Ep-9

1.1K 87 3
                                    

ရှောင်းကျန့်ဒီနေ့တော်တော်စိတ်ညစ်နေပြီ
ဘာလို့လဲ?သေချာပေါက်ဟိုကျပ်မပြည့်တဲ့ဘုရင်ကြောင့်ပေါ့။မနေ့ကမှနန်းတော်ကိုသွားတယ်။
ဒီနေ့လည်းထပ်ခေါ်တယ်မလွန်လွန်းဘူးလား။
နေ့တိုင်းခေါ်နေတယ်အချိန်တန်ရင်သူ့လင်ဖြစ်မှာဘဲကို။အိပ်ရေး၀၀အိပ်မယ်ဆိုတဲ့အတွေးတွေကလေလိုပျောက်သွားပြီ။စိတ်လေးတယ်
ကျန်းရန်လီ-အားကျန့်ဘာတွေစိတ်ညစ်နေတာလဲအ၀တ်လဲတော့လေ
ရှောင်းကျန့်-ကျဲ~~~ကျွန်တော်မသွားချင်ဘူး
ကျန်းရန်လီ-ဘာလို့လဲကျဲရဲ့မောင်လေးရဲ့သူတို့ကအနိုင်ကျင့်လို့လား။
ကျိုးချန်-ဘာမှမဟုတ်ဘူးသူသွားရမှာပျင်းနေလို့
ရှောင်းကျန့်-မင်း!!
ကျိုးချန်-ဘာလဲမဟုတ်လို့လား။
ရှောင်းကျန့်-ဟဲဟဲအာ့လဲဟုတ်တယ်
ကျန်းရန်လီ-အော်ဟော်ကြင်ယာတော်တွေက
မပျင်းရိရဘူးလေထကျဲကြာစွယ်လုပ်ထားတယ်စားပြီးသွားရအောင်
ရှောင်းကျန့်-ဟုတ်
ဆိုကာပျင်းတိပျင်းရွဲ့နဲ့ထလာတယ်။
ရှောင်းကျန့်-ကျဲဟိုနေ့ကလိုအ၀တ်စားကြီးတော့မ၀တ်ဘူးနော်
ကျန်းရန်လီ-ဟုတ်ပါပြီကွဲ့
ထိုအခါမှရှောင်းကျန့်ကတက်ကြွသွားတယ်။
30 minutes later
ကျိုးချန်-ကျဲ ရှောင်းကျန့်ဘာလို့အဲ့လောက်ကြာနေတာလဲအချိန်တွေနောက်ကျတော့မယ်
ကျန်းရန်လီ-သူလည်းအ၀တ်အစားရွေးနေတာနေမှာပေါ့ခဏစောင့်လိုက်
ထိုအချိန်ရှောင်းကျန့်ကအမဲရောင်အကျီလေးနဲ့ထွက်လာတယ်။
ရှောင်းကျန့်-ကျဲဘယ်လိုလဲကျွန်တော်ကြည့်‌ကောင်းလား
ကျိုးချန်-ပဲများနေသေးတယ်ရုပ်ဆိုးတာက
ရုပ်ဆိုးတာပါဘဲ
ရှောင်းကျန့်-မင်းနော်မနာလိုဖြစ်နေတာမလား။
ကျိုးချန်-ချီးကိုမနာလိုဖြစ်စရာလား
ကျန်းရန်လီ-နှစ်ယောက်လုံးတော်ကြတော့။
အားရှန့်အလှဆုံးဟုတ်ပြီလား။လာစားကြ
ကျိုးချန်နဲ့ရှောင်းကျန့်-ဟုတ်
သုံးယောက်သားကြာစွယ်ဟင်းစားကြပြီး
အိမ်တော်ရှေ့ထွက်စောင့်နေကြတယ်။
မကြာပါဘူးနန်းတော်ကမြင်းလှည်းရောက်လာတယ်။ဒီတစ်ခါလာခေါ်တာလန်ရှီချန်းမဟုတ်ဘူး။၀မ်ဘုရင်ကိုယ်တိုင်လာခေါ်တာ။လန်ရှီချန်းလည်းပါ‌တာပေါ့။သူတို့နှစ်ယောက်ကလေလုံး၀ညီအကိုနဲ့မတူဘူး၀မ်ရိပေါ်ကအမြဲမျက်နှာကြီးကိုတည်တည်ငြိမ်ငြိမ်ထားတယ်။တစ်ချက်လေးတောင်မပြုံးဘူး
လန်ရှီချန်းကတော့autoပြုံးပြီးသားဘယ်လူ
တွေ့တွေ့ပြုံးပြနေတာမသိရင်အရူးကြီးကျလို့ကျိုးချန်ရှေ့ရောက်ရင်ပိုဆိုးပြုံးရုံတင်မဟုတ်ဘူးလူကပါautoသူ့နားကပ်လာတာ။ကျိုးချန်သူ့ကိုထမထိုးတာကံကောင်း။မဟုတ်မှလွဲရာgayနေတာလားမသိဘူး။ပြောရင်းဆိုရင်းနဲ့ဟိုက
ကျိုးချန်နားရောက်နေပြီ။
ရိပေါ်-ကြင်ယာတော်လေးဘာတွေတွေးနေတာလဲတက်လေ
ရှောင်းကျန့်-အော်ဘာမှမဟုတ်ပါဘူးဟဲဟဲ
ရှောင်းကျန့်လဲလှည်းပေါ်တက်လိုက်တယ်။သူတက်ပြီးရိပေါ်ကပါလိုက်တက်တယ်။လန်ရှီချန်းကတော့မပါလာဘူး
ရှောင်းကျန့်-အကိုရှီချန်းရော
ရိပေါ်-သူလား။လုပ်စရာရှိလို့နေခဲ့မယ်တဲ့
ရှောင်းကျန့်-အော်......
ဒီလိုနဲ့နှစ်ယောက်သားတိတ်ဆိတ်သွားကြတယ်။တစ်ယောက်နဲ့တစ်ယောက်ကြားကလေထုဟာအလွန်တိတ်ဆိတ်နေတယ်ထိုအခြေအနေကိုရှောင်းကျန့်ကဖြိုခွင်းပြီးစကားစလိုက်တယ်
ရှောင်းကျန့်-ဟွာလေမေးချင်တာရှိလို့
ရိပေါ်-ကြင်ယာတော်လေးကဘာမေးမလို့လဲ
ရှောင်းကျန့်-မင်းကြီးနှုတ်ခမ်းကဘာဖြစ်တာလဲ
ရိပေါ်-ဒါလားအဟမ်းးအကောင်ကိုက်သွားတာ
ရှောင်းကျန့်-မင်းကြီးကိုလည်းကိုက်သွားတာလားကျွန်တော့်ကိုလည်းကိုက်သွားတယ်။ဘာအကောင်မှန်းတော့မသိဘူးတော်တော်နာတယ်
ရိပေါ်-အင်းပုရွက်ဆိတ်နေမှာပေါ့(သဝါးးးရှင်လိမ်တယ်)
ရှောင်းကျန့်-ဟုတ်လောက်မယ်
ရိပေါ်လည်းသူ့ရှေ့ကအူတူတူယုန်‌ပေါက်လေးကြောင့်ရီချင်စိတ်တွေထိန်းထားတယ်။
ပုရွတ်ဆိတ်လို့ပြောလိုက်တာကိုယုံပြီးဟိုကြည့်ဒီကြည့်လုပ်နေတယ်။မဖြစ်တော့ဘူးဒီယုန်ပေါက်လေးကိုသူတော်တော်စားချင်နေပြီ။မင်္ဂလာဦးညမှာအ၀စားပစ်မယ်။တွေးရင်းနဲ့မြန်မြန်တောင်မင်္ဂလာဆောင်ချင်နေပြီမယ်တော့်ကိုပြောရမယ်
ရှောင်းကျန့်-မင်းကြီး
ရိပေါ်-အင်း
ရှောင်းကျန့်-ရောက်ပြီလေမဆင်းသေးဘူးလား
ရိပေါ်-အာရောက်ပြီလားဆင်းရအောင်လေ။
ရိပေါ်ကအရင်ဆင်းလိုက်တယ်။‌ရိပေါ်ဆင်းပြီးတော့မှရှောင်းကျန့်ကလိုက်ဆင်းတယ်။
ရှောင်းကျန့်ဆင်းတဲ့အချိန်ခြေချှော်ပြီးပြုတ်ကျပါလေရော။ရှောင်းကျန့်လည်းနာသွားမှာကြောက်လို့မျက်လုံးကိုတင်းတင်းမှိတ်ထားတယ်။ဒါမဲ့သူ
မနာကျင်တဲ့အပြင်နွေးထွေးတဲ့ရင်ခွင်တစ်ခုထဲတောင်ရောက်နေတယ်။မှိတ်ထားတဲ့မျက်လုံးတွေကိုဖြေးဖြေးချင်းဖွင့်လိုက်တော့ရိပေါ်ရင်ခွင်ထဲရောက်နေတယ်။သူ့ရဲ့ခါးသေးသေးလေးတွေကို
ရိပေါ်ရဲ့လက်အကြီးကြီးတွေကထိန်းထားတယ်။အခုပုံစံကRomanceဆန်ဆန်မင်းသားလေးကမင်းသမီးလေးပြုတ်ကျမှာကိုဖမ်းထားပေးတဲ့အတိုင်းဘဲ။
Fuckဘဲရှောင်းကျန့်ရေ!!!
မင်းကမင်းသမီးလေးမှမဟုတ်တာ
ရိပေါ်-ကြင်ယာတော်လေးအဆင်ပြေရဲ့လား
ရှောင်းကျန့်-ဟုတ် အဆင်ပြေပါတယ်
ရိပေါ်လည်းရှောင်းကျန့်ခါးလေးကိုလွှတ်ပေးလိုက်တယ်။ထိုအခါမှရှောင်းကျန့်လည်း
ရှက်ကိုးရှက်ကမ်းနဲ့သွားကြီးဖြီးပြနေတယ်။
ပြီးတော့နှစ်ယောက်သားနန်းတော်ထဲကိုအတူ၀င်လာကြတယ်။
ရိပေါ်-ကြင်ယာတော်လေးဥယျာဉ်ထဲမှာခဏစောင့်နေပါလား။ကိုယ်တော်ယူစရာရှိသေးလို့
ရှောင်းကျန့်-ဟုတ်သွားလေ။
ရိပေါ်လည်းသွားရောရှောင်းကျန့်ကသက်ပြင်းတစ်ချက်ချလိုက်တယ်။သူစဉ်းစားနေတာ
ဒီဘုရင်ကလေနန်းတော်ကိုခေါ်လာတိုင်းဥယာဉ်ထဲဘဲစောင့်ခိုင်းနေတယ်။ကျပ်မပြည့်ရှာတော့လည်းသည်းခံရမှာပေါ့လေ
ရှောင်းကျန့်လည်းဥယာဉ်ထဲမှာချထားတဲ့
သစ်လုံးခုံပုလေးမှာထိုင်လိုက်တယ်။ဥယာဉ်ကဆိုးတော့မဆိုးပါဘူးလှပါတယ်။တစ်နည်းအားဖြင့်lilyပန်းတွေကြောင့်ပေါ့။lilyပန်းတွေကဖြူစင်ပြီးလှပတယ်။အဓိပ္ပါယ်တွေကလည်းနက်ရှိုင်းတယ်။lilyပန်းလေးတွေက
'မင်းမှာတစ်ခြားသူတွေမယုံကြည်နိုင်လောက်အောင်ဖြူစင်ပြီးသစ္စာတရားတွေရှိတယ်။ဘ၀ရဲ့စိန်ခေါ်မှုတွေကိုသတိပြုပါ'တဲ့

systemWhere stories live. Discover now