Ep-10

980 79 6
                                    

ရှောင်းကျန့်တစ်ယောက်တော်တော်ပျင်းနေပါပြီဟိုစောက်ပေါဘုရင်ကသူ့ကိုဥယာဉ်ထဲထားသွားပြန်ပြီလေ။ဘာတဲ့ယွဲ့မိဘုရားမူးလဲတာကိုမယ်တော်ကြီးကအတင်းခေါ်လို့သွားကြည့်တာတဲ့သူ့မယားသေသေမသေသေအရေးကြီးတာလည်းမဟုတ်ဘဲနဲ့ခုလောလောဆယ်အရမ်းပျင်းလာပြီ။ရှောင်းကျန့်လည်းဥယာဉ်ထဲမှာထိုင်နေတာထက်ဆိုင်ရင်ခဏလောက်လျှောက်ပတ်ကြည့်မယ်ဆိုပြီးထထွက်တော့မဲ့အချိန်သူ့ရှေ့ကိုတစ်ယောက်ယောက်ကကာလိုက်တယ်။
ရှောင်းကျန့်-၀မ်ဖေးယွီ!!မင်းဖယ်
ဖေးယွီ-ကြင်ယာတော်လေးကစိတ်ကြီးဘဲကိုယ်လာတောင်းပန်တာပါ။
ရှောင်းကျန့်-မင်းကဘာလုပ်ထားလို့လာတောင်းပန်တာလဲခုလောလောဆယ်ငါ့ရှေ့ကဖယ်
ဖေးယွီ-ဟိုနေ့ကအကြောင်းလေ။လက်အဆင်ပြေရဲ့လား
ရှောင်းကျန့်လည်းခုမှပြန်သတိရသွားတယ်။
ပြီးတော့ဖေးယွီမျက်နှာကိုကြည့်တော့ထိုးခံထားရတာမပျောက်သေးဘူးထင်ပါရဲ့ပါးမှာ
ယောင်ကိုင်းနေတာဘဲ။ရှောင်းကျန့်လည်းခုမှအားနာစိတ်လေးနည်းနည်း၀င်လာတယ်။
သူ့ကြောင့်ဖြစ်ထားတဲ့ဒဏ်ရာမလို့သူတာ၀န်ယူသင့်တာပေါ့။စောက်မြင်ကတ်တာက‌သက်သက်ထားလိုက်အားနာစိတ်လေးတော့ရှိရမှာပေါ့။
ရှောင်းကျန့်လည်းဖေးယွီရဲ့မျက်နှာကထိုးခံရထားတဲ့ဒဏ်ရာကိုလက်နဲ့ဖွဖွလေးကိုင်လိုက်တယ်။
ရှောင်းကျန့်-ကျွန်တော်ကအဆင်ပြေပါတယ်။
ခဗျားရောအဆင်ပြေရဲ့လား။နာသေးလား
ဖေးယွီအစကသူ့ပါးကိုရုတ်တရပ်လာကိုင်လို့
အံဩသွားပေမယ့်‌ရှောင်းကျန့်မေးလာမှပြုံးပြီးခါးကို ကိုင်းလိုက်တယ်။ရှောင်းကျန့်ကသူ့ထက်ပုတာကို။ပုခုံးလောက်ဘဲရှိတယ်လေ။
ဖေးယွီ-ကိုယ်ကအဆင်ပြေပါတယ်မင်းလေးအဆင်မပြေမှာကြောက်လို့လာမေးတာပါ
ရှောင်းကျန့်-ကျွန်တော်ကဘာမှမဖြစ်သွားပါဘူး။ဆေးရောထည့်ပြီးပြီလား။ကိုက်သေးလား
ဖေးယွီ-နည်းနည်းတော့နာသေးတာပေါ့
‌ရှောင်းကျန့်လည်းသူ့ရှေ့ကနာနေသေးတဲ့ဖေးယွီကိုကြည့်ပြီးသနားစိတ်လေး၀င်လာတယ်။
ပြီးတော့သူ့ပါးကိုဖွဖွလေးမှုတ်ပေးလိုက်တယ်။
ရှောင်းကျန့်-ရပြီလားနာသေးလား။ဒဏ်ရာတွေကနာရင်မှုတ်ပေးရတယ်တဲ့။အာ့ဆိုနာတာ
နည်းနည်းပျောက်တယ်တဲ့
ဖေးယွီလည်းသူ့ရှေ့က ကလေးဆန်လွန်းတဲ့
ယုန်ငဒူလေးကိုကြည့်ပြီးရီမိတယ်။နာတယ်ဆိုတာညာပြောတာတောင်မသိတဲ့ယုန်ပေါက်လေးက လေနဲ့တောင်မှုတ်ပေးနေတယ်။
ဖေးယွီ-ဝါးးးးကြင်ယာတော်လေးကစွမ်းအားကြီးတာနာတာတွေပျောက်သွားပြီ။
ရှောင်းကျန့်လည်းနာတာတွေပျောက်သွားပြီပြောတော့ယုန်သွားလေးတွေပေါ်အောင်ပြုံးပြတယ်။ဖေးယွီလည်းသူလေးပြုံးတာမြင်ရင်အလိုလိုလိုက်ပြုံးမိတယ်ရှောင်းကျန့်ကိုသူတစ်ဂယ်အပိုင်လိုချင်မိတယ်။
ဖေးယွီ Pov
စတွေ့ထဲကဂျစ်ကန်ကန်နဲ့ရန်တွေ့နေတဲ့ယုန်ပေါက်လေးကိုကြည့်ပြီးသူအသည်းယားမိတယ်ဒါကြောင့်၀င်ကူညီလိုက်တယ်။ယုန်ပေါက်ကကျေးဇူးမတင်တဲ့အပြင်
မျက်စောင်းကထိုးလိုက်သေး။‌ယောင်္ကျားလေးတစ်ယောက်နဲ့မတူအောင်ဆွဲဆောင်နိုင်လွန်းတဲ့ရှောင်းကျန့်ကြောင့်သူတစ်ခါဘဲတွေ့ရသေး။
သူ့နှလုံးသားလေးကတစ်ခါထဲအရည်ပျော်သွားရော။ဒုတိယ်တစ်ကြိမ်အိပ်ချင်မူးတူးနဲ့သမ်းနေတဲ့ကောင်လေးကိုကြည့်ပြီးရင်းနှီးမှုရခြင်လို့စကားသွားပြောမိတာကောင်လေးကစကားမပြောချင်ဘူးထင်ပါရဲ့သူ့‌အမည်ပြောပြီးတာနဲ့ချက်ချင်းလစ်ဖို့လုပ်တယ်။သူလည်းစိတ်ကမထိန်းချုပ်နိုင်ဘဲကောင်လေးရဲ့ခါးကိုဖတ်မိတယ်။ခါးလေးတွေကတစ်ဂယ်သေးတယ်လက်တစ်ဖက်စာဘဲရှိတယ်။အဲ့ညကတည်းကသူလေးကိုအရမ်းပိုင်ဆိုင်ချင်တဲ့စိတ်တွေကပြင်းပြလာတယ်
ဒီနေ့လည်းဥယာဉ်ထဲမှာသူ့ကိုတွေ့လိုက်တယ်။တစ်ယောက်ထဲဆူပုတ်ပုတ်နဲ့ဘာကိုအလိုမကျဖြစ်နေမှန်းမသိဘူး။ပြီးတော့သူ့ရှေ့ကlilyပန်းတွေကိုကြည့်ပြီးပြုံးနေတယ်။ဖေးယွီလည်း
မနီးမဝေးနားကနေသူ့ကိုတိတ်တိတ်လေးရပ်ကြည့်နေလိုက်တယ်။lilyပန်းလေးထဲစိတ်ရောက်နေတဲ့သူလေးကရှိနေတာကိုသိတယ်မထင်ဘူး။တစ်ယောက်ထဲပန်းလေးတွေကိုစကားပြောနေတယ်။သူလည်းဟိုနေ့ကဖြစ်ပျက်ခဲ့တာတွေကိုတစ်ခါထဲတောင်းပန်ပြီးစကားသွားပြောမယ်လုပ်တုန်း၀မ်ရိပေါ်ကသူ့ထက်အရင်ရောက်လာတယ်။အစကတော့ဒေါသစိတ်တွေဖြစ်ပေါ်လာပြီးထွက်သွားဖို့လုပ်ပေမယ့်ယုန်ပေါက်လေးကပြုံးနေတာမြင်တော့သူ့ကိုပြန်ပြီးကြည့်နေမိတယ်။lilyပန်းလေးကိုပန်ထားပြီးရီမောစွာပြောနေတဲ့သူလေးကိုကြည့်ပြီးပင်ပန်းတာတွေစိတ်ညစ်စရာတွေအကုန်ပျောက်သွားတယ်။ပြီးတော့သူ၀မ်ရိပေါ်ကို
မနာလိုဖြစ်မိတယ်။ကြင်ယာ‌တော်လေးရဲ့အနီးဆုံးနားမှာရှိတာသူဘဲဖြစ်ချင်တယ်,ပိုင်ဆိုင်ခွင့်ရတာလည်းသူဘဲဖြစ်ချင်တယ်,လောဘကြီးမိတယ်။၀မ်ရိပေါ်ကိုသူငယ်ငယ်ကတည်းက
မုန်းတယ်သူလိုချင်တာတွေကိုသူ့ထက်အရင်ဦးပြီးရတယ်,ခမည်းတော်ကလည်းသူ့ထက်ရိပေါ်ကိုပိုချစ်တယ်,သူကအကြီးဒါမဲ့ခမည်းတော်ကအငယ်ဖြစ်တဲ့၀မ်ရိပေါ်ကိုသာထီးနန်းပေးလိုက်တယ်။အဲ့ကတည်းကသူ၀မ်ရိပေါ်ကိုအရမ်းမုန်းလာတယ်,သတ်ချင်တယ်,သူပိုင်တာတွေကိုလုယူချင်တယ်,သူ့ထက်ပိုပြီးတော်ချင်တယ်,
ခုလည်း၀မ်ရိပေါ်ကသူအရမ်းပိုင်ဆိုင်ချင်တဲ့အရာကိုထပ်လုပြန်ပြီဒီတစ်ခါတော့သူမပေးတော့ဘူးမရမနေယူမယ်,တွေးနေတုန်း၀မ်ရိပေါ်ကအလောတကြီးထွက်သွားတော့ရှောင်းကျန့်ကကျန်ခဲ့ပြန်တယ်ဒီအခွင့်အရေးကိုရတုန်း
ရှောင်းကျန့်နားသူသွားလိုက်တယ်,ဟိုနေ့ကအဖြစ်အပျက်ကိုတောင်းပန်လိုက်တယ်။
ယုန်ပေါက်ကမှတ်မိတဲ့ပုံတောင်မပေါ်‌နောက်မှ မှတ်မိလာပြီးရုပ်လေးကအားနာသလိုဖြစ်သွားတယ်ပြီးတော့မှမေးလာတယ်။သူလည်းစချင်လို့နာတယ်လို့ပြောလိုက်တယ်။ထိုအခါမှပါးလေးကိုကိုင်ပြီးလေနဲ့ဖွဖွလေးမှုတ်ပေးနေတယ်။သူတစ်
ဂယ်အသည်းယားလာပြီလေ။
တွေးရင်းနဲ့သူတို့နားရိပေါ်ရောက်လာတယ်
သူလည်း၀မ်ရိပေါ်ကိုအထင်မှားအောင်လုပ်ချင်တာပေါ့။ရှောင်းကျန့်က၀မ်ရိပေါ်လာနေတဲ့ဘက်ကိုကျောပေးထားတာကြောင့်ဖေးယွီက
ရှောင်းကျန့်ခါးကိုဖတ်ကာပုခုံးပေါ်ခေါင်းတင်လိုက်တယ်။ပြီးတော့
ဖေးယွီ-ကိုယ်ခေါင်းကိုက်နေလို့ခဏဘဲဒီလိုနေပါရစေနော်။ခွင့်ပြုပေးပါ
ရှောင်းကျန့်လည်းအစကလန့်သွားပေမယ့်သနားလို့အငြိမ်ခံပေးလိုက်တယ်။၀မ်ရိပေါ်လာနေတာကိုတော့သူမသိဘူး။
ထိုမြင်ကွင်းကိုမြင်ရတဲ့၀မ်ရိပေါ်ဟာလက်သီးကိုပြင်းပြင်းဆုတ်ပြီးဒေါသတွေထွက်လာတယ်။
Wang yibo Pov
ကြင်ယာတော်လေးနဲ့စကားပြောနေတဲ့အချိန်အထိန်းတော်ကြီးကယွဲ့မိဘုရားမူးလဲသွားလို့မယ်တော်ကြီးကမြန်မြန်လာပေးပါတဲ့။အစကသူမသွားချင်မယ်တော်ကအတင်းခေါ်တာမို့
မသွားချင်ဘဲနဲ့ကြင်ယာတော်လေးကိုပြောပြီးထွက်လာခဲ့တယ်။သူလည်းပြန်လာရောဖေးယွီကကြင်ယာတော်လေးကိုဖက်ထားတယ်ဒီမြင်ကွင်းကသူ့ရဲ့နှလုံးကိုဓားနဲ့အစိမ်းလိုက်ထိုးစွလိုက်သလိုဘဲ။ဒေါသတွေအရမ်းထွက်ပြီးလက်သီးကိုကြပ်ကြပ်ဆုပ်ထားတယ်။ဒေါသဘယ်လောက်ထွက်သွားလဲဆိုတော့မျက်နှာတွေနီရဲသွားတဲ့အထိဘဲ။
တစ်ဖက်ကဖေးယွီကတော့အောင်နိုင်သူအပြုံးကြီးနဲ့ပေါ့~~~~~~
Ep-10 End
ဘာ‌တွေဆက်ဖြစ်မလဲ၀မ်ရိပေါ်ဘာဆက်လုပ်မလဲဖေးယွီကရောဘာဖြစ်မလဲ?ဟဲဟဲအကြွေးလာဆပ်တာ။မျှော်နေကြရဲ့လား။မျှော်နေရင်အရမ်းချစ်တာဘဲ။လက်တွေအရမ်းနာနေလို့ထိန်းရေးနေရတာ။လက်ထိပ်တွေဆိုသွေးတောင်ထွက်နေပြီ။
ဘာဘဲဖြစ်ဖြစ်အရေးမကြီးပါ။
My baby wangကupdateနည်းနည်းနောက်ကြမယ်နော်။ဒါဒါအားလုံးအိုက်နီ🤒🌚💖👉🏻❤️👈🏻
Zawgyi version
Wang yibo Pov
Ep-10 End
👉🏻❤️👈🏻

systemWhere stories live. Discover now