2

478 64 12
                                    

(Unicode)

'ကောင်လေး...မင်းမရှိဘဲငါဘယ်လို
အသက်ရှင်ရမှာလဲကွာ...'

တစ်အိမ်လုံးမီးတွေပိတ်ထားပြီးပစ္စည်းအချို့ကိုလည်းထုတ်ပိုးထားသည်.ထိုအချိန်မှာအရာရာပျက်စီးသွားပြီးဖြစ်သောSehunမျှော်လင့်ချက်တွေကလည်းအခုမျက်နှာပေါ်သို့စီးကျနေသောမျက်ရည်တွေကဲ့သို့ပျောက်ကွယ်သွားလျှင်
သိပ်ကောင်းမည်ဖြစ်သည်...

ဧည့်ခန်းမှာထိုင်ရင်းနှစ်ယောက် တူတူရိုက်ထားသောဓာတ်ပုံလေးကိုကြည့်ရင်းJong In၏ပုံရိပ်များသည်လည်းSehunမျက်လုံးထဲတွင်တရိပ်ရိပ်ပေါ်နေသည်...

'ဟူး....'

သက်ပြင်းမောတစ်ခုကိုချလိုက်ရင်းစားပွဲမှာတင်ထားသောမျက်နှာပြင်ကြေနေသောနာရီလေးကိုပွတ်ဆွဲပြီးကြည့်လိုက်ရင်းSehunစိတ်တွေကိုပိုမောပန်းလာစေသည်...Jong Inမှာလည်းSehunကိုပေးထါးသောနာရီကဲ့သို့ဆင်တူလေးရှိ၍ထိုaccdientဖြစ်သည့်အချိန်မှာပတ်ထားခဲ့တာကြောင့်အနည်းငယ်ပျက်စီးနေပြီဖြစ်သည်.

အင်း....
မင်းမရှိတဲ့နေရာ...
မင်းမရှိတဲ့အချိန်...
မင်းမရှိတဲ့နေ့ရက်တွေကို
ဘယ်လိုဖြတ်သန်းရမှာလဲ?...

Sehunဘဝမှာသူကိုယ့်သူလူတစ်ယောက်
အတွက်ဘယ်လောက်အရေးပါကြောင်း
ပျော်ရွှင်မှုတွေပေးနိုင်ကြောင်းကိုJong In
သူ့ဘဝကိုဝင်လာတော့မှSehunသိခဲ့ရတာပါ...

"အားလုံးငါ့အမှားတွေပါကွာ...."

တင်းကျပ်လာသောရင်ဘတ်အစုံကိုထုရိုက်ရင်းတသွင်သွင်ကျလာသောမျက်ရည်တွေကိုလည်းထိန်းချုပ်နိုင်စွမ်းမဲ့နေလေသည်.

👑👑👑

ကိုယ့်ကိုဖြတ်တိုက်လာသောလေအေးတွေကSehun၏ရင်ထဲကအပူတွေကို
မငြိမ်းစေနိုင်ပါ...
ရူသွင်းလိုက်သောလေတွေနှင့်အတူ
ခန္ဓာကိုယ်မှလည်းမအေးချမ်းသွားနိုင်ပြန်ပေ...

'မင်းနောက်ကိုငါအမြန်လိုက်ခဲ့မယ်နော်...'

တံတားလက်ရန်းပေါ်ကိုတက်လိုက်သည်..
ညဘက်အချိန်မို့လူသွားလူလာလည်းအနည်းငယ်ပြတ်နေသည်.Jong Inအငွေ့
အသက်တွေပြည့်နှက်နေသောနေရာမှာလည်း
Sehunကိုယ့်ကိုယ်ကိုအဆုံးမစီရင်နိုင်ပါ...

PAST LIVES(uni&zg)Where stories live. Discover now