စားပွဲမှထထွက်လာမိသည့် သူ့ခြေလှမ်းတွေတန့်ခနဲ။
ပြတ်ပြတ်သားသားဖြေရခြင်းအတွက် ဟွမ်ရှင်းကော တာဝန်ယူနိုင်ရဲ့လား။ မပြတ်သားမှန်းသိရင် လက်တစ်စုံကို
မလွှတ်ချခဲ့သင့်သလို၊ လွှတ်ချခဲ့တဲ့လက်တစ်စုံကို ပြန်ဆွဲမလို
အဝေးတွန်းပို့တော့မလိုတော့ မလုပ်သင့်ဘူးမလား။ ဒါဟာ နှစ်ဦးနှစ်ဖက်လုံးအတွက် နာကျင်စေခြင်းပဲလေ။

"နောက်ပြန်မလှည့်ဘူးဆိုလည်း ပြတ်သားလိုက်ပါတော့..."

မူမမှန်နေသည့်စိတ်ကို အတတ်နိုင်ဆုံးထိန်းချုပ်လိုက်ပေမဲ့
ကြေကွဲသံတော့ပေါက်နေလိမ့်မည်။ ကားသော့ယူပြီးထွက်လာခဲ့မိသည်က သူ့နှလုံးသားဦးတည်ရာဆီ။

Love On My Brother's Old Flame Donde viven las historias. Descúbrelo ahora