#XingHo
ရီရှင်း ဒီနေ့ကားယူခဲ့သည်။ ဘတ်စ်ကားစီးရတာ၊ မြေအောက်ရထားစီးရတာကို ပိုသဘောကျပေမဲ့ ဒီနေ့တော့ ကျောင်းရဲ့အတန်းချိန်တွေနဲ့ သင်တန်းချိန်က ကပ်နေတာမို့
အချိန်မှီအောင် ကားကိုယူခဲ့ရခြင်း။အချိန်တန်ရင် မိဘတွေသဘောကျ မိဘတွေရဲ့ကုမ္ပဏီကိုဆက်ခံရမှာဆိုပေမဲ့ ကျောင်းတက်ချိန်လေးမှာ သူဝါသနာပါရာလုပ်ခွင့်ပေးထားခြင်းကိုတော့ သိပ်ကျေးဇူးတင်သည်။ ဝါသနာပါသည့် ဂစ်တာတီးခြင်း၊ သီချင်းဆိုခြင်းကိုလည်း လုပ်ပြီး ကလေးများဂစ်တာတီးသင်တန်းမှာ နည်းပြလုပ်နေရခြင်းမှာ
သူသိပ်ပျော်ရသည်။လုပ်သင့်တာကိုလည်းလုပ်ရင်း လုပ်ချင်တာကို ကြိုးစားလုပ်နေရတာကို သူသိပ်ကျေနပ်ပါသည်။ရီရှင်း အတန်းပြီးပြီမို့ ဆယ်ဟွန်းကိုနှုတ်ဆက်ကာ ကျောင်းဝန်းထဲမှ ကားမောင်းထွက်လာခဲ့စဉ် ဘတ်စ်ကားမှတ်တိုင်မှာ ကားရပ်စောင့်နေသည့် ဂျွန်ကောကိုတွေ့ရသည်။
ဂျွန်ကောရဲ့မူပိုင်ပုံစံလေးအတိုင်း ကြည်ပြာရောင်ရှပ်အင်္ကျီလေးနဲ့ စတိုင်ပန်လေးကို ဝတ်ထားပုံက ရှင်းသန့်မြဲရှင်းသန့်ဆဲ။
ရီရှင်း ဘတ်စ်ကားမှတ်တိုင်ဘေးမှာကားရပ်ကာ ဂျွန်ကောကိုနှုတ်ဆက်လိုက်သည်။
"အိမ်ပြန်မလို့လား ။ "
"အော အိမ်တော့ မပြန်သေးဘူး..."
"ဆိုင်ကိုဝင်မလို့လား..."
ဂျွန်ကောက အံ့သြသွားဟန် မျက်ခုံးပင့်ခနဲ။ ရီရှင်း ခပ်ရေးရေးပြုံးမိသည်။ ဂျွန်ကောနဲ့ တွေ့ခဲ့တာ သိပ်မကြာသေးသော်လည်း သူ ဂျွန်ကောနဲ့ပတ်သတ်သမျှ အရာအားလုံးသိအောင် ကြိုးစားနေသည်။
"အွန်း... ဆိုင်ကိုဝင်မှဖြစ်မယ်။ "
ဂျွန်ကောက စဉ်းစားရခက်နေဟန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်ဖြေသည်။
"လိုက်ခဲ့ပါလား... ကျွန်တော် သင်တန်းကိုသွားမှာ ။ လမ်းကြုံတယ်။ "
ဂျွန်ကောက မျက်လုံးလေးလင်းသွားကာ ဟင်ခနဲ။
ကော်ဖီဆိုင်နေရာကိုပါသိနေလို့ ဂျွန်ကော သိပ်ကိုထွေပြားနေမှာပါပဲ။လမ်းကြုံမဟုတ်လည်းဘဲ တကူးတကလိုက်ပို့ချင်ပါသည်။
ŞİMDİ OKUDUĞUN
Love On My Brother's Old Flame
Hayran KurguThe one who I love is my big brother's old flame. ZhangYiXing × KimJunMyeon Fan Fiction