#XingHo
"ရီရှင်း မင်း ဘယ် Club မှမဝင်ဘူးလား။ "
ဆယ်ဟွန်းရဲ့အမေးကို ရီရှင်းခေါင်းသာခါပြသည်။
ရီရှင်း အခုဘာမှစိတ်ဝင်စားမနေ။ သူ့အတွက် အရေးတယူတွေးစရာတစ်ခုရှိနေသည်။ ဂျွန်ကောနဲ့ပိုနီးနီး နေနိုင်မဲ့အခွင့်အရေး။ အခုလို လမ်းမှာ အမှတ်တမဲ့တွေ့မှ
ခေါ်ပြောရသည့်အဆင့်မှ တက်နိုင်မည့်အခွင့်အရေး ဘယ်မှာရှိမလဲ။ ဘယ်လိုဖန်တီးရမလဲ။ကော်ဖီဆိုင်ကို နေ့တိုင်းသွားရမလား။ ဂျွန်ကောက ကော်ဖီဆိုင်ကိုနေ့တိုင်းမသွားသလို ၊ ဂျွန်ကောရဲ့ တိုက်ခန်းနှင့်ကော်ဖီဆိုင်နှစ်ခုလုံး အနားမှာရှိနေသည့်
သူ့ရဲ့ဂစ်တာတီးသင်တန်းကျောင်းကလည်း သူနေ့တိုင်းသင်ရသည်မဟုတ်။ သူ့အိမ်နှင့်ဝေးသည့် ကော်ဖီဆိုင်ကို ကော်ဖီတစ်ခွက်သောက်ဖို့ဆိုပြီး အကြောင်းပြသွားဖို့က နည်းနည်းကြောင်အမ်းအမ်းနိုင်သည်မဟုတ်လား။ခက်လိုက်တာ။ နည်းနည်းလောက်ပိုနီးနီးလေးနေရဖို့ ၊ ဂျွန်ကောရဲ့မျက်နှာလေးကို နေ့တိုင်း နည်းနည်းလေးပိုမြင်ရဖို့ ခက်ခဲနေလိုက်တာ။
" ရီရှင်း ... ကျန်းရီရှင်း ငါခေါ်တာကြားလား..."
ခုံပေါ်မေးထောက် စဉ်းစားခန်းဝင်နေရင်းမှ သူ့ခန္ဓာကိုယ်လှုပ်ယမ်းလာခြင်းနဲ့အတူ ဆယ်ဟွန်းရဲ့ခေါ်သံ။
"ဟမ်... အင်း..."
သူကြောင်အအထူးတော့ ဆယ်ဟွန်းက သူ့လက်မောင်းကိုကိုင်ထားလျက်မှ နှုတ်ခမ်းဟကာကြည့်နေသည်။
"အသိစိတ်မဝင်သေးဘူးလို့ထင်တယ်။ "
ရီရှင်းရဲ့ ပြူးကြောင်ကြောင် မျက်တောင်တခတ်ခတ်ပုံစံကြောင့် ဆယ်ဟွန်းက မျက်နှာမဲ့ကာဆိုသည်။
"ဘာပြောမလို့လဲ ။ "
ရီရှင်းက အတွေးတွေထဲမှထွက်ကာ ခေါင်းတခါခါလုပ်ရင်းမေးသည်။
"ငါ ဘယ် club ဝင်ရင်ကောင်းမလဲလို့လေ။ ပြီးတော့
မင်းကဘာလို့ မဝင်မှာလဲ။ "ဆယ်ဟွန်းက ပဲနို့သောက်ရင်း အလေးအနက်မေးနေပေမဲ့
ရီရှင်း တကယ်စိတ်မဝင်စား။ သူ ဒီအတိုင်းအေးအေးဆေးဆေးသာနေချင်သည် ။ club မဖြစ်မနေဝင်ရမည့်နှစ်မှသူဝင်မည်။
ŞİMDİ OKUDUĞUN
Love On My Brother's Old Flame
Hayran KurguThe one who I love is my big brother's old flame. ZhangYiXing × KimJunMyeon Fan Fiction