Ep-18

805 65 5
                                    

Unicord
ရိပေါ်ရဲ့အိပ်ဆောင်ထဲရောက်တော့ရိပေါ်ကသူ့အ၀တ်ထဲကယူ၀တ်ခိုင်းတယ်။ရှောင်းကျန့်လဲဟုတ်ပြီလေဆိုပြီးတော့အ၀တ်ရွေးနေတယ်အနောက်ကိုလဲတစ်ချက်တစ်ချက်လှည့်ကြည့်ဖို့
မမေ့ဟိုဘုရင်ကသတိလွှတ်ရင်စားဖို့စောင့်နေတဲ့ကျပ်မပြည့်မဟုတ်သေးဘူးပြား၁၀၀မှာ၉၉ကျပ်လိုနေတဲ့ခြင်္သေ့လေ။
ရိပေါ်-မိဘုရားဘာဖြစ်လို့လဲကြိုက်တဲ့ဟာမတွေ့လို့လား
ရှောင်းကျန့်-မဟုတ်ပါဘူး
ရှောင်းကျန့်ကပြုံးပြီးအ၀တ်ကိုပြန်ရွေးနေတယ်သူကြိုက်တဲ့ဟာမတွေ့တာမဟုတ်ဘူးအကုန်လုံးကသူနဲ့မတော်တာတွေကြီးပဲ။ရုတ်တရပ်‌ရိပေါ်ကသူ့အနောက်မှာရပ်ပြီးရဲ့ရှောင်းကျန့်နောက်ကျောကနေရှောင်းကျန့်လက်ကိုကိုင်ကာအကျီကူရွေး‌နေတယ်။
ရိပေါ်-ကိုယ်တော်ကူရှာပေးမယ်
ရှောင်းကျန့်-ဟ..ဟုတ်(ကူရွေးပေးတာ‌တော့ဟုတ်ပါပြီဘာလို့မင်းရဲ့အောက်ကကောင်ကငါ့တင်ပါးကိုလာထောက်နေတာလဲ!!)
ခဏကြာတော့ရှောင်းကျန့်ကအကျီဖြူလေး
တစ်ထည်ကိုယူလိုက်တယ်ဒီထက်ပိုပြီးနှေးနေရင်လည်းဟိုကျပ်မပြည့်တဲ့အကောင်ရဲ့အောက်ကအငယ်ကောင်ကငါ့တင်ပါးထဲ၀င်တော့မယ်။
ရှောင်းကျန့်-ဒီ.ဒီဟာပဲ၀တ်တော့မယ်
ရိပေါ်-အွန်းမိဘုရားသဘော
ရှောင်းကျန့်လည်းပြုံးပြီးအ၀တ်လဲဖို့ကာထားတဲ့လိုက်ကာထဲ၀င်သွားလိုက်တယ်
ရှောင်းကျန့်"ဟူးတော်သေးတယ်အစားခံရတော့မလို့ကပ်သီးလေး"
System"အစားခံလိုက်‌တာမဟုတ်ဘူး"
ရှောင်းကျန့်"အပေါက်ပိတ်!"
System"ဘယ်အပေါက်လဲဟင်"
ရှောင်းကျန့်"ညည်းမှာပါးစပ်ပေါက်ကလွဲလို့ဘာအပေါက်ရှိသေးလို့လဲကမရဲ့"
System"ငင့်hostကလည်းကောင်းကောင်းပြောပါ"
ရှောင်းကျန့်"တော်ပြီတော်ပြီညည်းနဲ့စကားမပြောချင်တော့ဘူး"
System"ပြီးရောhostအခုနောက်ပိုင်းmission
လည်းမလုပ်တော့ဘူး"
ရှောင်းကျန့်"နင့်ရဲ့အထက်ဆိုတဲ့ဟာကြီးကပေးမှမပေးတာ"
System"hostရယ်missionရတာကြာနေပါပြီ"
ရှောင်းကျန့်"ဟုတ်လားဘာလို့ငါ့ကိုမပြောလဲ"
System"hostပဲအပေါက်ပိတ်ဆို"
ရှောင်းကျန့်"အခုပြော!!"
System"ဟုတ်ကဲ့ပါအဟမ်းးးmissionက
၀မ်ဘုရင်ရဲ့အချစ်ကိုရအောင်ယူတဲ့.."
ရှောင်းကျန့်"ယိ့လားပြောတော့တစ်ခြားဇာတ်ကောင်နဲ့မကြိုက်ရဘူးဆို"
System"ဒါကဒီလိုရှိတယ်hostရဲ့တစ်ခြားဇာတ်ကောင်ကhostကိုချစ်ရမယ်hostချစ်စရာ
မလိုဘူးသူကhostကိုချစ်ရင်ရပြီ"
ရှောင်းကျန့်"မင်းပြောချင်တာရိပေါ်ကငါ့ကို
ချစ်ရင်ပြီးရောငါကသူ့ကိုချစ်စရာမလိုဘူး
အဲ့လိုလား"
System"ဟုတ်တယ်host"
ရှောင်းကျန့်"အင်းဘယ်နှစ်မှတ်ရမှာလဲ"
System"သိဘူးဒါပြီးရင်missionကအဆုံးသတ်ပြီထင်တယ်gameကလည်းထွက်တော့မှာလေ"
ရှောင်းကျန့်"ဆိုလိုတာကဒီmissionအောင်ရင်ငါအရင်နေရာပြန်နိုင်ပြီပေါ့"
System"ဟုတ်ပါတယ်host"
ရှောင်းကျန့်တစ်ယောက်နောက်ဆုံးmissionဆိုတော့ပျော်သွားတယ်။
ရိပေါ်-ကြင်ယာတော်လေးအဆင်ပြေရဲ့လား
ရှောင်းကျန့်-ပြေပါတယ်မင်းကြီး
ပြောကာရှောင်းကျန့်ထွက်လာတယ်အကျီက
တော်တော်ကြီးနေတယ်လက်ဖျားတွေဖုံးတဲ့အထိကိုကြီးတာပြီးတော့ခြေဖျားတွေပါဖုံးပြီးလမ်းတောင်ကောင်းကောင်းလျှောက်လို့မရဘူး။
ရှောင်းကျန့်-မင်း.မင်းကြီးအကျီကမကြီးလွန်းဘူးလား
ရိပေါ်-ဟုတ်လားခဏကိုယ်တော်ကြည့်ပေးမယ်
ရှောင်းကျန့်-ရတယ် ရတယ်ကျွန်တော်လာခဲ့မယ်ရှောင်းကျန့်ကပြုံးကာပြောပြီးရိပေါ်နားလျှောက်လာတယ်။လာရင်းနဲ့ကြီးလွန်းတဲ့အကျီကြောင့်
ရိပေါ်ရင်ခွင်ထဲလဲကျသွားရော။ခန္ဓာကိုယ်လေးဘယ်လောက်သေးလဲဆိုတော့ရိပေါ်ရင်ခွင်ထဲကိုက‌လေး‌လေးလိုပလုတ်ဆိုပြီးရောက်သွားတယ်။
ရိပေါ်-အဆင်ပြေရဲ့လား
ရှောင်းကျန့်-ဟီးဟီးအဆင်ပြေတယ်သွေ့ပုချိ
ရိပေါ်လည်းယုန်သွားလေးပေါ်အောင်ပြုံးပြနေတဲ့ရင်ခွင်ထဲကကြင်ယာတော်ပိစိလေးကိုအသဲယားစွာကြည့်နေတယ်ပြီးတော့ခေါင်းလေးကိုပွတ်ပေးလိုက်တယ်။
ရိပေါ်-အရူးလေးနောက်ဆိုဆင်ခြင်မတော်လို့လဲကျသွားရင်ဘယ်လိုလုပ်မလဲ
ရှောင်းကျန့်-ကျွန်တော်ကိုယ့်ဘာသာထိန်းနိုင်ပါတယ်ကလေးမှမဟုတ်တာကို
ရိပေါ်-ကိုယ့်မျက်စိထဲမှာတော့မင်းက၃နှစ်သားလေးပဲ
ရှောင်းကျန့်-ဟွန့်သူများကအသက်ကြီးပါပြီ။
ရိပေါ်-ဟုတ်ပါပြီလာကိုယ်အကျီလုပ်ပေးမယ်
ရှောင်းကျန့်-ဟုတ်
ရိပေါ်ကရှောင်းကျန့်ကိုကုတင်ပေါ်ထိုင်ခိုင်းပြီး
သူကအောက်ကထိုင်ကာရှောင်းကျန့်ရဲ့ရှည်နေတဲ့အကျီကိုသေချာလုပ်ပေးနေတယ်။
ရှောင်းကျန့်-မင်းကြီးကျွန်တော်အဆင်ပြေပါတယ်။
ရိပေါ်-မင်းကြီးလို့ပဲခေါ်နေတော့မှာလား
ရှောင်းကျန့်-မင်းကြီးလို့မခေါ်ရင်ဘယ်လိုခေါ်ရမှာလဲ
ရိပေါ်-စဉ်းစားကြည့်လေ
ရှောင်းကျန့်လက်လေးကိုမကာမေးစိကိုပွတ်ပြီးလူကြီးလေးလိုစဉ်းစားနေတယ်ရိပေါ်ကတော့လူကြီးပေါက်စလေးကိုကြည့်ပြီးသဘောကျလို့
မဆုံး။ခဏကြာတော့ရှောင်းကျန့်စဉ်းစားရသွားတဲ့ပုံဘဲရိပေါ်ကိုကုတင်ပေါ်ကငုံ့ကြည့်ပြီးပြုံးကာခေါ်လိုက်တယ်။
ရှောင်းကျန့်-လောင်ကုန်း~~~
ရိပေါ်တစ်ယောက်ရှောင်းကျန့်ခေါ်လိုက်တဲ့ပုံကြောင့်နားရွက်လေးတွေရဲထွက်သွားတယ်
ရှောင်းကျန့်-လောင်ကုန်းဆိုအဆင်ပြေတာပဲလောင်ကုန်းကျန့်ရဲ့၀မ်လောင်ကုန်းလေးဆို
မဆိုးပါဘူး
ရိပေါ်-အဟမ်းကိုယ်တော်သွားတော့မယ်။
ရှက်ရဲရဲနဲ့ချောင်းတစ်ချက်ဟန့်ကာခပ်မြန်မြန်ပဲထွက်သွားတယ်။ရှောင်းကျန့်ကတော့ရုတ်တရပ်ထွက်သွားတဲ့၉၉ကျပ်လိုနေတဲ့ဘုရင်နောက်ကြောင်အအနဲ့မြန်မြန်လိုက်သွားရရော။
ရိပေါ်ကတော့အနောက်ကနေအကျီဖြူအရှည်ကြီးကိုမပြီးဖင်လုံးလုံးလေးနဲ့ပြေးလာတဲ့သူ့ရဲ့မိဘုရားလေးကိုကြည့်ပြီးကြိတ်ရီမိတယ်။
ရှောင်းကျန့်-၀မ်ကိုကိုလေး~၀မ်ကိုကိုလေး
နေပါဦးအာ့
သွားနေရာမှရပ်လိုက်တဲ့၀မ်ဘုရင်ကိုရင်ထဲက‌နေမေတ္တာပို့မိတယ်။
ရိပေါ်-ခုနကလိုပြန်ခေါ်ကြည့်
ရှောင်းကျန့်-၀မ်ကိုကိုလေးလေဘာလို့လဲ
ရိပေါ်-မဟုတ်ဘူးအစောကလိုခေါ်ခိုင်းတာ
ရှောင်းကျန့်-လောက်ကုန်း၀မ်လောင်ကုန်းလား
ရိပေါ်-ဟုတ်တယ်ရှောင်လောင်ဖော်လေးရဲ့
ရှောင်းကျန့်-ဟွန့်သူများကမိန်းကလေးမှမဟုတ်တာကို
ရိပေါ်-ကိုယ့်အတွက်တော့လောင်ဖော်ယုန်ဆိုးလေး
ရှောင်းကျန့်-ဟွန့်အကျင့်မကောင်းတဲ့ကိုကို၀မ်ကြီးဆိုပြီးလက်ပိစိလေးတွေနဲ့လိုက်ထုပါရော
ရိပေါ်-အာ့နာတယ် နာတယ်
ရိပေါ်လည်းစပြီးပြေးပါလေရောရှောင်းကျန့်လေးကနောက်ကနေပြေးလိုက်တာပေါ့။အပြုံးတွေဝေဆာနေတဲ့နှစ်ယောက်ကတော့လေပြေပြီးရင်မုန်တိုင်းလာတော့မှာကိုသတိမထားမိ။
Ep-18 End
ဟဲဟဲအကြာကြီးပျောက်နေတဲ့မီဇူကိုမေ့နေပြီယား😑မေ့ရင်အိမ်ထိလာဘုမှာ😾
ပုစွန်ဦးနှောက်ထဲကနေမရှိ ရှိတဲ့အတွေးတွေကိုညစ်ထုတ်နေရတာသေးပါထွက်တယ်🥴အပိုင်းတွေကဆက်ပါတယ်နော်။
ဘာပဲဖြစ်ဖြစ်ချစ်ရပါသောအားဆေးလေးတွေအိုက်နီနော်အားဆေးလေးတွေကိုအရမ်းချစ်တာမီဇူအားတွေလိုနေတဲ့အချိန်အမြဲရှိနေပေးယို့🥺
မီဇူရဲ့ficအသစ်လေးကိုအားပေးပါဦးနော်
အားဆေးလေးတွေအိုက်နီ🌚💖💖💖💖🧛
Zawgyi
Ep-18 End




systemWhere stories live. Discover now