16

145 30 14
                                    

(Unicode)

....တီ..တီ..တီ....

ကားဟွန်းတီးပြီးလှမ်းခေါ်နေတာတောင်မကြား.ပစ္စည်းတွေမနိုင်ဘဲအများကြီးသယ်လာသော Jong In ကိုကြည့်ရင်း Sehun ကားပေါ်မှရယ်နေမိသည်..Sehun နှင့် Jong In တို့ ဒီလိုပိတ်ရက်လေးတွေဆို
တွေ့လိုက်အလုပ်လုပ်ရသောရက်တွေဆို Sehun က ပြန်သွားလိုက် ဖုန်းပြောကြရင်းအလွမ်းဖြေလိုက်နဲ့ ခုနစ်လတောင်ရှိခဲ့ပြီ..

နောက်သုံးလဆို သူတို့ LDRS လိုနေခဲ့တာ တစ်နှစ်တောင်ပြည့်ပြီ...Sehun ရဲ့နေဖို့အခွင့်အရေးတွေလည်း တစ်နှစ်လျော့သွားခဲ့ပြီ.တစ်နှစ်ပြည့်ရင်တော့ Jong In ကိုဖျောင်းဖျပြီးတူတူပြန်နေရမည်...
Sehun အချိန်တွေကုန်တော့မည်လေ.....

'Jong In!'

'ဟာ...Oh Sehun!!!'

...

'ဪ...ပစ္စည်းတွေနဲ့ကိုဘယ်နှယ်လို့
ပြေးလာရတာတုန်းကွ...!'

'....'

မနက်လေးနာရီကြီး တွေ့လိုက်ရသော
Jong In ၏ဖရိုဖရဲပုံလေးက Sehun မျက်နှာကအပြုံးကြီးပြုံးသွားမိသည်အထိကို Sehun မျက်လုံးထဲသိပ်ကိုချစ်ဖို့ကောင်းနေသည်...

ကားနောက်ဖုံးထဲကိုဟင်းချက်စရာပစ္စည်းတွေနဲ့ရေခဲဗုံးတွေကောထည့်ပေးပြီး
ကားပေါ်ပြန်တက်တော့ကားပေါ်မှာ
အခန့်သားထိုင်နေသော Jong In မှာ Sehun ကကြည့်ပြီးရယ်ပြသည်.
Sehun လည်း ကားစက်နှိုးပြီး
ခါးပတ်ပတ်လိုက်ပြီးပြန်ရယ်ပြတော့
Sehun အနီးအနားကိုတဖြည်းဖြည်း
တိုးလာပြီး Sehun ပါးကိုဖျက်ခနဲ
နမ်းလိုက်သည်..

'ဟို...ဟို...ဟေ့...ဘာလုပ်တာလဲ? '

'ဪ...ဘာလုပ်တာမှန်းတောင်
မသိတော့ဘူးပေါ့...!'

'အင်း...နောက်တစ်ခါထပ်လုပ်ပြရင်
သိသွားမယ်ထင်တယ်.'

'နောက်တစ်ခါဆိုရင်.......'

Sehun နားကိုကပ်လာပြီး Sehun ပါးများကိုဖွဖွလေးကိုင်လိုက်ရင်း Sehun နှုတ်ခမ်းတွေကိုနမ်းလာရင်း Sehun ခံတွင်းတစ်ခုလုံးနွေးသွားသလိုခံစားရသည့်အထိ
Jong In နမ်းလိုက်သည်...

'အရမ်းလွမ်းနေတာ...'

'အခုရော...အလွမ်းပြေသွားပြီလား?'

PAST LIVES(uni&zg)Where stories live. Discover now