ep-1

11.9K 312 14
                                    

နွေဦးအစရဲ့ရာသီဥတုဟာသာယာလှတယ်မနက်ခင်းရဲ့ရာသီဥတုဟာလည်းသာယာလှပပါတယ်မနက်ခင်းရဲ့နေရောင်ကြည်နဲ့အစပျိုးတဲ့နေ့ရက်လေးတွေဟာတစ်ဂယ်ကိုသဘာ၀ရဲ့အလှကိုဖော်ပြနေတယ်နေရောင်ခြည်လေးတွေအကူအညီဖြင့်ပွင့်ဖူးနေသောပန်းလေးတွေဟာလည်းမွေးရနံ့သင်းပျံ‌နေပြီးငှက်ကလေးတွေဟာလည်းတေးသံလေးများသီဆိုနေပြီးနွေဦးရဲ့အစကနေ့ရက်လေးဟာလှပနေသတဲ့~~~~
ကဗျာလေးအပြီးမှာရှောင်းကျန့်ဟာစုတ်တံလေးကိုချပြီးနွေဦးရဲ့လေပြေလေးကိုရှူစားနေတယ်
ကျန်းရန်လီ-အားကျန့်
ရှောင်းကျန့်-ကျဲ
ကျန်းရန်လီ-ကျဲရဲ့မောင်လေးဘာလုပ်နေတာလဲ
ရှောင်းကျန့်-နွေဦးနဲ့လိုက်ဖတ်တဲ့ကဗျာလေးစပ်နေတာပါ
ကျန်းရန်လီ-ဟုတ်လားကျဲ‌နှောင့်ယှက်သလိုဖြစ်သွားလား
ရှောင်းကျန့်-မဖြစ်ပါဘူးဒါနဲ့ကျဲအာ့တာဘာလဲ
ဆိုကာကျန်းရန်လီလက်ထဲကိုင်ထားတဲ့ခွက်ဖြူလေးကိုလက်ညိုးထိုးကာမေးလိုက်တယ်
ကျန်းရန်လီ-အားကျန့်အတွက်ကြာစွယ်ဟင်းပြုတ်လာပေးတာလာ စားကြည့်
ရှောင်းကျန့်လည်းကျန်းရန်လီရဲ့ကြာစွယ်ဟင်းလေးကိုဇွန်းဖြင့်တစ်လုတ်ယူသောက်လိုက်တယ်
ရှောင်းကျန့်-ဝါးးးအရမ်းကောင်းတယ်ကျဲဆိုကာသွားလေးတွေပေါ်တဲ့ထိပြုံးပြလိုက်တယ်
ကျန်းရန်လီလည်းသူ့ရှေ့မှာအားရပါးရစားနေတဲ့မောင်လေးကိုကြည့်ပြီးပြုံးမိတယ်ဒါမဲ့သူစိတ်မကောင်းဘာလို့ဆိုအားကျန့်က၀မ်ဘုရင်နဲ့လက်ထပ်ရတော့မှာလေယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်ရမှာလေသူလည်းယောင်္ကျားလေးဘဲလေသူ့မောင်လေးသာသိရင်လက်မခံဘူးဆိုတာသူသိတယ်ဒါမဲ့လည်းမသက်သာတဲ့အချိန်မို့မဖြစ်အနေလက်ထပ်ရမှာလေ
ကျန်းရန်လီ-အားကျန့်ကျဲပြောစရာရှိတယ်
ရှောင်းကျန့်-ပြောလေကျဲဘာပြောစရာရှိလို့လဲ
ကျန်းရန်လီ-တစ်ဂယ်လို့အားကျန့်သာမိသားစုအတွက်မဖြစ်မနေလက်ထပ်ရမယ်ဆိုဘာလုပ်မှာလဲ
ရှောင်းကျန့်-အိမ်အတွက်ဆိုသေချာပေါက်လက်မထပ်ချင်ရင်တောင်ထပ်ရမှာဘဲလေ
ကျန်းရန်လီနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်သူ့ရှေ့ကလူကြီးပေါက်စလေးကို
ကျိုးချန်-ကျဲ
ကျန်းရန်လီ-အားချန့်လာပြီလား
ကျိုးချန်-အွန်း
ကျန်းရန်လီ-လာ အားချန့် ကြာစွယ်ဟင်းလာစား
ကျိုးချန်-ဟုတ် ကျဲဆိုကာပြုံးပြီးကျန်းရန်လီနားပြေးသွားတယ်
ရှောင်းကျန့်-ရော့ကျိုးချန်
ကျိုးချန်-ကျေးဇူးဘဲ
ကျိုးချန်လည်းရှောင်းကျန့်ပေးတဲ့ကြာစိကိုစားပြီးပြန်ထွေးထုတ်လိုက်တယ်
ရှောင်းကျန့်-ခွီးးးးဟားဟား
ကျိုးချန်-မင်းအကျင့်မကောင်းတဲ့ကောင်ဆိုကာလက်မောင်းကိုရိုက်လိုက်တယ်
ရှောင်းကျန့်-အားးယားးမင်းအာ့ကြောင့်အပျိုကြီးဖြစ်တာ
ကျိုးချန်-မင်းတွေ့မယ်ဆိုကာရှောင်းကျန့်ကိုပြေးလိုက်ပါလေရောရှောင်းကျန့်လည်းထွက်ပြေး
ကျန်းရန်လီ-အားကျန့်,အားချန့်ဖြေးဖြေးပြေး
ဆိုကာရီမောပြီးပြောလိုက်တယ်
ကျန်းအိမ်တော်ဟာလည်းကောင်လေးနှစ်ယောက်ရီမောနေသတဲ့~~~~
‌ညရောက်တော့.....
ရှောင်သခင်ကြီး-ရန်လီသမီးအဆင်ပြေရဲ့လား
ကျန်းရန်လီ-ပါးအားကျန့်ကငယ်သေးတယ်သူလက်ထပ်ဖို့အဆင်ပြေပါ့မလား
ရှောင်သခင်ကြီး-ပါးလည်းမတက်နိုင်လို့ပါသမီးရယ်ပါးလည်းအားကကျန့်ကိုအဲ့ဘုရင်နဲ့
လက်မထပ်စေချင်ပါဘူးဒါပေမယ့်မိဘုရားကြီးရဲ့အမိန့်ကိုလွန်ဆန်လို့မရဘူးလေကွယ်
ကျန်းရန်လီ-သမီးနားလည်ပါတယ်သမီးက
အားကျန့်လေးကိုစိတ်ပူလို့ပါ
ကျန်းသခင်မကြီး-သမီးစိတ်ပူစရာမလိုပါဘူး
အားကျန့်အဆင်ပြေမှာပါ
ကျန်းရန်လီ-ဟုတ်မား
မိသားစုသုံးယောက်စကားပြောနေတဲ့အချိန်သူတို့မသိတာကရှောင်းကျန့်တံခါးအပြင်ဘက်မှာခိုးနားထောင်နေတာပါဘဲ။
ရှောင်းကျန့်တစ်ယောက်သူ့အဆောင်ကိုပြန်ပြီးအ၀တ်တွေထုတ်နေသတဲ့
ကျိုးချန်လည်းရှောင်းကျန့်အခန်းထဲ၀င်လာတော့
ကျိုးချန့်-ရှောင်းကျန့်မင်းဘာလုပ်နေတာလဲ
ရှောင်းကျန့်-ငါဒီကထွက်သွားဖို့
ကျိုးချန်-ဘာ!!အားကျန့်မင်းရူးနေလား
ရှောင်းကျန့်-ဟုတ်တယ်ငါရူးနေတာ
ကျိုးချန်-မင်းကဘာလို့ထွက်ပြေးမှာလဲမင်းနော်ငါခွင့်မပြုဘူး
ရှောင်းကျန့်လည်းမျက်ရည်စလေးတွေဖြင့်
ကျိုးချန်ဘက်လှည့်ကြည့်လိုက်တယ်
ကျိုးချန်-အားကျန့် မင်း...
ရှောင်းကျန့်-မင်းကဘာသိလို့လာပြောနေတာလဲ!!
ကျိုးချန်-မင်းဘာဖြစ်တာလဲ
ရှောင်းကျန့်-ပါးတို့ကငါ့ကို၀မ်ဘုရင်နဲ့လက်ထပ်ရမှာတဲ့ငါကြားခဲ့တယ်
ကျိုးချန်-ဘာ!!!၀မ်ဘုရင်ကယောင်္ကျားလေးလေ
ရှောင်းကျန့်-ငါသိတယ်အာ့ကြောင့်ထွက်ပြေးဖို့
ထိုအချိန်ကျန်းရန်လီ၀င်လာပြီးရှောင်းကျန့်ကိုမျက်ရည်များဝဲစွာပြေးဖတ်လိုက်တယ်
ရှောင်းကျန့်-.....
ကျန်းရန်လီ-ကျဲတောင်းပန်ပါတယ်အားကျန့်ရယ်အစကတည်းကပြောပြဖို့လုပ်ခဲ့ပေမယ့်အားကျန့်ငိုမှာစိုးလို့မပြောခဲ့တာပါ
ရှောင်းကျန့်-ကျဲကျွန်တော်ယောင်္ကျားလေးတစ်ယောက်ကိုလက်မထပ်ချင်ဘူး
ကျန်းရန်လီ-ကျဲသိပါတယ်အားကျန့်ရယ်ဒါမဲ့
အိမ်တော်အတွက်လက်ထပ်ပေးပါနော်
ရှောင်းကျန့်-ဒါမဲ့ ကျဲ...
ကျန်းရန်လီ-ရှူးးးမပြောပါနဲ့
ဆိုကာရှောင်းကျန့်ရဲ့အ၀တ်ထုပ်လေးကိုသေချာစည်းပေးပြီး
ကျန်းရန်လီ-အနောက်ပေါက်ကနေထွက်ပါပြီးတော့လိုအပ်ရင်သုံးဖို့ဒီပိုက်ဆံ‌တွေကိုယူသွားပါအားချန့် အားကျန့်ကိုလိုက်ပို့ပြီးလုံခြုံတဲ့နေရာမှာထားခဲ့ပါ
ကျိုးချန်-ဟုတ်ကျဲ
ရှောင်းကျန့်လည်းကျန်းရန်လီကိုဖတ်ပြီး
ရှောင်းကျန့်-ကျေးဇူးအများကြီးတင်ပါတယ်ကျဲရယ်ကျေးဇူးအများကြီးတင်ပါတယ်
ကျန်းရန်လီ-ကျဲရဲ့မောင်လေးပျော်ရွှင်ရင်ရပါပြီကွယ်အခုသွားတော့
ရှောင်းကျန့်တို့လည်းကျဲကိုနှုတ်ဆက်ပြီးအ‌နောက်ပေါက်ကိုခိုးထွက်လာတယ်ဒါမဲ့
ကံမကောင်းစွာရှောင်သခင်ကြီးနဲ့ကျန်းသခင်မကြီးဟာသိသွားတယ်ရှောင်းကျန့်တို့လည်းထွက်ပြေးရတာပေါ့.......
ကျိုးချန်-မင်းသွားတော့ငါလမ်းကြောင်းလွဲထားမယ်
ရှောင်းကျန့်-မင်းကရော
ကျိုးချန်-ငါ့ကိုစိတ်မပူနဲ့မင်းလွှတ်အောင်‌ပြေး
ရှောင်းကျန့်-ဒါမဲ့
ရဲမက်များ-ဟိုမှာထင်တယ်
ကျိုးချန်-သွားတော့မြန်မြန်
ရှောင်းကျန့်လည်းနောက်သို့ပြန်မလှည့်ကြည့်ဘဲအရှေ့ကိုဆက်ပြေးသွားတယ်
အဝေးကြီးသို့ပြေးလာပေမယ့်အရှေ့မှာ
ချောက်ကမ်းပါးကြီးဘဲရှိတော့တယ်
ထိုအချိန်
‌ကျန်းသခင်မကြီး-အားကျန့်!!!!!
ရှောင်းကျန့်လည်းနောက်လှည့်ကြည့်လိုက်တော့
နေတယ်ကျန်းရန်လီနဲ့ကျိုးချန်ဟာလည်းမျက်ရည်များဖြင့်
ရှောင်သခင်ကြီး-အားကျန့်လာခဲ့ပါနော်
ရှောင်းကျန့်-ဒါမဲ့သားလက်မထပ်ချင်ဘူးပါး
ရှောင်းသခင်ကြီး-ပါးတို့လည်းမတက်သာတဲ့အခြေမနေမို့လို့ပါနော်သားပြန်လာခဲ့ပါ
ရှောင်းကျန့်-သူနဲ့လက်ထပ်မဲ့အစားသေလိုက်တာမှကောင်းမယ်
ဆိုကာချောက်ကမ်းပါးကနေ‌ခြေစုံပစ်ခုံချလိုက်တယ်
ကျန်းရန်လီ-အားကျန့်!!!!!!
ရှောင်းသခင်ကြီး-မင်းတို့အားလုံးဆင်းရှာကြစမ်း
ရဲမက်များ-ဟုတ်သခင်ကြီး
ရဲမက်များဟာညလုံးပေါက်ရှာနေပေမယ့်
ရှောင်းကျန့်ကိုမတွေ့
ကျန်းရန်လီ-အဟင့် သမီးအမှားပါအဟင့်အီးးဟီးးဆိုကာငိုနေတယ်
ကျိုးချန်လည်းမျက်ရည်များဝဲနေတယ်
ရှောင်သခင်ကြီးနဲ့ကျန်းသခင်မကြီးလည်း
၀မ်းနည်းနေကြတယ်ထိုအချိန်
ရဲမက်-သခင်ကြီးကျွန်တော်တို့ရှာတွေ့ပြီ
ကျန်းရန်လီလည်းတွေဝေမနေတော့ဘဲပြေးသွားတယ်ရှောင်သခင်ကြီးတို့ကလည်းကျန်းရန်လီနောက်လိုက်လာတယ်
ကျန်းရန်လီ-အားကျန့်ဆိုကာမေ့မျှောနေတဲ့ရှောင်းကျန့် ခန္ဓာကိုယ်လေးကိုငိုယိုကာဖတ်လိုက်တယ်
ရှောင်သခင်ကြီး-မင်းတို့သခင်လေးကိုအိမ်တော်စီမြန်မြန်ပြန်ခေါ်သွားပြီးသမားတော်မြန်မြန်သွားခေါ်
ရဲမက်များ-ဟုတ်
အိမ်တော်ရောက်တော့....
ကျန်းရန်လီ-အားကျန့်အဆင်ပြေမှာပါ‌နော်
ကျိုးချန်-အဆင်‌ပြေမှာပါကျဲရယ်စိတ်လျှော့ထားပါ။
ထိုအချိန်သမားတော်ထွက်လာပြီး
ကျန်းသခင်မကြီး-သမားတော်အဆင်ပြေရဲ့လား
သမားတော်-အဆင်‌ပြေပါတယ်သခင်လေးကခဏသာမေ့နေယုံပါပြန်နိုးဖို့တော့နည်းနည်းကြာမယ်နိုးလာရင်ဒီဆေးရည်ကိုကျိုပြီးတိုက်လိုက်ပါ
ကျန်းသခင်မကြီး-ဟုတ် အားချန့်သမားတော်ကြီးကိုလိုက်ပို့ပေးလိုက်ဦး
ကျိုးချန်-ဟုတ် မား
ရှောင်သခင်ကြီးနဲ့ကျန်းသခင်မကြီးလည်း
မေ့မျှောနေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးစိတ်မကောင်းကျန်းရန်လီကတော့ငိုနေသတဲ့.....
In 2021~~~
ဒီနေ့ရှောင်းကျန့်တစ်ယောက်အလုပ်စလုပ်မဲ့နေ့
ရှောင်းကျန့်-ဟူးးးးအဆင်ပြေမှာပါဒီနေ့ရာသီဥသာယာတာဘဲ
ဆိုကာစက်ဘီးလေးစီးကာထွက်လာတယ်
ရှောင်းကျန့်-That we've got one life, one world, so let's come together, we'll weather the storm,a rain of colors, look up to the sky, we're all made of shooting in stars, we are made to loveဝိုးအိုးဝိုးအားးးးးးရှောင်းကျန့်သီချင်းလေးဆိုလို့ကောင်းတုန်းအရှေ့ကကုန်တင်ကားကြီးနဲ့တိုက်မိပါလေရော....
ရှောင်းကျန့်အတွက်အရာအားလုံးဟာဝေဝါးလာတယ်သူနောက်ဆုံးအနေနဲ့စကားတစ်ခွန်းကိုရေရွတ်လိုက်တယ်
ရှောင်းကျန့်-ငါ သေလို့မဖြစ်ဘူးငါဟာ
စောက်ချောကြီးဆိုတာပါဘဲ....
ရှောင်းကျန့်တစ်ယောက်လန့်ကာနိုးလာတယ်
ရှောင်းကျန့်-ဟူးးးဟူးးးဆိုကာလန့်နေတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းဟိုစမ်းဒီစမ်းလုပ်နေတယ်
ရှောင်းကျန့်-ဟူးးးးတော်ပါသေးရဲ့
ခွမ်းးးး(ခွက်ပြုတ်ကျသံ)
အစေခံ-သခင်လေး နိုး နိုးလာပြီလားခဏကျွန်မသခင်မကြီးကိုသွားပြောလိုက်ပါမယ်ဆိုကာပြေးထွက်သွားတယ်
ရှောင်းကျန့်-သခင်လေးဘယ်ကသခင်လေးလဲနေပါအုံးသခင်လေး
ရှောင်းကျန့်-အားးးးးးးးးးးး
Ep-1 endဟဲဟဲကြိုက်ကြရဲ့လား။ဒါဒါအားလုံးအိုက်နီ😘❤️❤️
Zawgyi version
In 2021~~~

systemWhere stories live. Discover now