Ep-21

977 68 5
                                    

ရှောင်းကျန့်တို့မနက်ထဲကအပြင်သွားတာညနေစောင်းတဲ့ထိနန်းတော်ပြန်မရောက်ကြသေး
ရှောင်းကျန့်-နေတောင်၀င်တော့မယ်ကျွန်တော်တို့ပြန်ကျမလားယွီကောကော

ဖေးယွီ-ပြန်ကျမယ်လေ
နှစ်ယောက်လုံးပြုံးပြုံးရွှင်ရွှင်နန်းတော်အနောက်ဘက်ရောက်တော့တံတိုင်းကြီးကိုမြင်ပြီးရှောင်းကျန့်မျက်နှာရှုံ့မဲ့သွားတယ်

ရှောင်းကျန့်-ယွီကောကောတံတိုင်းထပ်ကျော်ရဦးမှာလား

ဖေးယွီ-ဒါပေါ့ဘာဖြစ်လို့လဲကျန့်ကျန့်

ရှောင်းကျန့်-ကျွန်တော်မှမကျော်ချင်တာကြီးကိုဒါကြီးကအမြင့်ကြီး

ဖေးယွီ-လာတုန်းကတော့ကျော်ပြီးတော့ခုလည်းကျော်ရမှာပေါ့ကလေးလေးရဲ့

စူပုတ်နေတဲ့မျက်နှာထားလေးနဲ့ခေါင်းလေးငြိမ့်ပြလာတယ်အသဲယားလွန်းလို့အော်ရီမိတော့ရရှိလာတဲ့ယုန်မျက်စောင်းလေး

နှစ်ယောက်သားထိုတံတိုင်းကိုကုပ်တတ်ရင်းဖေးယွီရှောင်းကျန့်ကိုကြည့်လိုက်တယ်စိတ်တိုလို့နှုတ်ခမ်းလေးဆူပြီးပါးလေးကဖောင်းနေရောချစ်ဖို့ကောင်းလိုက်တာ!အောင်အောင်မြင်မြင်နဲ့တံတိုင်းကိုကျော်ပြီးနန်းတော်ထဲရောက်တော့ရှောင်းကျန့်လေးမျက်လုံးပြူးသွားတယ်ဖေးယွီကတော့ပုံမှန်အတိုင်းပြုံးတောင်ပြုံးနေသေး

ရှောင်းကျန့်-မင်း..မင်းကြီး

ဖေးယွီ-၀မ်ရယ်ပါလား

ရိပေါ်-ဟက်..သိပ်ပျော်ခဲ့ကြတယ်မလား

ရှောင်းကျန့် -ကျွန်..ကျွန်တော်

ရိပေါ်-မင်း၀င်မပြောနဲ့ရှောင်းကျန့်!

ရှောင်းကျန့်-......

ဖေးယွီ-ရှောင်းလေးကနန်းတော်အပြင်ထွက်ချင်လို့ငါလိုက်ပို့ပေးတာဘာဖြစ်လို့လဲ?သူလည်းအပြင်မထွက်ရတာကြာပြီမလား၀မ်ရယ်ကသူ့ကိုအမြဲအနားမှာပဲနေခိုင်းနေတာလေငါကရှောင်းလေးမွှန်းကြပ်နေမှာဆိုးလို့အပြင်ခေါ်သွားပေးတာ..ဟက်

ရိပေါ်-၀မ် ဖေး ယွီ!ကျန့်ကငါကိုယ်တော်ရဲ့မိဘုရားမင်းနဲ့ဘာမှမသက်ဆိုင်ဘူးမင်းကအိမ်ရှေ့စံငါနန်းချရင်တောင်ချက်ချင်းချလိုက်လို့ရတယ်မင်းရဲ့အဆင့်အတန်းကိုလည်းမှတ်ထားဦးမိဘုရားနဲ့အိမ်ရှေ့စံပဲ!ငါလားငါကမင်းကြီး‌ကျန့်ရဲ့ခင်ပွန်းသည်အိမ်ထောင်ရှင်သူနဲ့ငါကသက်ဆိုင်တယ်အဲ့တာမှတ်ထား..ပြီးတော့မင်းကိုကျန့်ရဲ့အဆောင်‌ကိုသွားခွင့်ပိတ်လိုက်ပြီ၀င်ချင်တိုင်း၀င်ထွက်ချင်တိုင်းထွက်လို့မရဘူးအကယ်၍မင်းသွားတာတွေ့တဲ့အခါဘယ်ရာထူးပဲဖြစ်နေပါစေအကျဉ်းခန်းထဲသွားရမယ်!ကျန့်မင်းလည်းကိုယ့်အပြစ်ကိုသိတယ်မလားမိဘုရားစည်းကမ်းတွေကိုယ်မင်းကိုဖတ်ခိုင်းပြီးပြီညကျရင်ကိုယ့်အပြစ်ကိုပြန်လည်သုံးသပ်ပြီးကိုယ့်စာကြည့်ဆောင်ကိုလာခဲ့

systemWhere stories live. Discover now