ကျေးဇူးတင်လွှာ - ကျေးဇူးတင်လွှာ

229 34 12
                                    

Love On My Brother's Old Flame - ကျေးဇူးတင်လွှာ။

ခွန်နိချိဝ !  မင်္ဂလာပါရှင့်။
ဲိဒီကြားထဲ စိတ်ဖောက်ပြားပြီး unpublishedလုပ်ခဲ့လိုက်သေးတဲ့အတွက်  တောင်းပန်ပါတယ်ရှင့်။

လူကနည်းနည်းကြောင်တော့ လုပ်ရပ်မှားတွေရှိခဲ့ရင် ခင်ဗျားလေးတို့ကပဲ နားလည်ပေးကြပါ>< ။

၂၀၂၀  ၁၂လပိုင်းကစရေးခဲ့တဲ့ ဒီအဖိုးတန်လေး တစ်နှစ်ကျော်ကြာသွားမှပဲ ဒီလိုအဆုံးသတ်ပေးလိုက်နိုင်ပါတယ်။ ဒီကြားထဲမှာ စိတ်ဓာတ်ကျလိုက် ၊ တက်လိုက်နဲ့  မူမမှန်ဖြစ်ခဲ့တာမို့ ကောင်းကောင်းမရေးနိုင်ခဲ့ပါဘူး။ ငါထပ်မရေးနိုင်လောက်တော့ဘူးလို့ ထင်ခဲ့ပြီး နောက်ဆုံးတော့ အဆုံးသတ်အထိ ရေးလိုက်နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ်လည်းကျေးဇူးတင်မိပြီး ပျော်ရပါတယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် စိတ်တည်ငြိမ်အောင်လုပ်ပြီး ပိုကောင်းတဲ့သူဖြစ်လာအောင် ကြိုးစားနေပြီမို့ ဆိုးဆိုးရွားရွားတွေတော့မလုပ်လောက်တော့ပါဘူး။ (ထင်ရတာပဲ😆😆😆)

ကိုကို့ကိုစောင့်ပေးတဲ့အချစ်လေးတို့ရော၊ အခုမှအသစ်ရောက်လာတဲ့အချစ်လေးတို့ကိုပါ စိတ်ရင်းနဲ့ ကျေးဇူးတင်မိပြီး ချစ်ပါတယ်။ ဒီနေရာလေးက အိမ်လိုပဲ။ ဘယ်လိုပဲထွက်သွားထွက်သွား ပြန်ကိုရောက်လာတယ် ။

နောက်ရေးဖြစ်မယ့်စာလေးတွေကိုလည်း သည်းခံပြီးဖတ်ပေးကြပါဦးလို့ တောင်းဆိုရင်း...ဟုတ်ကဲ့ အောက်က Q & A ကိုဖတ်ပေးကြပါဦး
>_<

Q : LOMBOF ကဒီလိုပဲပြီးပြီလား😳
A : ဟုတ်ကဲ့ ပြီးပါပြီ😙

Q : ဘာမှမဖြစ်သေးဘူးလေ 😳
A : ဟုတ်တယ် ဘာမှမဖြစ်သေးဘူး ☺️

Q : တကယ်လား S2 ကတကယ်ရှိမှာလား🙁
A : ဟုတ်တယ် တကယ်ကြီးဒီလိုအဆုံးသတ်သွားပါပြီ။ Titleနဲ့လုံးဝကိုက်ညီမယ်လို့ထင်ပါတယ်။ S 2 က တကယ်ရှိပါတယ်။

Q : LOMBOFအကြောင်း ရှင်းပြချင်သေးလား 😇
A : ဟုတ်ကဲ့သေချာပေါက်ပေါ့။ နာမည်လေးအတိုင်း ဂျွန်မြောင့်အပေါ်ထားရှိတဲ့ ရီရှင်းရဲ့အချစ်တွေ၊ စိတ်ထားတွေ၊ မေတ္တာတွေကို ခံစားမိမှာပါ။ ရီရှင်းက အခွင့်အရေးမယူချင်ဘူး။ ဂျွန်မြောင် ဟွမ်ရှင်းအပေါ် စိတ်ပြတ်သွားပြီ ၊ ဟွမ်ရှင်းကလည်း ဂျွန်မြောင့်ကိုစွန့်လွှတ်လိုက်ပြီဆိုတာ အတည်ပြုပြီး တစ်နေ့သူဖွင့်ပြောမယ်လို့ ဆုံးဖြတ်ချက်ချလိုက်တာပါ။ ဒါပါပဲ။ ချစ်ခြင်းမေတ္တာတွေက ရိုးရှင်းတယ်၊ နူးညံ့တယ်၊ သိမ်မွေ့တယ်။ ပြီးတော့  အတ္တတော့မကင်းနိုင်ပေမယ့်  စစ်မှန်နေဖို့လည်းလိုပါတယ်။ချစ်သောသူပျော်ရွှင်နေရင် ကိုယ်လည်းစိတ်ချမ်းသာရမယ်။

Love On My Brother's Old Flame Tahanan ng mga kuwento. Tumuklas ngayon