#XingHo
ဒီနေ့ အဘိုးကကိုရီးယားကိုလာမည်ဆို၍ ညီအစ်ကိုနှစ်ယောက်လုံး သပ်ရပ်စွာဝတ်စားပြီး သွားတွေ့ရသည်။ မနက်ပိုင်းအတန်းတွေကို သွားမတက်ရ။ အဘိုးက သူတို့ညီအစ်ကိုနှစ်ယောက်ကို ကိုရီးယားသို့ပို့ထားသည်မှာ အကြောင်းအရင်းရှိသည်။
"ဟွမ်ရှင်း ဒီမှာနေမယ်လို့ ဆုံးဖြတ်ပြီးပြီလား။ "
အဘိုးရဲ့ သြဇာအာဏာပါသည့်မေးသံမှာ ဟွမ်းရှင်းကောက
ခေါင်းငုံ့လို့တွေဝေနေဆဲ။ မပြတ်သားနိုင်တာတွေ သိပ်များတယ်ထင်ပါရဲ့။"မြေးတို့နှစ်ယောက်ထဲက တစ်ယောက်ပဲ ဒီမှာနေရမှာ။
သေချာဆုံးဖြတ်ကြ။ "အဖိုးရဲ့သတိပေးသလိုစကားသံမှာ သူနဲ့ဟွမ်ရှင်းကော ဟုတ်ကဲ့ဟုသာပြန်ဖြေနိုင်သည်။ သူ သေချာပေါက် ကိုရီးယားမှာနေချင်သည်။ ဒါပေမဲ့ သူ့ဘက်မှ လုယူတာမျိုးမဖြစ်စေရ။
ကိုရီးယားကို ကျောင်းလာတက်ဖို့ ဆုံးဖြတ်ခဲ့သည့် အကြောင်းအရင်း ၊ ကိုရီးယားမှာ ကျိန်းသေဆက်ဆက်နေချင်သည့် အကြောင်းအရင်းက တိတိကျကျရှိနေပေမဲ့ ဖြစ်လာမယ်မသေချာသည့်အရာတွေအတွက် မျှော်လင့်မိသော်လည်း အရာအားလုံးကို မျှမျှတတသာဖြစ်စေချင်သည်။ ဟွမ်ရှင်းကောဆီမှ သူဘာတစ်ခုမှလုယူမည်မဟုတ်သလို သူ့ဆီမှလည်း ဟွမ်ရှင်းကောက ဘာတစ်ခုမှလုယူမည်မဟုတ်။
ဟွမ်ရှင်းကောရဲ့ချစ်သူဖြစ်ခဲ့ဖူးသည့် ဂျွန်ကောကို ချစ်မိပေမဲ့
လုယူဖို့မစဉ်းစားမိသလို အတင်းအကြပ်ချစ်ရေးဆိုဖို့လည်း မတွေးခဲ့ဖူးပါ။အခွင့်အရေးလည်းမယူချင်ခဲ့။ ဒီအတိုင်းလေးပဲ ချစ်နေချင်ခဲ့သလို ဒီအတိုင်းလေးပဲ ငေးကြည့်ချင်သည်။ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ချစ်မြတ်နိုးချင်တာမို့ နာကျင်ခံစားရချိန် ဘေးနားမှာအရိပ်ကလေးလိုရှိလို့ နွေးထွေးစွာ ထွေးပွေ့ပေးချင်သည်။ထို့ကြောင့် သူကိုရီးယားမှာနေချင်သည်။
ကိုရီးယားမှာ ကျောင်းလာတက်ချင်ခဲ့သည့် အကြောင်းအရင်းဟာ ဂျွန်ကောဖြစ်သလို၊ ကိုရီးယားမှာ နေချင်သည့်အကြောင်းအရင်းဟာလည်း ဂျွန်ကောဖြစ်သည်။
STAI LEGGENDO
Love On My Brother's Old Flame
FanfictionThe one who I love is my big brother's old flame. ZhangYiXing × KimJunMyeon Fan Fiction