(Unicode)
*ဒေါက်…ဒေါက်… ***
'Jong In!Jong In
ခဏထွက်ခဲ့အုန်း 'Sehunဆီကပြန်လာကတည်းကcafèကို
မဝင်တော့ဘဲ အိမ်ကိုပြန်လာပြီးအိပ်နေခဲ့တာ.
အခုတော့ဘယ်နှနာရီတောင်ရှိသွားမှန်းတောင်မသိ...အပြင်မှာ Sehun ခေါ်နေတာကြောင့်အခန်းတံခါးကိုထဖွင့်ပေးလိုက်ပြီးကြည့်နေလိုက်တော့.မျက်ခုံးနှစ်ခုကိုထိလုနီးပါးမျက်မှောင့်ကြီးကြုတ်ပြီးကြည့်နေသော Sehun.'ဘာလဲ? '
'ဘယ်နှနာရီရှိနေပြီလဲ...ပြန်ရောက်လာကတည်းကအိပ်နေတာဆို.ထမင်းလည်းထမစားဘူးဆို..ဘာဖြစ်နေတာလဲ ?'
'မင်းကမှဘာဖြစ်နေတာလဲ? '
ဟုတ်ပါသည်. Sehun မှဘာဖြစ်နေတာလဲ.
Company မှာလည်း overtimeသာဆင်းနေတာ.စိတ်ကJong ဆီမှာ...
အလုပ်ကပြန်တော့ cafè ကိုဝင်ကြည့်တော့လည်း Jong In က Sehun ဆီကိုသွားပြီးကတည်းကပြန်မလာတော့တာတဲ့. အိမ်ရောက်လို့ အစ်မရယ်ဂျင်းဆီဝင်တော့လည်းညနေ့ပြန်ရောက်ကတည်းကထမင်းလာမစားဟုပြောသောစကားတွေကြောင့် Sehun အပူကြီးပူရပြန်သည်.စိတ်ပူပူနဲ့ အခန်းတံခါးသွားခေါက်တော့လည်းတော်တော်ကြာပြန်မဖြေသော Jong In ကြောင့် Sehun မှာဘယ်နည်းနဲ့မှစိတ်မတိုဘဲမနေနိုင်တော့...ဒါကိုစိတ်ပူလို့မေးလို့မေးမှန်းမသိသော Jong In ကြောင့် Sehun ပိုလိုပင်စိတ်ဆိုးရတော့မည်....
'အခုမှအလုပ်ကပြန်လာတာမလား? ရေသွားချိုးပြီးထမင်းသွားစားလေ..သူများအိပ်နေတာကိုလာမနှောင့်ယှက်နေနဲ့လေ...'
'စိတ်ဆိုးနေတာလား? '
အင်း...အမှန်ဆို Sehun က Jong In ကိုစိတ်ဆိုးနေတာမလား...ဒါကို ဘာကြောင့် Sehun က Jong In ကိုသွားမေးမိတာလဲ.မေးမိသောကိုယ့်ကိုယ်ကိုတောင်ပြန်ရိုက်ပစ်လိုက်ချင်သည်...
'ဪ...ဘာလို့စိတ်ဆိုးရမှာလဲဗျာ...? သွား..သွား..သွားတော့...'
'ခဏလေးနေပါဦး...!!!!'
'အ့....အား...!!!'
Sehun ကိုမောင်းထုတ်ပြီးအခန်းတံခါးကိုအတင်းပိတ်မယ်လုပ်တော့ လက်ကို အတင်းဆွဲလာသော Sehun ကြောင့် Jong In လက်တော်တော်ကိုနာသွားသည်...
YOU ARE READING
PAST LIVES(uni&zg)