17

140 23 6
                                    

(Unicode)

🖇"မနက်စာစား...နေကောင်းအောင်နေ...အလုပ်ဘဲဖိလုပ်မနေနဲ့...ဂရုစိုက်"🖇

ဆိုပြီး စာရွက်အပိုင်းလေးနဲ့ရေးပေးသွားပြီးမနက်စာစားဖို့ပြင်ထားသောစားပွဲခုံပေါ်မှာတင်ထားသောစာရွက်လေးကိုကြည့်ပြီး Jong In ပြုံးမိသည်...

ညကမဆေးရသေးသောပန်းကန်တွေတောင်ဆေးပေးသွားသေးသည်...Sehun ပြင်ပေးထားသောမနက်စာလေးကိုစားရင်း Jong In တစ်နေ့တာလေးကိုပျော်ပျော်ရွှင်ရွှင် စတင်လိုက်သည်...

မနက်စာစားပြီး Sehun ​ဆီကို  Message လှမ်းပို့လိုက်သည်..Sehun ချက်ထားသောဟင်းကိုအသိအမှတ်ပြုတဲ့အနေနဲ့ပေါ့...

📱" စားကောင်းတယ်.
မင်းလည်းဂရုစိုက်...
ချစ်တာကတော့ပြောစရာမလိုပါဘူး...
ဒါပေမဲ့ချစ်တယ်..."

Sehun အခုမှာအိမ်ရှေ့မှာကားရပ်ပြီး
ဆင်းတော့မှာဘဲ ဝင်လာသော Message လေးကိုကြည့်ပြီးပြုံးမိသွားသည်...
ဒီနေ့တော့အိမ်ကနေဘဲ
အလုပ်လုပ်တော့မယ်လို့
အလုပ်ကိုလှမ်းပြောရမည်...
Sehun တော်တော်ပင်ပန်းနေပြီ...Jong In မျက်နှာလေးသာနေ့တိုင်းတွေ့နေရရင် ပင်ပန်းနေရင်တောင်ပင်ပန်းတယ်လို့
တွေးမိမှာတောင်မဟုတ်.

........

"အင်း...အိမ်ရောက်တော့မယ်...
လမ်းကူးနေတာ.."

"ဂရုစိုက်ဦး "

Sehun ကအမြဲအချိန်မှန်သည်...Jong In ဆိုင်ကပြန်လာလို့ Bus ပေါ်မှာတစ်ယောက်ထဲဖြစ်မှာဆိုးလို့ Bus ပေါ်ရောက်ပြီး ၅မိနစ်ဆိုတာနဲ့ဖုန်းခေါ်သည်...Jong In အသံကောင်း၍စိတ်ကြည်သောနေ့တွေဆို Face-time လုပ်ဖို့ပြောပေမဲ့ Jong In အသံနားထောင်လို့ပင်ပန်းနေတယ်ဆိုလျှင်
ဖုန်းသာပြောဖြစ်ကြသည်..

"အေးပါ..."

"လက်ရောသက်သာလား"

"သက်သာတယ်.ဘာမှသိပ်မဖြစ်ဘူး...
စိတ်မပူနဲ့ "

Sehun ပြန်သွားပြီးနောက်နေ့လက်ရောင်
သွားလို့ဆိုသောအကြောင်းကို Sehun
အမေပြောမှသိရသည်...
လက်နာနေတာတောင်ဆိုင်ကိုသွားနေဆဲ...
သူ့တာဝန်ကိုနည်းနည်းမှအပျက်မခံချင်သောခေါင်းမာတဲ့စိတ်ကတော်တော်ဆိုးရွားသည်...အနားမပေးဘဲအလုပ်ပိုလုပ်ရင်ပိုဆိုးမယ်လို့ Sehun ပြောတာလည်း
နားဝင်ပုံမပေါ်...

PAST LIVES(uni&zg)Where stories live. Discover now