'Sehun....Sehun......Oh Sehun.....!'
ရေချိုးခန်းရှေ့မှာလဲကျနေသော Sehun ကိုMin Seok ပွေ့ပြီးနှိုးနေပေမဲ့သတိပြန်မလည်လာသော Sehun ကြောင့် Min Seok စိတ်ပူလာရသည်...အစ်မရယ်ဂျင်းနဲ့ Min Seok နဲ့ Jong In တက်နေသောဆေးရုံကိုရောက်လာတော့ Sehun အိမ်ပြန်သွားတာအတော်ကြာပြီဖြစ်ကြောင်းကို Jong In ဆီမှကြားရပြီး MinSeok တို့အတော်ကြာကြာစောင့်နေတဲ့ထိ Sehun ပြန်မလာသေးတာကြောင့် အစ်မရယ်ဂျင်းကော Jong In ပါစိတ်ပူနေပြီမို့ Minseok အိမ်အထိလာရှာပေးရသည်.အိမ်ပေါ်ကိုရောက်တော့ရေချိုးခန်းရှေ့မှာလဲကျနေသော Sehun ကိုတွေ့တော့အတော်ကိုလန့်သွားရသည်....
'Sehun သတိရပါအုန်း '
' အဟွတ်ဟွတ်.....ဟွတ်...ဟမ်....'
Minseok လည်းရှေးဦးသူနာပြုနည်းနဲ့ Sehun နှလုံးကိုခုန်လာအုန်းလုပ်ပေးတော့
သတိပြန်ရလာပြီးအသက်ပြင်းပြင်းရှူနေရသော Sehun ကိုကြည့်ပြီး Minseok လည်းအခုမှအသက်ဝ ဝရှူနိုင်တော့သည်...."~Ti....Ti....Ti...~"
Minseok ဖုန်းကလည်းရုတ်တရက်မြည်လာတာမို့ဖုန်းကိုင်လိုက်တော့အစ်မရယ်ဂျင်းမှဆက်တာဖြစ်နေသည်....တစ်ဖက်မှအစ်မရယ်ဂျင်း၏စကားကြောင့် Minseok ထပ်ပြီးအလန့်တကြားဖြစ်ရပြန်သည်...
"ဗျာ....Jong...Jong In...!"
Jong In နာမည်ကိုကြားတာနဲ့ အသက်မနည်းလုရှူနေသော Sehun မှ Minseok ဖုန်းကိုဆွဲလုပြီးအစ်မရယ်ဂျင်းကို Jong In အကြောင်းမေးတော့သည်...
" ဘာ.....Jong In....Jong In ပျောက်နေတယ်!...ဟာဗျာ......"
Jong In ဆေးရုံမှပျောက်သွားသည်ဟုကြားတာနဲ့ဘဲ Minseok ဖုန်းကိုပစ်ချပြီးအပြေးထွက်သွားသော Sehun ကြောင့် Minseok မှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိကြောင်အသွားသည်....
'Sehun.....ရား......Oh Sehun!...ဟာ...ဒီကလေးတွေနဲ့တော့ ဒုက္ခပါဘဲ...'
'°'°'°'°'°'°'
Jong In ဆေးရုံမှပျောက်သွားတယ်ကြားတာမို့ Sehun မှာကားစက်ကိုအမြန်နှိုးပြီးဦးနှောက်ကိုခပ်သွက်သွက်အလုပ်ပေးပြီး Jong In ရှိနိုင်သောနေရာတို့ကိုစဥ်းစားရသည်...Jong In ဘာကြောင့်များ
ပျောက်သွားရတာလဲ.Jong In ကိုထိခိုက်အောင်လုပ်ချင်တဲ့သူတွေနဲ့များတွေ့ရင်ရောဘယ်လိုလုပ်မလဲ...
လူကိုဒုက္ခအပေးနိုင်ဆုံးအတွေးတို့က
Sehun ရဲ့နှလုံးသားကိုနာကျင်နိုင်သောအချက်အလက်များကိုသာတွေးမိနေသည်...
YOU ARE READING
PAST LIVES(uni&zg)